ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့ - Property News in Myanmar from iMyanmarHouse.com
5 Sep 2025 11:41 am တွင် တင်ခဲ့သည်
472 ကြိမ် ကြည့်ရှု့ပြီး

ဘရာဇီး ဘီလျံနာ သူဌေးတစ်ဦးသည် ၎င်းပိုင်ဆိုင်သမျှအားလုံးကို ဘောလုံးကြယ်ပွင့် နေမာအား အမွေပေးကြောင်း သေတမ်းစာတွင် ရေးသားသွားခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ တွေ့ဆုံခဲ့ဖူးခြင်း မရှိကြောင်း ဗြိတိန်သတင်းမီဒီယာ daily mail က ဖော်ပြသည်။

အသက် ၃၁ နှစ်သာ ရှိသေးသော ဘီလျံနာသူဌေးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏ အမည်ကိုမူ မသိရချေ။

ထိုသူဌေးက ၎င်းပိုင်ဆိုင်သော ရီယယ်ငွေ ၆ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံခန့်) ကို အသက် ၃၃ နှစ်အရွယ်ရှိ ဘောလုံးကြယ်ပွင့်နေမာအား သေတမ်းစာဖြင့် အမွေပေးခဲ့ခြင်းဖြစ်သည်။

ဘီလျံနာသူဌေးက မိမိ၏ အမည်ကို ထုတ်ဖော်ခြင်းမပြုရန် သေတမ်းစာတွင် ရေးသားသွားပြီး နေမာကို ချစ်ခင်လေးစားသောကြောင့် အမွေပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဘရာဇီး သတင်းမီဒီယာ RIC ၏ဖေ်ပြချက်အရ Porto Alegre မြို့ရှိ အစိုးရရုံးတစ်ခုတွင် သေတမ်းစာကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်၌ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေ ၂ ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထိုကိစ္စကို ယခုအခါ တရားရုံးက အတည်ပြုပေးရန် လိုအပ်လာသည်။ နေမာအား ဘီလျံနာသူဌေး၏ အမွေခံအဖြစ် အတည်ပြုရန် ဖြစ်သည်။

ဘီလျံနာသူဌေးတွင် အိမ်ထောင်မရှိ၊ သားထောက်သမီးခံ မရှိသောကြောင့်လည်း ယခုကဲ့သို့ နေမာအား အမွေပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နေမာကမူ ယခုသတင်းနှင့်စပ်လျဉ်းပြီး တရားဝင် မှတ်ချက်ပေးခြင်းမျိုး မရှိသေး။

(အသက် ၃၃ နှစ်အရွယ်ရှိ နေမာကို ကွယ်လွန်သွားသော ဘရာဇီးဘီလျံနာသူဌေးက ဒေါ်လာ ၁ ဘီလီယံ အမွေပေးသွားသည်)

(သေတမ်းစာကို ယခုနှစ် ဇွန်လ ၁၂ ရက်တွင် Porto Alegre မြို့ရှိ အစိုးရရုံးတစ်ခုတွင် တရားဝင် မှတ်ပုံတင်ထားပြီး မျက်မြင်သက်သေ ၂ ဦး ရှိခဲ့သည်ဟု ဆိုသည်)

နေမာက မိသားစုအပေါ် အလေးထားမှုနှင့် ပတ်သက်ပြီး လေးစားမိကြောင်း၊ အထူးသဖြင့် နေမာနှင့် ၎င်း၏ ဖခင် နေမာ စီနီယာတို့အကြား အလွန်ချစ်ကြသည့် သားအဖ မေတ္တာတရားကို သဘောကျမိကြောင်း၊ နေမာတို့ သားအဖကို ကြည့်ရသည်မှာ မိမိ၏ ကွယ်လွန်သွားသော ဖခင်ကြီးကို ပြန်ပြောင်းသတိရစေကြောင်း ဘီလျံနာသူဌေးက ပြောကြားသွားသည်။

နေမာမှာ ဆော်ဒီကလပ် Al-Hilal နှင့် အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယခုအခါ ဘရာဇီးသို့ ပြန်ရောက်နေပြီး လူငယ်ဘဝက ဖြတ်သန်းခဲ့သော ဆန်းတို့စ်သို့ ရောက်နေသည်။

နေမာသည် ၂၀၂၄-၂၅ ဘောလုံးရာသီ ဒုတိယနှစ်ဝက်တွင် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းထားသည်။

နေမာသည် ၂၀၀၉ မှ ၂၀၁၃ အကြား ဆန်းတို့စ်တွင် ဖြတ်သန်းခဲ့စဉ်က ၂၂၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၆ ဂိုး သွင်းယူခဲ့သည်။

ယခုနှစ် ဇွန်လတွင် ဆန်းတို့စ်နှင့် စာချုပ်သစ် ချုပ်ဆိုထားသည်။

ဆန်းတို့စ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ “ကျွန်တော်ဆုံးဖြတ်ချက် ချပြီးပါပြီ။ နှလုံးသားက ဘာပြောလဲဆိုတာ ကျွန်တော်နားထောင်ခဲ့ပါတယ်။ ဆန်းတို့စ်ဟာ ကျွန်တော်ကစားတဲ့ အသင်းမျှသာ မဟုတ်ပါဘူး။ ကျွန်တော့်အိမ်၊ ကျွန်တော့်ဇာစ်မြစ်၊ ကျွန်တော့်သမိုင်း၊ ကျွန်တော့်ဘဝ ဖြစ်ပါတယ်” ဟု နေမာက ပြောထားသည်။

(နေမာသည် Al-Hilal နှင့် အဆင်မပြေဖြစ်ပြီးနောက် လူငယ်ဘဝက ဖြတ်သန်းခဲ့သော ဆန်းတို့စ်သို့ ပြန်ရောက်နေသည်)

နေမာသည် ဆော်ဒီအာရေးဗီးယားတွင်ရှိနေစဉ် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသည်။

နေမာသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီးကတည်းက ဘရာဇီးလက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ခြင်း မရှိချေ။

((ဆက်စပ်သတင်း))

ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန်

Penthouse ခန်း ဝယ်ယူ

https://www.imyanmarhouse.com/news/read/1130644

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Neymar 'left billionaire's entire fortune in will' - by Brazilian man he never met

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service