အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
28 Apr 2025 11:22 am တွင် တင်ခဲ့သည်
785 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်မှ အမျိုးသားတစ်ဦးသည် ဒက်ထရွိုက်မြို့ရှိ ပြည့်တန်ဆာအိမ်များရှေ့တွင် ကားထဲ၌ အိပ်ရသော အိမ်ရာမဲ့တစ်ဦးဘဝမှ အဆိုပါအိမ်များထဲမှ တစ်လုံးကို ဝယ်ယူလိုက်ကာ နောက်ပိုင်းတွင် ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။

“ယုံကြည်ချက်ခိုင်မာရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာနိုင်ပါတယ်” ဟု မာရီယို ကယ်လီ (Mario Kelly) က အခိုင်အမာ ပြောသည်။

မာရီယိုသည် ကနဦးတွင် Ford ကုမ္ပဏီ၏ စက်ရုံနှင့် Jocobson’s အလုပ်လုပ်ခဲ့ဖူးပြီး နောက်ဆုံးတွင် အလုပ်လက်မဲ့ ဖြစ်သွားသည်။

“အလုပ်လက်မဲ့ဖြစ်သွားပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ကားထဲမှာနေရတဲ့ အိမ်ရာမဲ့ဘဝကို ရောက်သွားပြီး ဇနီးနဲ့လည်း ကွာရှင်းလိုက်ရပါတယ်။” ဟု မာရီယိုက ပြောသည်။

“ကျွန်တော်က အမေရိက အရှေ့ပိုင်းကပါ။ ကျွန်တော်ဟာ ကိုယ်လိုချင်တာကို ပုံဖော်မြင်ယောင်ကြည့်ခဲ့ ပါတယ်။ ကျွန်တော်က Rosedale Park အရပ်မှာ နေထိုင်ချင်ခဲ့တာပါ။

ဒါကြောင့် ကျွန်တော် အဲဒီနေရာကို ညတိုင်းသွားပါတယ်။ တစ်ညကို အိမ်တစ်လုံးရဲ့ ရှေ့မှာ ကားရပ်ပြီး အိပ်ခဲ့ပါတယ်။”

မိမိကိုယ်ကို ယုံကြည်မှုဖြင့် အောင်မြင်သည့်ဘဝကို ပုံဖော်ကြည့်ခြင်းအားဖြင့် လိုလားချက်များ အကောင်အထည်ပေါ်လာခဲ့ကြောင်း မာရီယိုက ပြောသည်။

“Believe 313 ဆိုတဲ့ စကားလုံးကို ရာဘာပြားလေးတွေမှာ ရိုက်နှိပ်ပြီး မြို့ထဲကို သွားရောင်းပါတယ်။” ဟု ၎င်းက ပြောသည်။

(မှတ်ချက်။ 313 ဟူသော ဂဏန်းမှာ ခွန်အားပေးမှုနှင့် လမ်းညွှန်မှုတို့ကို ရည်ညွှန်းသည်။ မိမိပန်းတိုင်ဆီသို့ လမ်းမှန်အတိုင်းသွားနေပါက နတ်ဘုရားတို့က ထိုခရီးစဉ်အောင်မြင်စေရန် ကူညီပေးသည်ဟု ဆိုသည်။ 313 ဟူသော ဂဏန်းကို မြင်ရခြင်းမှာ လမ်းမှန်အတိုင်း ချီတက်နေချိန်တွင် မိမိကိုယ်ကိုနှင့် မိမိအရည်အချင်းများကို ယုံကြည်သင့်ကြောင်း အချက်ပြခြင်းဖြစ်သည်ဟု ဆိုသည်။)

တစ်နေ့သောအခါတွင်ကား အခွင့်အလမ်းက တံခါးခေါက်လာသည်။

“ရဲအရာရှိတွေက အိမ်တစ်လုံးရဲ့ရှေ့မှာ သတိပေးစာ (abatement sticker) တွေ ကပ်နေတာ ကျွန်တော် တွေ့လိုက်တယ်။ ကျွန်တော်က သူတို့အနားကို ရောက်တော့….ဘာဖြစ်လို့လဲ ဆရာ…လို့ မေးလိုက်တော့ သူတို့က ….ကျွန်တော်တို့ သူ့ကို သတိပေးစာတွေ ပေးနေတာ ၂ နှစ်ရှိပါပြီ….လို့ သူတို့က ပြောတယ်။” ဟု မာရီယိုက ပြောသည်။

(မှတ်ချက်။ အမေရိကတွင် သတိပေးစာဆိုသည်မှာ နေအိမ်တစ်လုံးတွင် အမှိုက်နှင့် မြက်တောများ ထူနေခြင်း၊ ပြတင်းများကွဲနေခြင်း အစရှိသော ဘေးကင်းလုံခြုံမှု ပြဿနာများရှိနေလျှင်၊ ယခင် ဒဏ်ကြေးငွေများ မဆောင်လျှင်၊ မွမ်းမံထိန်းသိမ်းမှုများ မလုပ်ဘဲ စွန့်ပစ်ထားလျှင် ရဲတပ်ဖွဲ့ (သို့မဟုတ်) မြို့အာဏာပိုင်အဖွဲ့တို့က သတိပေးကပ်လေ့ရှိသည်)

