Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ - Property News in Myanmar from iMyanmarHouse.com
19 May 2025 1:49 pm တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် (Jeff Bezos) နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က လော့စ်အိန်ဂျလိရှိ ဂျက်ဘေးဇော့စ်၏ ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာသည်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သူ လော်ရန်ဆန်းချက်ဇ်သည် ယခင်က သတင်းသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း လော်ရန်ဆန်းချက်ဇ်သည် ကလေးစာပေ စာအုပ် The Fly who flew အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးနောက်ပိုင်း သူ၏ စာရေးသည့်အခန်း မြင်ကွင်းဓာတ်ပုံများကို အင်စတာဂရမ် လူမှုကွန်ရက်တွင် ချပြလာခြင်း ဖြစ်သည်။

လော်ရန်ဆန်းချက်ဇ်၏ စာရေးခန်းတွင် အဖြူရောင်စားပွဲ၊ ပန်းရောင် စားပွဲမျက်နှာပြင်နှင့် ပန်းဖျော့ရောင် ကုလားထိုင်တစ်လုံးတို့ တွေ့ရပြီး ပြတင်းပေါက်တစ်ခုအနီးတွင် တည်ရှိကာ စိမ်းလန်းသာယာသော ခြံဝန်းအတွင်း ရှုခင်းများ တွေ့မြင်နေရသည်။

လော်ရန်ဆန်းချက်ဇ်နှင့် ဂျက်ဘေးဇော့စ်တို့သည် လာမည့်ဇွန်လ ၂၄ မှ ၂၆ ရက်အထိ အီတလီနိုင်ငံ ၊ ဗင်းနစ်မြို့တွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပသွားရန် စီစဉ်ထားသည်။

ဒိတ်ဒိတ်ကြဲ အကျော်အမော်များ အပါအဝင် ဧည့်ပရိသတ် ၂၀၀ ဝန်းကျင်ခန့် ဖိတ်ကြားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

လော်ရန်ဆန်းချက်ဇ်က သူ၏ စာရေးခန်းအား ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် မျှဝေခဲ့ရာ၌ “ကျွန်မရဲ့ စကားလုံးတွေ အသက်ဝင်လာတဲ့ နေရာလေးရဲ့ မြင်ကွင်းပေါ့။ လူတိုင်း စာရေးတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဘယ်ဟာက မှန်တယ်…ဘယ်ဟာက မှားတယ်ဆိုတာ မရှိပါဘူး။ ဘယ်ဟာက ကိုယ့်အတွက် အလုပ်ဖြစ်တယ်ဆိုတာပဲ ရှိပါတယ်။ ရှင်တို့ကော ဘယ်လိုစာရေးလဲဆိုတာ ကျွန်မ သိချင်ပါတယ်” ဟု caption ရေးသားဖော်ပြထားသည်။

လော်ရန်ဆန်းချက်ဇ်၏ စာရေးခန်းဗွီဒီယိုကို သူ၏ အင်စတာဂရမ် follower ၉၃၀,၀၀၀ ကျော် ကြည့်ရှုခွင့် ရရှိခဲ့ကြသည်။

 

(▲ လော်ရန်ဆန်းချက်ဇ်က လော့စ်အိန်ဂျလိမှ ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ရှိ စာရေးခန်းကို သူ၏ follower များအား ပြသခဲ့သည်။ ဓာတ်ပုံ-Laurenwsanchez/Instagram)

 

(▲ ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့သည် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ လာမည့်ဇွန်လအတွင်း လက်ထပ်မင်္ဂလာကျင်းပရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Laurenwsanchez/Instagram)

 

(▲ လော်ရန်ဆန်းချက်ဇ်၏ စာရေးခန်းတွင် အဖြူရောင်စားပွဲ၊ ပန်းရောင် စားပွဲမျက်နှာပြင်နှင့် ပန်းဖျော့ရောင် ကုလားထိုင်တစ်လုံးတို့ တွေ့ရပြီး ပြတင်းပေါက်တစ်ခုအနီးတွင် တည်ရှိကာ စိမ်းလန်းသာယာသော ခြံဝန်းအတွင်း ရှုခင်းများ တွေ့မြင်နေရသည်။ ဓာတ်ပုံ-Laurenwsanchez/Instagram)

 

နံရံများကို royal blue ဆေးရောင်သုတ်ထားပြီး လော်ရန်ဆန်းချက်ဇ်နှင့် ၎င်းချစ်ရသူတို့၏ ဓာတ်ပုံများ ချိတ်ဆွဲထားသည်။

“ကျွန်မ နေ့တိုင်းနီးပါး စာရေးတဲ့နေရာလေးကို ပြပါမယ်။” ဟု လော်ရန်ဆန်းချက်ဇ်က ဗွီဒီယိုထဲတွင် ပြောသည်။

“ကျွန်မ သတင်းထောက်ဘဝ newsroom ထဲမှာ လူတွေ အုတ်အုတ်သဲသဲ ပွက်လောရိုက်နေတဲ့ ကြားထဲမှာ ရေးရတာပေါ့။ ကျွန်မ အဲဒါတွေနဲ့ အကျွမ်းတဝင်ရှိပါတယ်။ ကျွန်မ ဒါကို မြတ်နိုးပါတယ်။ တခါတလေမှာတော့ ကော်ဖီဆိုင်လို နေရာမျိုးကိုသွားပြီး စာရေးပါတယ်”

(▲ နံရံများကို royal blue ဆေးရောင်သုတ်ထားပြီး လော်ရန်ဆန်းချက်ဇ်နှင့် ၎င်းချစ်ရသူတို့၏ ဓာတ်ပုံများ ချိတ်ဆွဲထားသည်။ ဓာတ်ပုံ-Laurenwsanchez/Instagram)

 

(▲ ဂျက်ဘေးဇော့စ်က ယခုစံအိမ်ကြီးကို David Geffen ထံမှ ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Google Earth)

 

(▲ လော်ရန်ဆန်းချက်ဇ်က စာရေးသည့်အခန်းကို ထုတ်ဖော်ချပြခဲ့သည်။ ၎င်းတို့နှစ်ဦး အီတလီတွင် လက်ထပ်ရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Taylor Hill/ FlimMagic)

 

(▲ ဗင်းနစ်မြို့တော်ဝန်ရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က CNN သတင်းဌာနသို့ ပြောသည်မှာ ဂျက်ဘေးဇော့စ်တို့၏ မင်္ဂလာပွဲကို ဂျက်ဘေးဇော့စ်ပိုင် အလျား ၄၁၇ ပေရှိ ရွက်လှေကြီး Koru ပေါ်တွင် ကျင်းပလိမ့်မည်ဖြစ်ကြောင်း၊ ဗင်းနစ်တွင် ကျောက်ချထားလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။ ဓာတ်ပုံ-Getty Images for the Met Museum/ Vogue)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Lauren Sanchez Shows Off Writing Center in Her and Jeff Bezos’ $165 Million Los Angeles Home

Photo Credit- Laurenwsanchez/Instagram, Getty Images for the Met Museum/ Vogue, Taylor Hill/ FlimMagic, Google Earth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service