(ဆန်းကြယ်သောအချစ်) ထိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကထိုင်းမိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည့် အမေရိကန်စစ်တပ်ဆရာဝန်တစ်ဦးကအဆိုပါမိန်းကလေးကို ပြန်လည်ရှာဖွေရာဆုံစည်းသွားကြပြီ၊ ဆန်းကြယ်မှုမှာအမေရိကန်ပြည်တွင် နေအိမ်ချင်းနီးကပ်စွာနေထိုင်လျက်ရှိသူများဖြစ်

(ဆန်းကြယ်သောအချစ်) ထိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကထိုင်းမိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည့် အမေရိကန်စစ်တပ်ဆရာဝန်တစ်ဦးကအဆိုပါမိန်းကလေးကို ပြန်လည်ရှာဖွေရာဆုံစည်းသွားကြပြီ၊ ဆန်းကြယ်မှုမှာအမေရိကန်ပြည်တွင် နေအိမ်ချင်းနီးကပ်စွာနေထိုင်လျက်ရှိသူများဖြစ် - Property News in Myanmar from iMyanmarHouse.com
21 Dec 2020 11:54 am တွင် တင်ခဲ့သည်
37178 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသက် ၇၉ နှစ်ရှိပြီဖြစ်သောအဘိုးအိုဝီလျံဘရုစ်၏ စိတ်အစဉ်တွင် အမေရိကန်-ဗီယက်နမ်စစ်မီးအရှိန်မြင့်နေစဉ် ၁၉၇၀ ပြည့်လွန်ကာလများအတွင်းစစ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကစိတ်မချမ်းမြေ့ဖွယ် စစ်ပွဲကာလ ဖြစ်ရပ်များဖြင့် ပြည့်နှက်နေသည်။

သို့သော် အဆိုပါ အမှတ်ရဖွယ်များတွင် ချင်းမိုင်၌ ခေတ္တအနားယူစဉ်ကာလအတွင်းဆုံစည်းခဲ့သည့် ချစ်စဖွယ် ထိုင်းမိန်းကလေးတစ်ဦးလည်းပါဝင်လေသည်။

အငြိမ်းစားယူပြီးနောက်ပိုင်းအမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိချိန်တွင် လွန်ခဲ့သော ၅၁ နှစ်ကဆုံစည်းခဲ့သည့် မိန်းကလေးကိုဝီလျံဘရုစ်ကရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ဘရုစ်ကပြောသည်မှာမိမိသည် အိမ်ထောင်ပြုခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပြီးယခုအခါ ထိုင်းမိန်းကလေးကိုရှာဖွေခြင်းမှာမည်သို့ မည်ပုံဖြစ်ပျက်နေသည်ကိုသိလိုခြင်းနှင့် အကူအညီလိုအပ်ပါကအကူအညီပေးရန်အတွက်သာဖြစ်ကြောင်းပြောကြားသည်။

“သူကချောမောလှပပြီးကျက်သရေရှိတဲ့ မိန်းကလေးတစ်ဦးပါ။ အချစ်သက်တမ်းတိုတောင်းခဲ့ပေမယ့် ကျွန်တော့်ဘဝကိုလွှမ်းမိုးမှု ကြီးကြီးမားမားရှိခဲ့ပါတယ်။ ကျွန်တော်ထိုင်းနိုင်ငံကိုချစ်မြတ်နိုးပါတယ်။ ကပ်ဘေးကြီးကိုထိန်းနိုင်ပြီဆိုတဲ့အချိန်ကျရင် ထိုင်းကိုသွားပါဦးမယ်”

ထိုင်းမိန်းကလေးကိုရှာဖွေသည်ဟုဆိုသော်လည်းဘရုစ်လုပ်ဆောင်နိုင်သည်မှာများများမရှိ။ မိုင်ဟုခေါ်သည့် လူအများခေါ်သောနာမည်နှင့် ၁၉၆၉ ခုနှစ်ကခေတ်စားခဲ့သောဝတ်စုံဖြင့် ပြုံးနေသည့် မိန်းကလေးပုံများသာရှိသည်။

