မလေးရှားနိုင်ငံတွင် ကွန်ဒိုဝယ်ယူရန် သိထားသင့်သည့် အချက်များ

မလေးရှားနိုင်ငံ၏ ဥပဒေအရ နိုင်​ငံခြားသားများအနေဖြင့် အဆင့်မြင့်ကွန်ဒိုများကို တရားဝင်​ ဝယ်​ယူပိုင်​ဆိုင်​နိုင်​ခွင့်​ရှိပါသည်​။ iMyanmarHouse.com (အိုင်​မြန်​မာ​ဟောက်​စ်​​ဒေါ့ကွန်း) အနေဖြင့် မလေးရှားနိုင်ငံရှိ အဆင့်မြင့် ကွန်​ဒိုများကို ​မြန်​မာနိုင်​ငံသားများ အလွယ်​တကူ ဝယ်​ယူ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် ဝန်​​ဆောင်​မှု များပေးနေပါသည်။

မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူမြို့တွင် ဘယ်လိုရင်းနှီးမြှုပ်နှံနိုင်မလဲ?

ဝယ်ယူမှုလုပ်ငန်းစဉ်

1. iMyanmarHouse.com တွင် ဝယ်ယူလိုသော အခန်း ကိုရွေးချယ်ပြီး developer Company ဘက်သို့ Deposit စရံငွေ (USD 6000) ပေးချေရပါမည်။

2. နိုင်ငံသားမှတ်ပုံတင် မိတ္တူ နှင့် passport မိတ္တူ ပေးရန်လိုပါသည်။

3. ဝယ်ယူထားသော အခန်းတန်ဖိုး၏ down payment (၁၀%) ကို Developer ၏ ဘဏ်အကောင့်သို့ Deposit သွင်းပြီးနောက်(၂ ) ပတ်အတွင်း တိုက်ရိုက်လွှဲပေးရမည်။

4. Down payment လွှဲပြီး နှစ်ပတ်အတွင်း SPA (ခေါ်) အရောင်းအဝယ်စာချုပ်ချုပ်ဆိုရပါမည်။

5. ချေးငွေဖြင့် ဝယ်ယူသူသည် စာချုပ်ချုပ်ရာတွင် ဘဏ်၏ အသိအမှတ်ပြုထားသည့်စာ ပါရှိရပါမည်။

ပေးချေမူ သဘောတူညီချက်များ

မလေးရှားနိုင်ငံတွင် မလေးရှားနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားများ ဝယ်ယူခွင့်ရရှိရန် တရားဥပ ဒေဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ငွေကြေးပေးချေမူများအား ဝယ်သူ၏ ရှေ့နေမှ လုပ်ဆောင်ပေး မည်ဖြစ်သည်။ ပေးသွင်းရန် ကျန်ရှိသော 90% အား SPAတွင်ပါသော ငွေပေးချေမူ ဇယား (H)အတိုင်း ပေးသွင်းရပါမည်။

ချေးငွေဖြင့် ဝယ်ယူလိုပါက

ချေးငွေလျှောက်ထားလိုသူအနေဖြင့် အခန်း ဝယ်ယူရန် ခိုင်မာသော ငွေကြေး အင်အား ရှိရမည်ဖြစ် သည်။

ချေးငွေလျှောက်ထားသူ၏ ပိုင်ဆိုင်မူအချက်အလက်များအား Loan Application Form တွင် ဖော်ပြပြီး Developer ကုမ္ပဏီဘက်မှ သတ်မှတ်ထားသော နိုင်ငံခြားဘဏ်များတွင် လျှောက်ထား ဝယ်ယူလို့ရပါသည်။

Passport မိတ္တူ ပေးရန်လိုပါသည်။

ချေးငွေ လျှောက်ထားပီး ဝယ်ယူခွင့်ရသူသည် လျှောက်လွှာတင်ထားသော ဘဏ်၏ ချေးငွေ လျှာက် လွှာ မှန်ကန်/အောင်မြင်ကြောင်း ထောက်ခံချက် ရှိရမည်ဖြစ်သည်။


