ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တရုတ်ပြည်တွင် စွန့်ပစ်ခံ မိဘမဲ့ကလေးငယ်တစ်ဦးဘဝမှသည် ယွမ် ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၁၀) တန်ကြေးရှိ ရေခဲမုန့် အင်ပါယာကြီး၏ ဦးဆောင်သူဖြစ်လာသည့်ပုဂ္ဂိုလ်၏ ဘဝဇာတ်ကြောင်းမှာ လောကဓံကို ကြံ့ကြံ့ခံနိုင်မှုနှင့် အမြော်အမြင်ရှိမှုတို့၏ ပြယုဂ်တစ်ခု ဖြစ်သည်။
အသက် ၆၇ နှစ်အရွယ်ရှိ ညိုကန်းရှန်း (Niu Gensheng) သည် Mengniu Dairy ကို တည်ထောင်သူဖြစ်ပြီး အရှေ့တောင်အာရှတွင် နာမည်ကြီးရေခဲမုန့် အမှတ်တံဆိပ်ဖြစ်သည့် Aice ကို ထုတ်လုပ်သူလည်း ဖြစ်သည်။
(မှတ်ချက်။ သူ၏ အမည်ကို မှတ်သားရလွယ်ကူစေရန်အတွက် ဦးညိုဟု ဆက်လက်သုံးနှုန်းဖော်ပြသွားပါမည်)
ဦးညိုသည် တရုတ်ပြည်မြောက်ပိုင်း Inner Mongolia တွင် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ရသူ ဖြစ်သည်။
Inner Mongolia သည် အပြောကျယ်သော မြက်ခင်းလွင်ပြင်များ၊ သဲကန္တာရများဖြင့် ကျော်ကြားသည့်ဒေသ ဖြစ်သည်။
ဦးညို၏ မိဘများမှာ ထမင်းတစ်နပ်စားနိုင်ရန်ပင် အနိုင်နိုင် ရုန်းကန်နေရသူများ ဖြစ်သည်။
ဆင်းရဲလှသော မိဘများက ဦးညိုအား ကျွေးမွေးစောင့်ရှောက်မှု မပြုနိုင်သောကြောင့် မွေးဖွားပြီး မကြာမီတွင်ပင် နွားမွေးမြူရေးသမားတစ်ဦးထံ ယွမ် ၅၀ ( ၇ ဒေါ်လာ) ဖြင့် ရောင်းစားလိုက်သည်။
ဦးညို ၈ နှစ်သားအရွယ်တွင် မွေးစားဖခင်မှာ နိုင်ငံရေးကိစ္စကြောင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခံခဲ့ရသည်။
ဦးညိုမှာ မွေးစားဖခင်ကြီးနှင့်အတူ လမ်းပေါ်တွင် တံမြက်စည်းလှည်းရခြင်း အပါအဝင် ကြုံရာကျပန်း အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ရသည်။
ယင်းနောက် မကြာမီတွင် မွေးစားမိဘများ ဆုံးပါးသွားကြသည်။
၁၉၈၃ ခုနှစ်တွင် ဦးညိုသည် ဒေသတွင်းမှ Yili အမည်ရှိ နို့ထွက်ကုန်ပစ္စည်း စက်ရုံတစ်ခု၌ ပုလင်းဆေး အလုပ်သမားတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုစက်ရုံသည် နောက်ပိုင်းတွင် တရုတ်ပြည်၏ ထိပ်တန်း နို့ထွက်ကုန်ပစ္စည်း ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။
(▲ ဦးညိုသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်မလာမီ လမ်းပေါ်တံမြက်စည်းလှည်းခြင်း အပါအဝင် ကြုံရာကျပန်း အလုပ်များစွာ လုပ်ကိုင်ခဲ့ရသည်။ ဓာတ်ပုံ-Handout)
ယင်းနောက်ပိုင်း ဆယ်စုနှစ်အတွင်း လုပ်ကိုင်ခဲ့ရသည့် အလုပ်များအကြား ဦးညိုမှာ နို့ထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတများစွာ ရလာသည်။
၁၉၉၂ ခုနှစ်တွင် ဦးညိုသည် Yili (ပုလင်းဆေးသမားအဖြစ် စတင်လုပ်ကိုင်ခဲ့သော စက်ရုံ) ၏ ထုတ်လုပ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယ ဥက္ကဌ ရာထူးနေရာအထိ ရောက်လာသည်။