ဘရုစ်ကအလွတ်စုံထောက်တစ်ဦးအားရှာဖွေစေခဲ့သော်လည်းရက်သတ္တပတ်ပေါင်းများစွာကုန်လွန်ခဲ့သည့်တိုင် သဲလွန်စမရသောကြောင့် မိုင်၊ သူမ၏ သူငယ်ချင်းများ၊ သားသမီးများ (သို့မဟုတ်) သူမအားမှတ်မိသိရှိမည့်သူတစ်ဦးဦးအားလူသိရှင်ကြားရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။

“သူကအင်္ဂလိပ်စကားပြောတတ်ပါတယ်။ သက်ရှိထင်ရှားရှိမယ်ဆိုရင် အခုချိန်ဆိုအသက် ၇၀ ကျော်ရှိလောက်ပါပြီ” ဟုဘရုစ်ကပြောသည်။

စစ်ပွဲကြီးကြောင့် မိုင်အား ပြန်လည်ရှာဖွေရန် အခွင့်အရေးမရခဲ့ကြောင်းဘရုစ်ကပြောကြား၏။

“ကျွန်တော် ဒီထိုင်းအမျိုးသမီးနဲ့ အဆက်အသွယ်ရချင်ပါတယ်။ သူဘာတွေဖြစ်နေသလဲဆိုတာသိချင်တယ်။ ပြီးတော့ သူ့မှာအကူအညီလိုအပ်နေမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကူညီနိုင်မယ့်အခြေအနေရှိပါတယ်”

မိုင်နှင့် ဆုံစည်းခဲ့စဉ်ကဘရုစ်မှာအသက် ၂၈ နှစ်အရွယ်သာရှိသေးပြီးစစ်ဆရာဝန်အဖြစ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းအမေရိကန်လေတပ် အခြေစိုက်ခဲ့ရာCamp Friendshipလေတပ်စခန်းတွင် တာဝန်ကျခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ Camp Friendshipလေတပ်စခန်းသည် ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက် ၁၅၇ မိုင် ဝေးကွာသည့်နေရာတွင် တည်ရှိပြီးဗီယက်နမ်စစ်ပွဲကာလ ၁၉၆၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိအမေရိကန်လေတပ် (USAF) ၏ ရှေ့တန်းအခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။ ယနေ့ကာလတွင်မူထိုင်းတော်ဝင်လေတပ်ကအခြေစိုက်စခန်းအဖြစ် အသုံးပြုလျက်ရှိသည်။)

၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ဘရုစ်သည် ချင်းမိုင်သို့ ခေတ္တအလည်အပတ်သွားခဲ့ပြီးထိုင်းမိန်းကလေးမိုင် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသောဟိုတယ်တွင် မိုင်နှင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးချင်းမိုင်ရှိ ကြည်ညိုဖွယ်ကောင်းသောဘုရားစေတီများသို့ သွားခဲ့ကြပြီးဆင်လည်းစီးခဲ့ကြ၏။

မိုင်၏ အလှနှင့် ကျက်သရေတို့သည် ဘရုစ်၏ စိတ်နှလုံးကိုစွဲငြိစေခဲ့ပြီးသူ၏ကင်မရာထဲတွင် မိုင်၏ ဓာတ်ပုံများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

ယင်းနောက် လေတပ်အခြေစိုက်စခန်းသို့ ဘရုစ်ပြန်ရ၏။ သို့သော် သူတို့နှစ်ဦးဆုံစည်းမှု မပြီးဆုံးသေး။ ဘရုစ်ပြန်သွားပြီးနောက် မိုင်ကလေတပ်စခန်းအပြင်ဘက်တွင် ဘရုစ်ငှားရမ်းထားသောနေအိမ်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ဦးပျော်ရွှင်ဖွယ်ရာအချိန်ကာလများအတူတကွ ဖြတ်သန်းခဲ့ကြသည်။ အနီးဝန်းကျင်ရှိနေရာပေါင်းများစွာကိုလည်ပတ်ကြ၏။

သို့သော် ရက်သတ္တ ၂ ပတ်ခန့် အတူတကွရှိနေခဲ့ကြပြီးနောက် ခရစ္စမတ်မတိုင်မီတစ်ရက်တွင် စစ်ပွဲကြီးကသူတို့နှစ်ဦးကိုကွေကင်းစေတော့သည်။

လာအိုနယ်စပ်သို့ ချက်ချင်းပြောင်းရွှေ့ရန် ဘရုစ်အတွက် အမိန့်ကျလာသည်။ လာအိုနယ်စပ်တွင် ဒဏ်ရာရသေဆုံးသူအများအပြားရှိနေသည်။