ဆက်သွယ်မေးမြန်းရန်

Contact Name : Hninn Wai Wai ( Project Sales Manager ), Paing Phyoe Zin ( Project Sales Executive ), Thet Naing ( Sale Consultant )
Hot Line : 09-768922215, 09-768922211
Email : hninnwaiwai@imyanmargroup.com, paingphyoezin.imyanmarhouse@gmail.com, thetnaing.imyanmarhouse@gmail.com
Address : No 561/567, MAC Tower, 11th Floor, Merchant Road (Corner of Mahabandoola Garden Road & 35th Street), Kyauktada Township.

ဤ ဝန်​​ဆောင်​မှု နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။


မလေးရှားနိုင်ငံအကြောင်း တစ်စေ့တစ်စောင်း

မလေးရှားနိုင်ငံသည် ၂၀၁၇ ခုနှစ်လူဦးရေစစ်တမ်းအရ ၂၀၁၇ တွင် 31.62 Million သို့ ရောက် ရှိလာပြီ ဖြစ်ပြီး၊ အရှေ့တောင် အာရှ၏ အာဆီယမ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

၂၀၁၇ ခုနှစ် GDP စစ်တမ်းအရ 314.5 Billion ရရှိထားပြီး၊ အာရှနိုင်ငံများအတွင်း အဆင့်(၃) နေရာတွင် ရပ်တည်နေပါသည်။

နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုနှုန်း မြင့်တက်လျှက်ရှိပြီး ၂၀၁၇ ခုနှစ်စစ်တမ်းအရ 25.9 million အထိ နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်လည်ပတ်ခဲ့သည်။ အရှေ့တောင်အာရှ တွင် ထိုင်းနိုင်ငံပြီးလျှင် ဒုတိယနိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုအများဆုံးနိုင်ငံ ဖြစ်သည်။

ကမ္ဘာပေါ်တွင် စာအုန်းဆီ နှင့် ရာဘာ အများဆုံးတင်ပို့နိုင်သည့် နိုင်ငံလည်းဖြစ်သည်။

ကမ္ဘာ့ ဘဏ်၏ Doing Businesses Report 2017 အရ မလေးရှားနိုင်ငံသည် အာဆီယံဒေသ တွင်း စီးပွားရေးလုပ်ရန် အလွယ်ကူဆုံးနိုင်ငံများထဲတွင် ( ဒုတိယ) နေရာတွင် ရှိပြီး၊ ကမ္ဘာနိုင်ငံပေါင်း (၁၉၀) ထဲတွင် နံပါတ် (၂၃) နေရာတွင် ရပ်တည်လျှက်ရှိပါသည်။

မလေးရှားနိုင်ငံ၏ မြို့တော် (ကွာလာလမ်ပူ) အကြောင်း

ကွာလာလမ်ပူမြို့အရွယ်အစားသည် ဧရိယာစတုရမ်းမိုင်ပေါင်း (၉၃.၈၂) ကျော်ကျယ်ဝန်း ပြီး မလေးရှားနိုင်ငံ၏ မြို့တော်ဖြစ်သည်။

၂၀၁၇ ခုနှစ်လူဦးရေစစ်တမ်းအရ ၂၀၁၇ တွင် 1.76 Million ရှိပါသည်။

စင်ကာပူနိုင်ငံသို့ လေယာဉ်၊ ကားများဖြင့်လွယ်ကူလျှင်မြန်စွာ သွားလာနိုင်ပါသည်။

မလေးရှား အစိုးရ၏ Greater KL 2020 အစီအစဉ်အရ ကွာလာလမ်ပူမြို့တော်ကို နိုင်ငံတကာအဆင့်မီ မြို့တော်ကြီးဖြစ်အောင် ဆောင်ရွက်နေပါသည်။

ဘာကြောင့်မလေးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသင့်သလဲ?