မာရီယိုလည်း အိမ်ပိုင်ရှင်ထံ ဆက်သွယ်ခဲ့ပြီး နေအိမ်ကို ဒေါ်လာ ၆၅၀၀ ပေးမည်ဖြစ်ကြောင်း ပြောကာ ဝယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့သည်။

“အိမ်ရှင်က အဲဒီငွေကို ယူပြီး ကျွန်တော့်ကို ရောင်းပေးလိုက်ပါတယ်။ ကျွန်တော်လည်း ဖြေးဖြေးချင်း အချိန်ယူပြီး အဲဒီအိမ်ကို တစ်ခန်းချင်းစီ ပြန်လည်မွမ်းမံခဲ့ပါတယ်။” ဟု ၎င်းက ပြောသည်။

တံခါးများ ပွင့်လာခဲ့လေပြီ။

မာရီယိုကား ပွင့်လာသော တံခါးများမှ ဝင်ရောက်ရန် ဆုတ်ဆိုင်းမနေ။

သာဓကအားဖြင့် မာရီယိုသည် ရှီနိုလာ (Shinola) စက်ရုံသို့ သွားရောက်လည်ပတ်စဉ် အခွင့်အလမ်းတစ်ခုနှင့် တွေ့ခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ ရှီနိုလာ စက်ရုံမှာ အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့တွင် အခြေစိုက်ပြီး နာရီနှင့် သားရေထုတ်ကုန် အစရှိသော ဖက်ရှင်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ ဖြစ်သည်။)

“ကျွန်တော်တို့ အခန်းတစ်ခုထဲကို ဝင်ပြီး လေ့လာကြတဲ့အခါ အခန်းက တော်တော်လေး ညစ်ပတ်နေပါတယ်။ အဲဒီမှာ စက်ရုံကလူတွေက….စိတ်မကောင်းပါဘူးဗျာ။ သန့်ရှင်းရေးလုပ်တဲ့ ကုမ္ပဏီက လိုအပ်ချက်တွေ ရှိနေတာပါ…လို့ ပြောကြတယ်။ ကျွန်တော်က….ကျွန်တော့်မှာ သန့်ရှင်းရေးကုမ္ပဏီ ထောင်ထားတာ ရှိတယ်…လို့ ပြန်ပြောခဲ့ပါတယ်”

စင်စစ်ကား မာရီယိုသည် သန့်ရှင်းရေးကုမ္ပဏီ ထောင်ထားခြင်း မရှိချေ။

သို့သော် ၎င်းထံတွင် ၂၇ ဒေါ်လာဖိုးခန့်ရှိသော သန့်ရှင်းရေးပစ္စည်းများ ရှိသည်။

ထိုစက်ရုံအခန်းကို သန့်ရှင်းရေးလုပ်ရန် မာရီယို အလုပ်ရသွားသည်။

သို့နှင့် 313 Cleaning အမည်ရှိ သန့်ရှင်းရေးကုမ္ပဏီ စတင်ပေါ်ပေါက်လာသည်။

ယင်းနောက် နောက်ထပ် အခွင့်အလမ်းတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။

“၂၀၂၁ ခုနှစ်ထဲမှာ အလုပ်လုပ်ချင်တဲ့သူတွေ၊ ရုံးသွားချင်တဲ့သူတွေ မရှိသလောက်ဖြစ်ခဲ့တယ်။” (မှတ်ချက်။ COVID-19 ကြောင့်ဖြစ်သည်)

ထိုသို့သော ကာလမျိုးတွင် မာရီယိုက အိမ်ရာမဲ့များနှင့် အလုပ်ရှာရန်မလွယ်သော ရာဇဝတ်မှု နောက်ကြောင်းရှိသူများကို ခေါ်ယူကာ သန့်ရှင်းရေးလုပ်ငန်းလည်ပတ်ခဲ့သည်။

သန့်ရှင်းရေးကုမ္ပဏီများ ရှားပါးနေသော ကာလမျိုးတွင် မာရီယို၏ ကုမ္ပဏီမှာ အလုပ်များ မပြတ်လတ်အောင် ရရှိလာကာ နာမည်ကြီးလာသည်။

“ကျွန်တော်က သန့်ရှင်းရေးသမားပါ။ ကျွန်တော့်ဘဝတစ်ခုလုံးက သန့်ရှင်းရေးနဲ့ စခဲ့တာပါ။ ၂၇ ဒေါ်လာနဲ့ စခဲ့တာပါ။” ဟု မာရီယိုက ပြောသည်။

မိမိ၏ အောင်မြင်ရေးဖော်မြူလာကို လူတိုင်းရယူကျင့်သုံးနိုင်ကြောင်း ၎င်းက ပြောသည်။ မိမိကိုယ်မိမိ ယုံကြည်ကာ အခွင့်အလမ်းပေါ်သည်နှင့် ရယူနိုင်ခြင်းကဲ့သို့ ရိုးစင်းသည့်နည်းလမ်းဖြင့် အောင်မြင်မှုရနိုင်ကြောင်း မာရီယိုက ပြောသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Detroit man goes from homeless to millionaire

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service