ဘရုစ်ကမိုင်အားလက်ထပ်လိုသည်။ သို့သော် ဘရုစ်၏ ရဲဘော်ရဲဖက်များကမထောက်ခံ။

“ကျွန်တော့်ရဲ့ အရာရှိနဲ့ မိတ်ဆွေ ဆရာဝန်တွေကယဉ်ကျေးမှုကွာဟချက်တွေကြောင့် လက်မထပ်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုချစ်နေမိပြီ။ သူ့ကို ကျွန်တော် နောက်ဆုံးတွေ့ခွင့်ရခဲ့တာဟာလေတပ်အခြေစိုက်စခန်းမှာပဲ ဖြစ်ပါတယ်” ဟုဘရုစ်ကပြောသည်။

ယခုနှစ်အတွင်းမိုင်အား ပြန်လည်ရှာဖွေမှုများ ပြုလုပ်ရာတွင် မိုင်နှင့်ပတ်သက်၍ သိရှိထားသူများအနေဖြင့် ဖုန်းနံပါတ် 082-542-7064သို့ ဆက်သွယ်ပါရန် ထိုင်းအခြေစိုက် သတင်းမီဒီယာတို့မှတဆင့် ပြောကြားခဲ့သည်။

ယနေ့တွင်မူဘရုစ်အတွက် ခရစ္စမတ်လက်ဆောင်ဟုဆိုရမည်။ မိုင်အားအံ့အားသင့်ဖွယ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။ ဝီလျံဘရုစ်အတွက် မိုင်ဟူသောနာမည်နှင့် ဓာတ်ပုံများသာရှိခဲ့သော်လည်းCoconuts Bangkokသတင်းဌာနသို့ မိုင်၏ တူမဖြစ်သူကဆက်သွယ်လာခဲ့သည်။

သတင်းတွင် ဖော်ပြထားသောအဒေါ်ဖြစ်သူ၏ ဓာတ်ပုံကိုသူမကမှတ်မိနေ၏။

“ကိုယ်လုံးပေါ်ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ပြီးနောက်မှာကလေးဘဝကထိုင်းမှာနေတုန်းအဘွားအိမ်မှာဒီဓာတ်ပုံကိုတွေ့ခဲ့ဖူးပါတယ်” ဟုမိုင်၏ တူမဖြစ်သူChaigit “Tarnia” Wilke က ပြောသည်။

သို့သော် မိုင်ဟူသောအမည်ကိုမူသူမမသိ။ သူမ၏ အဒေါ်ဖြစ်သူမှာလက်ရှိအားဖြင့် ချင်းမိုင်တွင် နေထိုင်ခြင်းမဟုတ်သလိုလေတပ်စခန်းတည်ရှိရာ မြို့တွင်လည်းမနေထိုင်။

ဆန်းကြယ်သည့်အချက်မှာမိုင်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တစ်နေရာတွင် နေထိုင်ခြင်းဖြစ်ပြီးထိုနေရာသည် ဘရုစ်၏ နေအိမ်နှင့် အလွန်နီးကပ်သောနေရာဖြစ်နေခြင်းပင်။

ဘရုစ်အတွက် နီးလျက်နှင့် ဝေးရသည့်အဖြစ်ပင်။ ယင်းနောက် တူမကဖလော်ရီဒါတွင် ရှိနေသောအဒေါ်ဖြစ်သူထံဆက်သွယ်ပြောကြားခဲ့ရာဓာတ်ပုံထဲမှ မိန်းကလေးမှာသူမ၏ ပုံဖြစ်ကြောင်းဝန်ခံခဲ့သည်။

မိုင်ဟူသောအမည်မှာဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်နေစဉ် ဘရုစ်နှင့် တွေ့ဆုံခဲ့ချိန်၌ အသုံးပြုသောအမည်သာဖြစ်ပြီးသူမ၏ နာမည်ရင်းထက် ပိုမိုခေါ်ရလွယ်ကူစေရန် သုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သူမ၏ အမည်ရင်းမှာပါကျာရီထင်းမ် ကော့ဆုန် (Pacharee “Tim” Kaewsorn) ဖြစ်သည်။ သူမသည် ချင်းမိုင်မှ ကျောင်းဆရာမတစ်ဦးလည်း ဖြစ်၏။