သင့်တင့်သော မလေးရှားရင်းဂစ် ငွေလဲလှယ်နှုန်းထားရှိခြင်း။

နိုင်ငံအတွင်းနေထိုင်မှု လူဦးရေတိုးပွားလာမှုရှိခြင်း။

Foreign Direct Investment (FDI) 22.8 Billion ကျော်အထိမြင့်တက်လာခြင်း။

Reference: FDI Malaysia
(https://www.scmp.com/week-asia/geopolitics/article/2145797/134-billion-reasons-mahathir-not-rethink-chinese-investment)

Greater KL 2020 Plan ကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်း။

Reference: Invest KL
(https://www.channelnewsasia.com/news/singapore/kuala-lumpur-singapore-hsr-rail-link-what-to-know-10284406)

STRONG HUMAN CAPITAL (ခိုင်မာသောလူ့စွမ်းအားရင်းနှီးမြှုပ်နှံမှုရှိခြင်း)

- လူဦးရေ - 31.62 billions

- မလေး၊ တရုတ်နှင့် အိန္ဒိယလူမျိုးအများစု နေထိုင်ကြသော (Diverse Multi-Cultural Society) တိုင်းပြည်တစ်ခုလည်းဖြစ်သည်။

- ကျွမ်းကျင်လုပ်သားအင်အားစုရှိခြင်း (လူ့စွမ်းအားအရင်းမြစ်နှင့် တီထွင်ဆန်းသစ်နိုင်မှု သတ်မှတ်ချက်အနေဖြင့် အာရှအဆင့် နံပါတ် (၁၀) နေရာတွင် ရပ်တည်နေပါသည်။)

BUSINESS-FRIENDLY ENVIRONMENT (စီးပွားရေးလုပ်ကိုင်ရန် ကောင်းမွန်သော ပတ်ဝန်း ကျင်ရှိခြင်း)

- ကမ္ဘာ့ ဘဏ်၏ Doing Businesses Report 2017 အရ မလေးရှားနိုင်ငံသည် အာဆီယံဒေသ တွင်း စီးပွားရေးလုပ်ရန် အလွယ်ကူဆုံးနိုင်ငံများထဲတွင် ( ဒုတိယ) နေရာတွင် ရှိပြီး၊ ကမ္ဘာနိုင်ငံ ပေါင်း (၁၉၀) ထဲတွင် နံပါတ် (၂၃) နေရာတွင် ရပ်တည်လျှက်ရှိပါသည်။

- ကမ္ဘာနိုင်ငံပေါင်း (၃ဝ)အနက် ကုန်ကျစရိတ် အသက်သာဆုံးနိုင်ငံများအနက် နံပါတ် (၅) နေရာ တွင်ရပ်တည်လျှက်ရှိသည်။

ECONOMIC CLOUT (စီးပွားရေးသြဇာတိက္ကမ)

- စီးပွားရေးယှဉ်ပြိုင်နိုင်မှုအနေဖြင့် အာရှတွင် အဆင့် (၅) နေရာတွင်တည်ရှိသည်။
(WEF Global Competitive Index 2016-2017)

- UNCTAD World Investment Report 2016 အရ Multi-National ကော်ပိုရေးရှင်း ကြီး၏ လုပ်ငန်းအခြေချရန် အလားအလာရှိသည့် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲတွင် ပါဝင်ပါသည်။

- FDI Intellience FDI Report 2016 အရ Key FDI recipients- အာရှအဆင့် နံပါတ် (၅) နေရာတွင်ရှိသည်။

- စီးပွားရေးလျှင်မြန်စွာတိုးတက်လာမှု - 6.5% p.a (1970-2016)

Global Connectivity (တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု)

- DHL Global Connectedness ညွှန်းကိန်း ၂၀၁၆ အရ အာရှအဆင့် နံပါတ် (၄) နေရာ တွင် ရှိသည်။

- WEF Enabling ညွှန်းကိန်း ၂၀၁၆ အရ အာရှအဆင့် နံပါတ် (၆) နေရာတွင် တည်ရှိ သည်။

- Asia Cloud Computing Association Cloud Readiness Index ၂၀၁၆ အရ ကမ္ဘာ့ အဆင့် နံပါတ် (၇) နေရာတွင် ရပ်တည်နေသည်။

