(iMyanmarHouse.com မှ ကြီးမှူးကျင်းပသည်။)
ဆေးဆိုင်ခန်းစိတ်ဝင်စားသူများအတွက် Lower Ground ထပ်တွင် ဆေးဆိုင်ခန်းများ zone တစ်ခုအဖြစ် သတ်မှတ်ပြီး အရောင်းစဖွင့်နေပြီဖြစ်သည်။
အဆင့်မြင့် မင်္ဂလာစျေးသစ်သည် နိုင်ငံတကာအဆင့်မီစံချိန်စံညွှန်းများနှင့်အညီ ကျွမ်းကျင်ပညာရှင်များမှ အထပ်ပေါင်း (၁၇) ထပ် (မြေအောက်ထပ် (၂) ထပ်၊ မြေ ပေါ် (၁၅) ထပ်) ဖြင့် တည်ဆောက်ထားသည့် အဆင့်မြင့်ဈေးသစ်ဖြစ်သည်။
ဆိုင်ခန်းပေါင်း (၆၀၀၀) ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး (၁၀) ပေ ပတ်လည် ဆိုင်ခန်းများကို ဝယ်ယူနိုင်မည်။
ဝယ်ယူသူဆိုင်ခန်းပိုင်ရှင်များကို Owner Book ပေးအပ်မည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။
ဈေးဆိုင်ခန်းများ ၊ ရုံးခန်းများ ၊ ဂိုဒေါင်များ (Warehouse) ပါဝင်ပြီး ကုန်ပစ္စည်းများအား အလွယ်တကူ သယ်ယူဖြန့်ဖြူးနိုင်ရန် Cargo Lift များပါဝင်ခြင်း ၊ ကုန်ပစ္စည်းအတင်အချအတွက် သီးသန့် ဧရိယာများထားရှိခြင်း၊ လက်တွန်းလှည်းများနှင့် ပစ္စည်းအထုပ်အပိုးများထားရန် နေရာများသီးသန့်စီစဥ်ပေးခြင်းတို့ ပြုလုပ်ပေးမည်။
လာရောက်လည်ပတ် ဝယ်ယူသူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် လေအေးပေးစက်များ တပ်ဆင်ပေးထားခြင်း၊ စက်လှေကားများ၊ ဓါတ်လှေကားများနှင့် အဆင့်မြင့် Toilet များကိုပါ လုံလောက်စွာ ထည့်သွင်းတည်ဆောက်ပေးသွားမည် ဖြစ်သည်။
လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရန် Generator များထားရှိပေးထားခြင်း၊ ၂၄ နာရီလုံခြုံရေး ကင်မရာများ၊ လုံခြုံရေးဝန်ထမ်းများထားရှိပေးထားခြင်း များပါဝင်ပါသည်။
ကားအစီးရေ (၇၅၀) ခန့် ရပ်နားနိုင်သော ကားပါကင်နေရာများနှင့် လွယ်ကူစွာပစ္စည်းအတင်အချ ပြုလုပ်နိုင်ရန်အတွက် Lorry Carparking များလည်း ပါဝင်လို့ ကားပါကင်အတွက်လည်း ဝန်ဆောင်မှု အပြည့်ရှိစေရန်စီစဉ်ဆောင်ရွက်ပေးထားသည်။
Basement နှစ်ထပ်အပြင် Level - 6, 7 , 8 တို့မှာပါ Car Parkingပါရှိပြီး Basement မှ တိုက်ရိုက်တက်လို့ရသည့် Car Parking နေရာများထားရှိပေးထားမည်ဖြစ်သည်။
အခန်းဝယ်ယူထားသူများအား အခန်းများလက်ရောက်အပ်နှံနေပြီဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရင်းနှီးမြုပ်နှံထားချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် စီးပွားရေးလုပ်ချင်လို့ပဲဖြစ်ဖြစ် အကျိုးမြတ်များစွာရရှိမဲ့ အဆင့်မြင့် မင်္ဂလာစျေးသစ်ကြီးမှ ဆိုင်ခန်းများကို လက်လွှတ်မခံဘဲ ဝယ်ယူထားသင့်ပါတယ်နော်
🟥 Up to 25% Discount
🟥 (၂၄) လအတိုးမဲ့အရစ်ကျစနစ်
တို့ဖြင့် ဝယ်ယူနိုင်သည်။
ကြိုတင်စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်လိုက်ပါ
အဆင့်မြင့် မင်္ဂလာစျေးသစ်မှာ ဘာကြောင့်ဆိုင်ဖွင့်သင့်တာလဲ ?