ပါကျာရီကဘရုစ်အားကောင်းစွာသတိရမှတ်မိပါသည်။ ဘရုစ်အားပါကျာရီကဒေါက်တာဝီလျံဟုယခုအခါတွင် သုံးနှုန်းပြီးဒေါက်တာဝီလျံပြောခဲ့သည်များမှာမှန်ကန်ကြောင်းအတည်ပြုခဲ့သည်။

လေတပ်အခြေစိုက် စခန်းတွင် ရှိနေကြစဉ် အရေးပေါ်အမိန့်ကြောင့် အဆက်အသွယ်ပြတ်သွားခဲ့ရကြောင်းပါကျာရီကပြောကြားသည်။

ဘရုစ်ကဲ့သို့ပင် ပါကျာရီသည်လည်းအမေရိကန်လေတပ်သားတစ်ဦးနှင့် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က အိမ်ထောင်ပြုခဲ့ပြီးခင်ပွန်းဖြစ်သူမှာကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ အဆက်အသွယ်ရကြပြီဖြစ်ရာနောက်တဆင့်အနေဖြင့် လူချင်းဆုံစည်းရန်သာရှိတော့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: All American wants for Christmas is his long-lost Thai love (Coconuts)

[Zawgyi]

(ဆန္းၾကယ္ေသာအခ်စ္) ထိုင္းတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀ ေက်ာ္ကထိုင္းမိန္းကေလးတစ္ဦးႏွင့္ ခ်စ္ၾကိဳက္ခဲ့သည့္ အေမရိကန္စစ္တပ္ဆရာဝန္တစ္ဦးကအဆိုပါမိန္းကေလးကို ျပန္လည္ရွာေဖြရာဆံုစည္းသြားၾကျပီ၊ ဆန္းၾကယ္မႈမွာအေမရိကန္ျပည္တြင္ ေနအိမ္ခ်င္းနီးကပ္စြာေနထိုင္လ်က္ရွိသူမ်ားျဖစ္

အသက္ ၇၉ ႏွစ္ရိွျပီျဖစ္ေသာအဘိုးအိုဝီလ်ံဘရုစ္၏ စိတ္အစဥ္တြင္ အေမရိကန္-ဗီယက္နမ္စစ္မီးအရွိန္ျမင့္ေနစဥ္ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္းစစ္ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္ကစိတ္မခ်မ္းေျမ႕ဖြယ္ စစ္ပြဲကာလ ျဖစ္ရပ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။

သို႔ေသာ္ အဆိုပါ အမွတ္ရဖြယ္မ်ားတြင္ ခ်င္းမိုင္၌ ေခတၱအနားယူစဥ္ကာလအတြင္းဆံုစည္းခဲ့သည့္ ခ်စ္စဖြယ္ ထိုင္းမိန္းကေလးတစ္ဦးလည္းပါဝင္ေလသည္။

အျငိမ္းစားယူျပီးေနာက္ပိုင္းအေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အေျခခ်ေနထိုင္လ်က္ရွိခ်ိန္တြင္ လြန္ခဲ့ေသာ ၅၁ ႏွစ္ကဆံုစည္းခဲ့သည့္ မိန္းကေလးကိုဝီလ်ံဘရုစ္ကရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္။

ဘရုစ္ကေျပာသည္မွာမိမိသည္ အိမ္ေထာင္ျပဳခဲ့သည္မွာ ႏွစ္ေပါင္း ၃၀ ရွိျပီျဖစ္ျပီးယခုအခါ ထိုင္းမိန္းကေလးကိုရွာေဖြျခင္းမွာမည္သုိ႔ မည္ပံုျဖစ္ပ်က္ေနသည္ကိုသိလိုျခင္းႏွင့္ အကူအညီလိုအပ္ပါကအကူအညီေပးရန္အတြက္သာျဖစ္ေၾကာင္းေျပာၾကားသည္။

“သူကေခ်ာေမာလွပျပီးက်က္သေရရွိတဲ့ မိန္းကေလးတစ္ဦးပါ။ အခ်စ္သက္တမ္းတိုေတာင္းခဲ့ေပမယ့္ ကၽြန္ေတာ့္ဘဝကိုလႊမ္းမိုးမႈ ၾကီးၾကီးမားမားရွိခဲ့ပါတယ္။ ကၽြန္ေတာ္ထုိင္းႏိုင္ငံကိုခ်စ္ျမတ္ႏိုးပါတယ္။ ကပ္ေဘးၾကီးကိုထိန္းႏိုင္ျပီဆိုတဲ့အခ်ိန္က်ရင္ ထိုင္းကိုသြားပါဦးမယ္”

