စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ - Property News in Myanmar from iMyanmarHouse.com
19 May 2025 10:52 am တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး

((In Brief))

ဘီလျံနာ သူဌေးမကြီး ကျိုးချင်ဖေး (Zhou Qunfei) (မွေး ၁၉၇၀။ ၅၅ နှစ်) (ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံ) သည် ဖုန်းမှန်များ၊ မှန်မကွဲများ ထုတ်လုပ်သော Lens Technology ကို တည်ထောင်သူ ဖြစ်ပြီး “touchscreen ဘုရင်မ” ဟု လူသိများသည်။ တရုတ်ပြည်မှ ရွာသိမ်ဇနပုဒ်လေးတစ်ခုတွင် ကြီးပြင်းခဲ့ပြီး စက်ရုံအလုပ်သမတစ်ဦးဘဝမှသည် ဘီလျံနာဘဝသို့ အရောက်လှမ်းခဲ့သူဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။

ကျိုးချင်ဖေးသည် Lens Technology ၏ ရှယ်ယာ ၆၂ ရာခိုင်နှုန်းကို ခင်ပွန်းဖြစ်သူနှင့်အတူ ပိုင်ဆိုင်ထားသည်။

Lens Technology သည် Apple နှင့် Samsung ဖုန်းများအပါအဝင် ဖုန်း touchscreen များ ၊ မှန်မကွဲများ ထုတ်လုပ်သည်။ ရှန်ကျန်း စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားပြီး ဈေးကွက်တန်ကြေး ယွမ် ၁၀၄ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလီယံ) ရှိသည်။

(တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ချန်ရှားမြို့တွင် ၂၀၁၅ ခုနှစ်၊ မတ်လ ၇ ရက်က ကျင်းပခဲ့သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကျိုးချင်ဖေး မိန့်ခွန်းပြောခဲ့ပုံ။ ဓာတ်ပုံ-Imaginechina via AFP)

((နုငယ်စဉ် နေ့ရက်များ))

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် လယ်ယာဖြင့် အသက်မွေးကြသော ရွာငယ်လေးတစ်ခုတွင် ကျိုးချင်ဖေး မွေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်သည်။

ကျိုးချင်ဖေး ၅ နှစ်သမီးအရွယ်တွင် မိခင်ကြီး ကွယ်လွန်သွားခဲ့ပြီး ဖခင်မှာလည်း စက်ရုံ မတော်တဆမှုတစ်ခုကြောင့် လက်ချောင်းတစ်ချောင်းအပြင် အမြင်အာရုံလည်း ဆုံးရှုံးခဲ့ရသည်။

မိသားစုကို တဖက်တလမ်းမှ ကူညီရန်အတွက် လူမမယ် ကလေးငယ် ကျိုးချင်းဖေးမှာ ဝက်များ၊ ဘဲများ ထိန်းကျောင်း အစာကျွေးခြင်းများ ပြုလုပ်ခဲ့ရ၏။ သို့တိုင် ကျောင်းစာတွင် ထူးချွန်နေဆဲပင်။

“ကျွန်မ မွေးဖွားခဲ့တဲ့ ရွာလေးမှာ မိန်းကလေးတွေရဲ့ ဘဝမှာ အလယ်တန်းကျောင်းအထိ ဆက်တက်နိုင်တဲ့သူဆိုတာ များများစားစားမရှိပါဘူး။ စေ့စပ်မယ်၊ လက်ထပ်မယ်၊ ပြီးရင် အဲ့ဒီရွာလေးမှာပဲ တသက်လုံး အရိုးထုတ်မယ်” ဟု ကျိုးချင်ဖေးက နယူးယောက်တိုင်းမ်သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြခဲ့ပြီး မိမိအနေဖြင့် ထိုလမ်းကြောင်းမှ ခွဲထွက်ရန် ရွေးချယ်ခဲ့ကြောင်းလည်း ပြောသည်။

((စက်ရုံအလုပ်သမ ဘဝ))

ကျိုးချင်ဖေးသည် အထက်တန်းကျောင်းသူဘဝ အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ပြီး တရုတ်ပြည်တောင်ပိုင်း ရှန်ကျန်းမြို့သို့ ၁၉၈၆ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။

ရှန်ကျန်းတွင် နာရီ မှန်စက်ရုံတစ်ခု၌ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး တစ်ရက်လျှင် ၁ ဒေါ်လာသာ ရသည်။

ထိုစက်ရုံမှာ အလုပ်ချိန် ရှည်လျားလှသည်။ ကျိုးချင်ဖေးမှာ မနက် ၈ နာရီမှ ညသန်းခေါင်၊ တခါတရံတွင် မနက် ၂ နာရီအထိ အလုပ်လုပ်ရသည်။

((ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်း))