- Airport Council International ၂၀၁၅ အရ အာရှတိုက်ရှိ လေယာဉ်အဝင်အထွက် အများဆုံး လေဆိပ် (၁၀) အနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်

TECHNOLOGICAL APTITUDE (နည်းပညာပိုင်းဆိုင်ရာတက်မြောက်မှု)

- Huawei Global Connectivity Index 2017 အရ upwardly mobile အနေဖြင့် အာရှတွင် နံပါတ် (၅) နေရာတွင်ရှိသည်။

- WEF, INSTEAD and Cornell University Networked Readiness Index 2016 အရ Strong ICT Position အနေဖြင့် အာရှအဆင့် နံပါတ် (၆) နေရာတွင် တည်ရှိသည်။

- Asia Cloud Computing Association Cloud Readiness Index 2016 အရ Investing in cloud အနေဖြင့် အာရှအဆင့် နံပါတ် (၆)နေရာတွင် တည်ရှိသည်။

KL တွင် ရင်းနှီးမြှုပ်နှံသူတို့အတွက် ကောင်းမွန်သင့်လျော်သည့် အချက် (၉) ချက်

၁။ မြို့တည်နေရာ အချက်အချာကျခြင်း

ကမ္ဘာတစ်ဝန်းနှင့် ချိတ်ဆက်နိုင်သည့် တည်နေရာဆုံချက် အဖြစ်တည်ရှိခြင်း

အာရှ၏ ပင်မစီးပွားရေး အချက်အချာနေရာများသို့ အချိန် (၈) နာရီအတွင်း လေကြောင်းဖြင့် သွားရောက်နိုင်ခြင်း

မလေးရှားနိုင်ငံ၏ ခိုင်မာသော ဆက်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိနိုင်ခြင်း

၂။ စီးပွားရေးကဏ္ဍကောင်းမွန်လွယ်ကူခြင်း

ကမ္ဘာ့ဘဏ်၏ ၂၀၁၇ ထုတ်ပြန်မှုအရ စီးပွားရေးလုပ်ကိုင်ရန်အကောင်းဆုံးမြို့တော်အဖြစ် အာဆီယံအဆင့် (၂) ၊ ကမ္ဘာ့အဆင့် (၂၃) တွင်တည်ရှိခြင်း။

၃။ နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း

တည်ငြိမ်၍ ခိုင်မာတောင့်တင်းသော မူဝါဒရှိသည့် အစိုးရနှင့် လိုက်လျောညီထွေမှုရှိသော နိုင်ငံရေးလမ်းစဉ်ရှိခြင်း