ထိုင္းမိန္းကေလးကိုရွာေဖြသည္ဟုဆိုေသာ္လည္းဘရုစ္လုပ္ေဆာင္ႏိုင္သည္မွာမ်ားမ်ားမရွိ။ မိုင္ဟုေခၚသည့္ လူအမ်ားေခၚေသာနာမည္ႏွင့္ ၁၉၆၉ ခုႏွစ္ကေခတ္စားခဲ့ေသာဝတ္စံုျဖင့္ ျပဳံးေနသည့္ မိန္းကေလးပံုမ်ားသာရွိသည္။

ဘရုစ္ကအလြတ္စံုေထာက္တစ္ဦးအားရွာေဖြေစခဲ့ေသာ္လည္းရက္သတၱပတ္ေပါင္းမ်ားစြာကုန္လြန္ခဲ့သည့္တိုင္ သဲလြန္စမရေသာေၾကာင့္ မိုင္၊ သူမ၏ သူငယ္ခ်င္းမ်ား၊ သားသမီးမ်ား (သို႔မဟုတ္) သူမအားမွတ္မိသိရွိမည့္သူတစ္ဦးဦးအားလူသိရွင္ၾကားရွာေဖြရန္ဆံုးျဖတ္ခဲ့သည္။

“သူကအဂၤလိပ္စကားေျပာတတ္ပါတယ္။ သက္ရွိထင္ရွားရွိမယ္ဆိုရင္ အခုခ်ိန္ဆိုအသက္ ၇၀ ေက်ာ္ရွိေလာက္ပါျပီ” ဟုဘရုစ္ကေျပာသည္။

စစ္ပြဲၾကီးေၾကာင့္ မိုင္အား ျပန္လည္ရွာေဖြရန္ အခြင့္အေရးမရခဲ့ေၾကာင္းဘရုစ္ကေျပာၾကား၏။

“ကၽြန္ေတာ္ ဒီထိုင္းအမ်ဳိးသမီးနဲ႔ အဆက္အသြယ္ရခ်င္ပါတယ္။ သူဘာေတြျဖစ္ေနသလဲဆိုတာသိခ်င္တယ္။ ျပီးေတာ့ သူ႔မွာအကူအညီလိုအပ္ေနမယ္ဆိုရင္ ကၽြန္ေတာ့္အေနနဲ႔ ကူညီႏိုင္မယ့္အေျခအေနရွိပါတယ္”

မိုင္ႏွင့္ ဆံုစည္းခဲ့စဥ္ကဘရုစ္မွာအသက္ ၂၈ ႏွစ္အရြယ္သာရွိေသးျပီးစစ္ဆရာဝန္အျဖစ္ ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းအေမရိကန္ေလတပ္ အေျခစိုက္ခဲ့ရာCamp Friendshipေလတပ္စခန္းတြင္ တာဝန္က်ခဲ့ျခင္း ျဖစ္သည္။

(မွတ္ခ်က္။ Camp Friendshipေလတပ္စခန္းသည္ ဘန္ေကာက္ျမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၁၅၇ မိုင္ ေဝးကြာသည့္ေနရာတြင္ တည္ရွိျပီးဗီယက္နမ္စစ္ပြဲကာလ ၁၉၆၂ ခုႏွစ္မွ ၁၉၇၅ ခုႏွစ္အထိအေမရိကန္ေလတပ္ (USAF) ၏ ေရွ႕တန္းအေျခစိုက္စခန္းအျဖစ္ အသံုးျပဳခဲ့သည္။ ယေန႔ကာလတြင္မူထိုင္းေတာ္ဝင္ေလတပ္ကအေျခစိုက္စခန္းအျဖစ္ အသံုးျပဳလ်က္ရွိသည္။)

၁၉၆၉ ခုႏွစ္၊ ဒီဇင္ဘာလ ၅ ရက္တြင္ ဘရုစ္သည္ ခ်င္းမိုင္သို႔ ေခတၱအလည္အပတ္သြားခဲ့ျပီးထိုင္းမိန္းကေလးမိုင္ ဧည့္လမ္းညႊန္အျဖစ္ လုပ္ကိုင္ေနေသာဟိုတယ္တြင္ မိုင္ႏွင့္ ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