ထိုအချိန်တွင် သူ၏ နှစ်စဉ်လစာမှာ ယွမ် ၁ သန်းကျော် (ကန်ဒေါ်လာ ၁၄၀,၀၀၀) ရရှိနေပြီ ဖြစ်သည်။
ထိုသို့ ရာထူးကြီးလာချိန်တွင် ဦးညိုမှာ ကုမ္ပဏီထဲ၌ အတိုက်အခံ အပြိုင်အဆိုင်များလာခြင်း၊ ကောလာဟလ အလွှင့်ခံရခြင်းများ ရင်ဆိုင်လာရကာ နောက်ဆုံးတွင် အလုပ်မှ နှုတ်ထွက်ခဲ့ရသည်။
သို့သော် ဦးညိုက တရုတ်ပြည်၏ အကြီးမားဆုံး နို့ထွက်ကုန်ပစ္စည်းကုမ္ပဏီ တည်ထောင်ရန် အိပ်မက်ကို လက်မလျှော့ချေ။
သူ၏ အတွေ့အကြုံ ဗဟုသုတများကို အခြေခံကာ ၁၉၉၉ ခုနှစ်တွင် Mengniu Dairy ကုမ္ပဏီကို ယွမ် ၁၀ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း) ဖြင့် စတင်တည်ထောင်လိုက်သည်။
ထိုအချိန်က သူ၏ အလုပ်ဟောင်းဖြစ်သော Yili ကုမ္ပဏီ၏ တန်ကြေးမှာ ယွမ် ၁ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၆၄ သန်း) ခန့် ရှိသည်။
ဦးညို၏ တမူထူးသော Marketing မဟာဗျူဟာမှာ ကျေးလက်ဒေသ ဈေးကွက်များကို ပစ်မှတ်ထားခြင်း ဖြစ်သည်။
ကြော်ငြာများတွင် ဒေသခံတို့၏ ဒေသိယစကားများကို အသုံးပြု၍ ကြော်ငြာခဲ့ပြီး customer များကို ဆွဲဆောင်နိုင်ရန်အတွက် ဈေးချိုစွာဖြင့် ရောင်းချပေးသည်။
၂၀၀၄ ခုနှစ်တွင် Mengniu ၏ ငွေပင်ငွေရင်းမှာ ယွမ် ၇ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၉၈၅ သန်း) အထိ ရှိလာသည်။
နောက်တစ်နှစ်အကြာတွင် Mengniu သည် Yili ကို ဖြတ်ကျော်ခဲ့ပြီး တရုတ်ပြည်၏ နံပါတ် ၁ နို့ထွက်ကုန် အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။
Mengniu သည် တရုတ်ပြည်တွင် အကြီးအကျယ် အောင်ပွဲခံခဲ့ပြီးနောက် ဦးညိုက လုပ်ငန်းရှင် အများစု မျက်စိလျှမ်းနေသော အရှေ့တောင်အာရှဈေးကွက်ကို အာရုံစိုက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဦးညိုက Aice အမည်ရှိ ရေခဲမုန့် အမှတ်တံဆိပ်ကို စတင်ထုတ်လုပ်ကာ အင်ဒိုနီးရှား၏ lower-tier ဈေးကွက်ကို ပစ်မှတ်ထားခဲ့သည်။
ဦးညိုက အမြတ်နည်းနည်းယူ များများဖြုန်း မဟာဗျူဟာကို ဆက်လက်ကျင့်သုံးခဲ့သည်။
ဦးညို၏ ကုမ္ပဏီက အင်ဒိုနီးရှားမှ ဈေးဆိုင်ငယ်လေးများကို freezer များ အခမဲ့ ပေးခဲ့သည့်အပြင် မီတာခများလည်း ထောက်ပံ့ပေးခဲ့သည်။
(▲ ဦးညို၏ Aice ရေခဲမုန့်မှာ အင်ဒိုနီးရှားနိုင်ငံတဝန်း အောင်မြင်မှုကြီးစွာ ရရှိခဲ့သည်။ ဓာတ်ပုံ-Handout)
ယနေ့အခါတွင် Aice သည် အင်ဒိုနီးရှားနိုင်ငံတဝန်းရှိ ခရိုင်ပေါင်း ၁၂၀၀ ဝန်းကျင်တွင် လုပ်ငန်းလည်ပတ်လျက် ရှိပြီး နှစ်စဉ်လည်ပတ်ငွေမှာ ယွမ် ၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၁၀ ကျော်) ရှိကာ အရှေ့တောင်အာရှ၏ ထိပ်တန်း ရေခဲမုန့် အမှတ်တံဆိပ်အဖြစ် ရပ်တည်နေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China’s ‘Dairy Godfather’ rises from unwanted baby to head US$410 million ice cream empire
Photo Credit-Handout