၎။ အကျိုးအမြတ် အခွင့်အလမ်းများရှိခြင်း

ကဏ္ဍစုံမှ ကျယ်ပြန့်သော အကျိုးအမြတ်အခွင့်အလမ်းများ ရှိခြင်း။

၅။ အခြေခံအဆောက်အအုံနှင့် အထောက်အပံ့များ ကောင်းမွန်ခြင်း

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း

ဆက်သွယ်မှု ကွန်ယက်များ ကောင်းမွန်ခြင်း

၆။ စွမ်းရည်ပြည့်ဝသော လုပ်သားများရရှိနိုင်ခြင်း

ပညာရေးနောက်ခံကောင်းမွန်ကြခြင်း

ဘာသာစကားကျွမ်းကျင်မှုရှိခြင်း

လုပ်ငန်းပိုင်း ပြီးမြောက်မှုနှုန်းမြင့်မားခြင်း

၇။ စီးပွားရေးလုပ်ငန်းများလည်ပတ်နိုင်ရန် ကုန်ကျစရိတ်မျှတမှုရှိခြင်း

ဌားရမ်းခများသက်သာခြင်း

လစာများကောင်းမွန်ခြင်း

သင့်တင့်သော အခွန်နှုန်းထားရှိခြင်း

၈။ အားကောင်းသော တရားရေးမဏ္ဍိုင်ရှိခြင်း

ကောင်းမွန်သော တရားစီရင်ရေး စနစ်ရှိခြင်း

ရင်းနှီးမြှုပ်နှံသူတို့အား အခိုင်အမာ အကာကွယ်ပေးနိုင်သော တရားဥပဒေရှိခြင်း

၉။ နေထိုင်ရန်ကောင်းမွန်သော မြို့တစ်မြို့ဖြစ်ခြင်း

အခြေချနေထိုင်ရန် အိမ်ယာ၊အဆောင်အယောင် ပေါများခြင်း

သွားလာရလွယ်ကူခြင်း

နေထိုင်စားသောက်မှုစရိတ်သက်သာခြင်း

အခွန်အခနှုန်းထားများအကြောင်းသိကောင်းစရာ

မလေးရှားနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဝယ်ယူခြင်းအတွက် ကောက်ခံသည့်ကုန်ကျစရိတ် (ဝယ်ခွန်)

တံဆိပ်ခေါင်းခွန် (Stamp Duty)

ဝယ်သူ မှ တံဆိပ်ခေါင်းခွန် (Stamp Duty) အနည်းဆုံး 1% မှ အများဆုံး 3% ပေးဆောင် ရပါမည်။

ရှေ့နေခ (Lawyer Fees)

မလေးရှားအစိုးရ၏ စည်းမျည်းအရ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းသူဘက်မှ ရှေ့နေတစ်ဦး၊ ဝယ်သူဘက်မှ ရှေ့နေတစ်ဦးစီ ငှားရမ်း ရပါ မည်၊ အဆိုပါ ရှေ့နေဌားရမ်းခမှာ ဝယ်ယူသောအိမ်တန်ဖိုး၏ 0.4% မှ 1% အထိ ကျသင့်ပါမည်။

အိမ်ခြံမြေမှရရှိသော အမြတ်ခွန် Real Property Gain Tax (Selling Tax)

ရောင်းခွန် (RPGT) ဆိုသည်မှာ ပြန်လည်ရောင်းချချိန်မှာ ရရှိလာသော အမြတ်ငွေ ပေါ် မူတည်ပြီး ပေးရသော အခွန်ခဖြစ်ပါသည်။

ဂရံအမည်ပေါက်လွှဲပြောင်း ရယူပြီးသည့်နောက်ပိုင်းမှစ၍ ၅​နှစ်အတွင်း ပြန်လည်ရောင်းချပါက အမြတ်ငွေ၏(၃၀%) ပေးဆောင်ရပါမည်။

ဂရံအမည်ပေါက်လွှဲပြောင်း ယူပြီးသည့် နောက်ပိုင်းမှစ၍ ၆နှစ်ကျော်အတွင်း ပြန်လည်ရောင်းချ ပါက အမြတ်ငွေ၏ (၅%) ပေးဆောင်ရပါမည်။
မှတ်ချက်။ မမြတ်ရင်မပေးရပါ၊ မြတ်မှ ပေးရပါသည်။

Income Tax (၀င်ငွေခွန်)

အိမ်ငှားရမ်းခမှ ရရှိသည့် ဝင်ငွေကိုလည်း ၀င်ငွေခွန် ပေးဆောင်ရပါမည်။

မလေးရှားနိုင်ငံတွင် ဒုတိယအိမ်အဖြစ်နေထိုင်ခွင့်ရမည့် အခွင့်အရေး

iMyanmarHouse.com မှတစ်ဆင့် မလေးရှားနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူသူများအား မလေးရှား နိုင်ငံတွင် ဒုတိယအိမ်အဖြစ်နေထိုင်ခွင့်ရမည့် အခွင့်အရေး Malaysia My Second Home (MM2H) Program ဖြင့် နေထိုင်ခွင့်ရအောင် အခမဲ့ဆောင်ရွက်ပေးပါမည်။