သူတို႔ႏွစ္ဦးခ်င္းမိုင္ရွိ ၾကည္ညိဳဖြယ္ေကာင္းေသာဘုရားေစတီမ်ားသို႔ သြားခဲ့ၾကျပီးဆင္လည္းစီးခဲ့ၾက၏။

မိုင္၏ အလွႏွင့္ က်က္သေရတို႔သည္ ဘရုစ္၏ စိတ္ႏွလံုးကိုစြဲျငိေစခဲ့ျပီးသူ၏ကင္မရာထဲတြင္ မိုင္၏ ဓာတ္ပံုမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့ေတာ့သည္။

ယင္းေနာက္ ေလတပ္အေျခစိုက္စခန္းသို႔ ဘရုစ္ျပန္ရ၏။ သို႔ေသာ္ သူတို႔ႏွစ္ဦးဆံုစည္းမႈ မျပီးဆံုးေသး။ ဘရုစ္ျပန္သြားျပီးေနာက္ မိုင္ကေလတပ္စခန္းအျပင္ဘက္တြင္ ဘရုစ္ငွားရမ္းထားေသာေနအိမ္သို႔ လိုက္သြားခဲ့သည္။

သူတို႔ႏွစ္ဦးေပ်ာ္ရႊင္ဖြယ္ရာအခ်ိန္ကာလမ်ားအတူတကြ ျဖတ္သန္းခဲ့ၾကသည္။ အနီးဝန္းက်င္ရွိေနရာေပါင္းမ်ားစြာကိုလည္ပတ္ၾက၏။

သို႔ေသာ္ ရက္သတၱ ၂ ပတ္ခန္႔ အတူတကြရွိေနခဲ့ၾကျပီးေနာက္ ခရစၥမတ္မတိုင္မီတစ္ရက္တြင္ စစ္ပြဲၾကီးကသူတို႔ႏွစ္ဦးကိုေကြကင္းေစေတာ့သည္။

လာအိုနယ္စပ္သို႔ ခ်က္ခ်င္းေျပာင္းေရႊ႕ရန္ ဘရုစ္အတြက္ အမိန္႔က်လာသည္။ လာအိုနယ္စပ္တြင္ ဒဏ္ရာရေသဆံုးသူအမ်ားအျပားရွိေနသည္။

ဘရုစ္ကမိုင္အားလက္ထပ္လိုသည္။ သို႔ေသာ္ ဘရုစ္၏ ရဲေဘာ္ရဲဖက္မ်ားကမေထာက္ခံ။

“ကၽြန္ေတာ့္ရဲ႕ အရာရွိနဲ႔ မိတ္ေဆြ ဆရာဝန္ေတြကယဥ္ေက်းမႈကြာဟခ်က္ေတြေၾကာင့္ လက္မထပ္ဖို႔ အၾကံေပးၾကပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ သူ႔ကိုခ်စ္ေနမိျပီ။ သူ႔ကို ကၽြန္ေတာ္ ေနာက္ဆံုးေတြ႔ခြင့္ရခဲ့တာဟာေလတပ္အေျခစိုက္စခန္းမွာပဲ ျဖစ္ပါတယ္” ဟုဘရုစ္ကေျပာသည္။

ယခုႏွစ္အတြင္းမိုင္အား ျပန္လည္ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ မိုင္ႏွင့္ပတ္သက္၍ သိရွိထားသူမ်ားအေနျဖင့္ ဖုန္းနံပါတ္ 082-542-7064သို႔ ဆက္သြယ္ပါရန္ ထိုင္းအေျခစိုက္ သတင္းမီဒီယာတို႔မွတဆင့္ ေျပာၾကားခဲ့သည္။

ယေန႔တြင္မူဘရုစ္အတြက္ ခရစၥမတ္လက္ေဆာင္ဟုဆိုရမည္။ မိုင္အားအံ့အားသင့္ဖြယ္ ျပန္လည္ရွာေဖြေတြ႔ရွိခဲ့ျပီ ျဖစ္၏။ ဝီလ်ံဘရုစ္အတြက္ မိုင္ဟူေသာနာမည္ႏွင့္ ဓာတ္ပံုမ်ားသာရွိခဲ့ေသာ္လည္းCoconuts Bangkokသတင္းဌာနသို႔ မိုင္၏ တူမျဖစ္သူကဆက္သြယ္လာခဲ့သည္။

