ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ - Property News in Myanmar from iMyanmarHouse.com
19 May 2025 11:19 am တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာပေါ်တွင် ဈေးများ ပေါ်ပေါက်ခဲ့သည်မှာ ရာစုနှစ်များစွာရှိခဲ့ပြီ ဖြစ်သည်။

ကုန်စည်ချင်း တိုက်ရိုက်လဲလှယ်သည့် ဘာတာစနစ်မှသည် ငွေကြေးဖြင့် လဲလှယ်သည့် စနစ်သို့ ကူးပြောင်းလာခဲ့သည့် လူ့သမိုင်းတလျှောက် ဈေးများမှာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သစ်သီးဝလံဈေး၊ ကုန်စိမ်းဈေး၊ အထည်ဈေး၊ သားငါးဈေးများ၊ စာရေးကိရိယာပစ္စည်းရောင်းသည့်လမ်းများ၊ လျှပ်စစ်ပစ္စည်းရောင်းသည့်လမ်းများအကြောင်း ထိတွေ့ရင်းနှီးကြမည်ဖြစ်သော်လည်း ထိုအရာများမှ ကွဲထွက်ကာ တမူထူးခြားသော ဈေးများရှိရာ ငွေစက္ကူများ ရောင်းချသည့် ဈေးလည်း အပါအဝင် ဖြစ်သည်။

Somaliland နိုင်ငံ၏မြို့တော် Hargeisa တွင် ထူးခြားသည့် ငွေစက္ကူဈေးတစ်ခု တည်ရှိနေသည်။

ငွေစက္ကူဈေးသို့ ငွေစက္ကူများဝယ်ရန် လူအများရောက်လာကြပြီး အိတ်တစ်လုံးအပြည့် ငွေစက္ကူများ လာရောက် ဝယ်ယူကြသည်။

အဘယ်ကြောင့် ငွေစက္ကူများကို ဈေးထဲတွင် လာဝယ်ရသနည်း။

Somaliland သည် အာဖရိက ဦးချိုဒေသတွင် တည်ရှိပြီး ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ခဲ့ပြီး မိမိဘာသာ လွတ်လပ်ရေး ကြေညာခဲ့သော နိုင်ငံဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ Somaliland ကို လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်း မရှိချေ။

နိုင်ငံလူဦးရေမှာ ၄ သန်းဝန်းကျင်ရှိသည်။

Somaliland တွင် အသုံးပြုသော ငွေကြေးမှာ ရှီလင် (shilling) ဖြစ်သည်။ သို့သော် အဆိုပါငွေကြေးသည် Somaliland ၏ ပြင်ပတွင် တန်ဖိုးမရှိချေ။

(▲ ငွေစက္ကူမှာ တန်ဖိုးနိမ့်လှသောကြောင့် ဈေးဝယ်ထွက်သူတို့မှာ အိတ်အပြည့်ဖြင့် ငွေထည့်လာရလေ့ရှိသည်။ ဓာတ်ပုံ-AFP/ Simon Maina)

ဟင်းသီးဟင်းရွက် ဝယ်မည်ဆိုလျှင်ပင် ငွေအိတ်လိုက်ယူလာရသည်။

အကယ်၍ ရွှေဆွဲကြိုးတစ်ကုံးဝယ်လိုလျှင်မူ ကားတစ်စီးငှားကာ ကားတစ်စီးတိုက် ငွေစက္ကူများ သယ်လာရမည် ဖြစ်သည်။

ထို့ကြောင့် ထိုမျှများပြားသော ငွေစက္ကူများ ရနိုင်ရန် ငွေစက္ကူဈေးသို့ သွားကာ ဝယ်ယူကြရသည်။

Somaliland တွင် လူအများစုမှာ သျှီလင်ငွေစက္ကူများကို အလေးခံကာ မသယ်ကြ။ ငွေစက္ကူ တပုံတပင် သယ်ဆောင်ရမည်မှာ ခက်ခဲသောကြောင့် အများစုမှ အွန်လိုင်းငွေပေးချေမှုကိုသာ ပိုမိုလုပ်ဆောင်ကြသည်။

အမေရိကန်ဒေါ်လာ (သို့မဟုတ်) mobile money များဖြင့်သာ ပေးချေကြမှု များသည်။

Somaliland တွင် တောင်းရမ်းစားသောက်သူများသည်ပင်လျှင် စမတ်ဖုန်းများ ကိုင်ဆောင်ထားပြီး ဖုန်းမှတဆင့် ငွေလွှဲပေးခြင်းများကို လက်ခံကြသည်။

(▲ Somaliland တွင် ဈေးဆိုင်များနှင့် ဈေးဝယ်သူများမှာ အင်တာနက်မလိုသော ဖုန်း ပရိုဂရမ်များမှတဆင့် ငွေပေးချေကြသည်။ ဓာတ်ပုံ-Matthew Vickery)

Somaliland ၏ စီးပွားရေးမှာ ချိနဲ့လျက်ရှိနေဆဲဖြစ်သည်။

နိုင်ငံ၏ နယ်မြေအများစုမှာ ခြောက်သွေ့ကာ သဲဆန်သည်။

အသက်ရှင်ရပ်တည်ရေးအတွက် အထောက်အကူပေးနေသည့် လုပ်ငန်းနယ်ပယ် အနည်းငယ်အနက် ခရီးသွားလုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။

အလုပ်အကိုင်ရှားပါးသောကြောင့် အများစုမှာ တနိုင်တပိုင် အလုပ်များ လုပ်ကြသည်။

Somaliland သည် ငွေသုံးစွဲရန်အတွက် ငွေဝယ်ယူရသော နေရာဖြစ်နေသည်မှာ စိတ်ဝင်စားဖွယ်ပင်။

(▲ Somaliland တွင် တပုံတပင် သယ်ယူသုံးစွဲရသော တန်ဖိုးနိမ့် ငွေစက္ကူများထက် digital ငွေပေးချေမှုဆီသို့ ကူးပြောင်းလာနေကြသည်။ ဓာတ်ပုံ-Matthew Vickery)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: A Market Where You Don’t Buy With Money — You Buy The Money Itself! (thefinancialexpress) Photo Credit-Matthew Vickery, AFP/ Simon Maina

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service