MM2H Program မှရရှိမည့်အကျိုးကျေးဇူးများ

၁။ အိမ်ထောင်ဦးစီးတစ်ယောက်ရရှိပါက ကျန်မိသားစုဝင်များပါ နေထိုင်နိုင်ခြင်း

၂။ နောက်ထပ်အိမ်ခြံမြေများ ဝယ်ယူချင်ပါက မလေးရှားရင်းဂစ် (၅) သိန်းမှစတင်၍ ဈေးနှုန်း သက်သာသော အိမ်များကို ဝယ်ယူနိုင်ခြင်း (မှတ်ချက်၊ မလေးရှားဥပဒေအရ နိုင်ငံခြားသားများအနေဖြင့် တန်ဖိုးငွေ(၁) သန်းကျော်သော အိမ်များသာ ဝယ်ယူခွင့်ရှိပါသည်)

၃။ မလေးရှားနိုင်ငံထုတ် မော်တော်ကားများဝယ်ယူပါက အခွန်ဆောင်ရန်မလိုခြင်း

၎။ မိမိနေထိုင်သည့်တိုင်းပြည်တွင် ပိုင်ဆိုင်သည့်ကားအား တစ်ပါတည်းသယ်သွားနိုင်ခြင်း

၅။ အိမ်အကူပါ တစ်ပါတည်းခေါ်သွားနိုင်ခြင်း

၆။ မိမိသားသမီးများအနေဖြင့် (၂၁) နှစ်အောက်ဖြစ်လျှင် တစ်ပါတည်းခေါ်သွားနိုင်ပြီး ၊ သား၊သမီးများ၏ ပညာရေးအတွက် စိတ်ချရခြင်း

၇။ ကိုယ်ပိုင်စီးပွားရေးအတွက် ကုမ္ပဏီတည်ထောင်နိုင်ခွင့်ရှိခြင်း

၈။ နိုင်ငံသို့ပေးဆောင်ရမည့် အခွန်အခများမှ အချို့ကိုကင်းလွတ်ခွင့် ရှိခြင်း

၉။ မလေးရှားနိုင်ငံဥပဒေအရ သတ်မှတ်ချက်အတိုင်း အလုပ်လုပ်ကိုင်ရန် ခွင့်ပြုမိန့်အတွက် လျှောက်ထားနိုင်ခြင်း

၁၀။ မိဘများအား (၆) လဗီဇာဖြင့် ခေါ်သွားနိုင်ခြင်း

၁၁။ ဗီဇာသက်တမ်းကို အလွယ်တကူတိုးနိုင်ခြင်း

၁၂။ မိမိအိမ်မွေးတရိစ္ဆာန်များကိုပါ တစ်ပါတည်းခေါ်သွားနိုင်ခြင်း

၁၃။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ခြင်း၊ အစုရှယ်ယာများ ဝယ်ယူနိုင်ခြင်း

Reference:
http://www.movetomalaysia.com/why-mm2h/
https://mm2h.co/mm2h-benefits-incentives/
http://www.mm2h.gov.my/index.php/en/


ဆက်သွယ်မေးမြန်းရန်

Contact Name : Hninn Wai Wai ( Project Sales Manager ), Paing Phyoe Zin ( Project Sales Executive ), Thet Naing ( Sale Consultant )
Hot Line : 09-768922215, 09-768922211
Email : hninnwaiwai@imyanmargroup.com, paingphyoezin.imyanmarhouse@gmail.com, thetnaing.imyanmarhouse@gmail.com
Address : No 561/567, MAC Tower, 11th Floor, Merchant Road (Corner of Mahabandoola Garden Road & 35th Street), Kyauktada Township.

ဤ ဝန်​​ဆောင်​မှု နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

iMyanmarHouse.com (အိုင်​မြန်​မာ​ဟောက်​စ်​​ဒေါ့ကွန်း) မှ​ရောင်းချ​ပေး​နေ​သော မလေးရှားနိုင်ငံမှ ကွန်​ဒိုများ

ဆက်သွယ်မေးမြန်းရန်

ဤ ဝန်​​ဆောင်​မှု နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အမည် (Name)
ဆက်သွယ်ရန်ဖုန်း (Phone)
Email / Gmail
(ရှိလျှင်​ ဖြည့်ရန်)
အကြောင်းအရာ
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)