• အဆင့်မြင့် မင်္ဂလာစျေးသစ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အချက်အချာအကျဆုံး လက်ကားဈေးများထဲမှ တစ်ခုအပါဝင်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်အတူ တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်တဲ့ လူသိများသော ဈေးကွက်တစ်ခုဖြစ်ခြင်း။
• အဆင့်မြင့် မင်္ဂလာစျေး၏ ဆိုင်ခန်းများသည် မျက်နှာစာ ၁၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၁၀ ပေ ကျယ်ဝန်းသော အဆင့်မြင့် လက်လီ/လက်ကား ဆိုင်ခန်းများဖြစ်ခြင်း။
• လေအေးပေးစက်များတပ်ဆင်ပေးထားခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိရအောင် Generator များထားရှိပေးထားခြင်း၊ လျှောက်လမ်း ၁၀ ပေ၊ ၈ပေ၊ ၇ပေ၊ ကျယ်ဝန်းသော လျှောက်လမ်းများဖြင့် တည်ဆောက်ထားခြင်း။
• မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်း ၁၅ မီတာ အကွာတွင် မီးသတ်ဆေးဗူးများ ထားရှိပေးထားခြင်း။
• Auto Sprinkler System များ၊ မီးသတ်ပိုက်လိုင်းများ ထည့်သွင်းတည်ဆောက်ထားခြင်း။
• အဆင့်မြင့် မင်္ဂလာစျေးတွင် လုံခြုံရေးကိစ္စရပ်များအတွက်လည်း လုံခြုံရေးဝန်ထမ်းများက အထူးကြပ်မတ် ဆောင်ရွက်ပေးထားပြီး CCTV ကင်မရာပေါင်းများစွာနှင့် နေရာမလပ် တပ်ဆင်ပေးထားသောကြောင့် လုံခြုံရေးကိစ္စရပ်များ၊ အပျောက်အရှကိစ္စရပ်များကို ကာကွယ်စောင့်ရှောက် ကြပ်မတ်ပေးနိုင်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း။
• ရန်ကုန်မြို့လယ် (Down Town) နေရာတွင် တည်ရှိပြီးတော့ ကားပါကင်နှင့် အဝင်အထွက်လမ်းများ၊ Walkway ဧရိယာများကျယ်ပြန့်ခြင်း၊ ဓာတ်လှေကား/ အများသုံးစက်လှေကားများအပြင်
ကုန်ပစ္စည်းများ သယ်ယူရာတွင် လွယ်ကူချောမွေ့စေရန် Cargo Lift တပ်ဆင်ပေးထားခြင်း စသည့်အားသာချက်များစွာပါရှိသောကြောင့် လာရောက်လည်ပတ်ဝယ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဝင်/ထွက် သွားလာနိုင်ခြင်း။
• အဆင့်မြင့် မင်္ဂလာစျေးကြီး အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံရှိ အထင်ကရဘဏ်များ၊ ATM စက်များ တည်ရှိခြင်းတို့ကြောင့် ငွေကြေးကဏ္ဍအတွက်လည်း စိတ်ပူစရာမလိုပဲ များစွာလွယ်ကူအဆင်ပြေစေခြင်းတို့ကြောင့် လက်မလွှတ်ဘဲ ဝယ်ယူထားသင့်ပါတယ်။
ကြိုတင်စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်လိုက်ပါ
Map
Upcoming Property Events
12 July 2025 to 13 July 2025 အရှေ့မြင်းပြိုင်ကွင်း လမ်းမကြီးပေါ်ရှိ အသင့်နေ ERC Luxury Condo အခန်းများ အရောင်းပြပွဲ
12 July 2025 to 13 July 2025 သိန်း ၂၆၀၀ ဝန်းကျင်နှင့် အသင့်နေလို့ရမည့် ရန်ကုန်မြို့လယ်ရှိ Magical World အသစ်စက်စက်ကွန်ဒိုအခန်းများအရောင်းပြပွဲ
Properties For Sale\Rent In Yangon