၁၉၉၃ ခုနှစ်တွင် ကျိုးချင်ဖေးက စုဆောင်းထားငွေ ဟောင်ကောင်ဒေါ်လာ ၂၀၀၀၀ (ကန်ဒေါ်လာ ၂၅၇၀ ) ဖြင့် ရှန်ကျန်းမြို့ရှိ အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းလေးတစ်ခုတွင် နာရီမှန်ဝပ်ရှော့တစ်ခုကို ဆွေမျိုးအနည်းငယ်နှင့် အတူ စတင်ခဲ့သည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်အတွင်း ကျိုးချင်ဖေးသည် သူ၏ လုပ်ငန်းကို အလုပ်သမား ၁၀၀၀ ကျော်ရှိသော နာရီမှန်စက်ရုံအဖြစ် တိုးတက်ကြီးပွားလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။

((အဆုံးစီရင်ရန် စိတ်ကူးပေါ်))

၂၀၀၃ ခုနှစ်တွင် Motorola ၏ အမှုဆောင်များထံမှ အံ့အားသင့်ဖွယ် ဖုန်းခေါ်ဆက်သွယ်လာခဲ့ပြီးနောက်ပိုင်း သူ၏ ကုမ္ပဏီမှာ မိုဘိုင်းဖုန်း touchscreen များ ထုတ်လုပ်သည့်ဘက်သို့ ကူးပြောင်းခဲ့သည်။

Motorola သည် ၎င်းတို့၏ ထုတ်ကုန်သစ်ဖြစ်သော Razr V3 အတွက် touchscreen ထုတ်လုပ်ရန် မိတ်ဘက် ရှာဖွေနေချိန်လည်း ဖြစ်သည်။

ကျိုးချင်ဖေးက ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။

သို့သော် ကျိုးချင်ဖေးကို မနာလိုနေသော စီးပွားပြိုင်ဖက်ရှိနေသည်။ ထိုပြိုင်ဖက်က ကုန်ကြမ်းရောင်းချသည့် supplier နှင့် ပေါင်းထားကာ ကျိုးချင်ဖေးကို ကန်ထုတ်ပစ်ရန် ကြိုးစားခဲ့သည်။

Supplier က ကျိုးချင်ဖေးကို ကြိုတင်ပြီး ငွေအကျေချေထားရန် ပြောရာ အရင်းအနှီး အနည်းငယ်သာရှိသော ကျိုးချင်ဖေးမှာ Motorola နှင့် အလုပ်ပျက်မသွားစေရန်အတွက် မိမိ၏ နေအိမ်အပြင် ပိုင်ဆိုင်သမျှ အားလုံးရောင်းထုတ်ကာ ငွေရှာခဲ့သည့်တိုင် ငွေမလောက် ဖြစ်နေသည်။

မိမိစွမ်းနိုင်သမျှ အားကုန်ရုန်းခဲ့ပြီးဖြစ်သော်လည်း အချည်းနှီးဖြစ်နေမှုအပေါ် ကျိုးချင်ဖေး စိတ်ဓာတ်အလွန်ကျခဲ့ရပြီး ရထားကြိတ်ခံကာ အဆုံးစီရင်ရန်ပင် တွေးမိသည်။

သို့သော် သမီးထံမှ ဖုန်းခေါ်ဆိုမှုက ကျိုးချင်ဖေးကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်ပြီး မိမိတွင် မိသားစုနှင့် ဝန်ထမ်းများအတွက် တာဝန်ရှိနေကြောင်း သတိမူမိလာသည်။

((touchscreen ဘုရင်မ))

သို့နှင့် ကျိုးချင်ဖေးက Motorola ထံ ဆက်သွယ်ကာ မိမိတွင် အကျပ်ဆိုက်နေသည့်အခြေအနေကို ပြောပြပြီး အကူအညီပေးရန် တောင်းခံခဲ့ပြီးနောက် ထိုအကျပ်အတည်းကို ဖြတ်ကျော်နိုင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်ကား ကျိုးချင်ဖေးအတွက် တံခါးသစ်တစ်ခု ပွင့်လာသည်။

Apple က touchscreen ဖြင့် iPhone ကို စတင် ထုတ်လုပ်လာပြီး ကျိုးချင်ဖေးကို supplier အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထို မိတ်ဖက်လက်တွဲမှုကြောင့် Lens Technology မှာ ကမ္ဘာ့ထိပ်တန်း touchscreen ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သည်။

မိသားစု ဝပ်ရှော့လေးတစ်ခုအဖြစ်မှ စတင်ခဲ့ပြီး ၂၂ နှစ်အကြာ ၂၀၁၅ ခုနှစ်သို့ ရောက်သောအခါ ကျိုးချင်ဖေးက Lens Technology ကို အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလိုက်ချိန်တွင်ကား ကျိုးချင်ဖေးမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံဖြင့် အချမ်းသာဆုံးကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးများတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။

(ဆက်စပ်သတင်း)

စက်ရုံအလုပ်သမ ဘဝမှ ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေကုမ္ပဏီ ပိုင်ရှင်ဖြစ်လာသူ။ မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ သူဌေးမကြီး ကျန်းရှင်

https://www.imyanmarhouse.com/news/read/837634 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: From migrant factory worker to one of world’s richest self-made women billionaires: The story of ‘touchscreen queen’ Zhou Qunfei Photo Credit- Imaginechina via AFP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service