သတင္းတြင္ ေဖာ္ျပထားေသာအေဒၚျဖစ္သူ၏ ဓာတ္ပံုကိုသူမကမွတ္မိေန၏။

“ကိုယ္လံုးေပၚဓာတ္ပံုတစ္ပံုကိုေတြ႔လိုက္ျပီးေနာက္မွာကေလးဘဝကထိုင္းမွာေနတုန္းအဘြားအိမ္မွာဒီဓာတ္ပံုကိုေတြ႔ခဲ့ဖူးပါတယ္” ဟုမိုင္၏ တူမျဖစ္သူChaigit “Tarnia” Wilke က ေျပာသည္။

သို႔ေသာ္ မိုင္ဟူေသာအမည္ကိုမူသူမမသိ။ သူမ၏ အေဒၚျဖစ္သူမွာလက္ရွိအားျဖင့္ ခ်င္းမိုင္တြင္ ေနထိုင္ျခင္းမဟုတ္သလိုေလတပ္စခန္းတည္ရွိရာ ျမိဳ႕တြင္လည္းမေနထိုင္။

ဆန္းၾကယ္သည့္အခ်က္မွာမိုင္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ တစ္ေနရာတြင္ ေနထုိင္ျခင္းျဖစ္ျပီးထိုေနရာသည္ ဘရုစ္၏ ေနအိမ္ႏွင့္ အလြန္နီးကပ္ေသာေနရာျဖစ္ေနျခင္းပင္။

ဘရုစ္အတြက္ နီးလ်က္ႏွင့္ ေဝးရသည့္အျဖစ္ပင္။ ယင္းေနာက္ တူမကဖေလာ္ရီဒါတြင္ ရွိေနေသာအေဒၚျဖစ္သူထံဆက္သြယ္ေျပာၾကားခဲ့ရာဓာတ္ပံုထဲမွ မိန္းကေလးမွာသူမ၏ ပံုျဖစ္ေၾကာင္းဝန္ခံခဲ့သည္။

မိုင္ဟူေသာအမည္မွာဧည့္လမ္းညႊန္အျဖစ္လုပ္ကိုင္ေနစဥ္ ဘရုစ္ႏွင့္ ေတြ႔ဆံုခဲ့ခ်ိန္၌ အသံုးျပဳေသာအမည္သာျဖစ္ျပီးသူမ၏ နာမည္ရင္းထက္ ပိုမိုေခၚရလြယ္ကူေစရန္ သံုးခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

သူမ၏ အမည္ရင္းမွာပါက်ာရီထင္းမ္ ေကာ့ဆုန္ (Pacharee “Tim” Kaewsorn) ျဖစ္သည္။ သူမသည္ ခ်င္းမိုင္မွ ေက်ာင္းဆရာမတစ္ဦးလည္း ျဖစ္၏။

ပါက်ာရီကဘရုစ္အားေကာင္းစြာသတိရမွတ္မိပါသည္။ ဘရုစ္အားပါက်ာရီကေဒါက္တာဝီလ်ံဟုယခုအခါတြင္ သံုးႏႈန္းျပီးေဒါက္တာဝီလ်ံေျပာခဲ့သည္မ်ားမွာမွန္ကန္ေၾကာင္းအတည္ျပဳခဲ့သည္။

ေလတပ္အေျခစိုက္ စခန္းတြင္ ရွိေနၾကစဥ္ အေရးေပၚအမိန္႔ေၾကာင့္ အဆက္အသြယ္ျပတ္သြားခဲ့ရေၾကာင္းပါက်ာရီကေျပာၾကားသည္။

ဘရုစ္ကဲ့သို႔ပင္ ပါက်ာရီသည္လည္းအေမရိကန္ေလတပ္သားတစ္ဦးႏွင့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ခန္႔က အိမ္ေထာင္ျပဳခဲ့ျပီးခင္ပြန္းျဖစ္သူမွာကြယ္လြန္သြားခဲ့ျပီ ျဖစ္သည္။

ယခုအခါ အဆက္အသြယ္ရၾကျပီျဖစ္ရာေနာက္တဆင့္အေနျဖင့္ လူခ်င္းဆံုစည္းရန္သာရွိေတာ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: All American wants for Christmas is his long-lost Thai love (Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service