အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ - Property News in Myanmar from iMyanmarHouse.com
15 May 2025 10:54 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်တွင် EuroMillions Jackpot ဆုကြီး ကံထူးခဲ့သူ အေဒရီယန် ဘေးဖို့ထ် (Adrien Bayfort) သည် ချမ်းသာဓနနှင့် ပျော်ရွှင်မှုတို့အပေါ် အများလက်ခံထားသည့် လမ်းကြောင်းမျိုးမှ ကျောခိုင်းသွားပုံဖြစ်ရပ်မှာ သတင်းထူးတစ်ရပ်ဖြစ်နေသည်။

အေဒရီယန်သည် ပေါင် ၇ ဒသမ ၆ သန်းတန် နေအိမ်ကြီးတွင် ဆယ်စုနှစ် တစ်ခုကျော် နေထိုင်ခဲ့ပြီးနောက် ရိုးရှင်းသောဘဝတွင် ပြန်လည်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

အေဒရီယန်သည် ယခင်က စာပို့သမားတစ်ဦး ဖြစ်သည်။

ယခုအခါ အေဒရီယန်က အသက် ၈၀ အရွယ် မိခင်ကြီးနှင့်အတူ အိပ်ခန်း ၄ ခန်းပါ သာမန်အိမ်လေးတွင် ပြန်လည်နေထိုင်လျက် ရှိသည်။

((စာပို့သမားဘဝမှ သန်းကြွယ်သူဌေးဘဝသို့ နေ့ချင်းညချင်း ရောက်ရှိခဲ့ခြင်း))

၂၀၁၂ ခုနှစ်အတွင်း အေဒရီယန်၏ ဘဝမှာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့သည်။

EuroMillions Jackpot ဆုကြီး ကံထူးခဲ့ခြင်းဖြစ်ပြီး ပေါင် ၁၄၈ သန်း (ယူရို ၁၇၂ သန်း) ရရှိခဲ့သည်။

အခြားသော ထီကံထူးသူ များစွာနည်းတူ အေဒရီယန်၏ ဘဝမှာလည်း ချက်ချင်း တောက်ပသွားခဲ့သည်။

အေဒရီယန်သည် လန်ဒန်မြို့မြောက်ဘက် ကိန်းဘရစ်ရှိုင်းယားခရိုင်တွင် ခမ်းနားလှသော စံအိမ်ကြီးတစ်လုံးကို ဝယ်ယူခဲ့သည်။

Horseheath Lodge ဟု အမည်ရပြီး ခြံဝန်းမှာ ၁၈၉ ဟက်တာခန့်အထိ ကျယ်ဝန်းသည်။

ခြံဝန်းကျယ်ကြီးအတွင်း မြင်းဇောင်းများစွာလည်း ပါဝင်သည်။

စိုင်ကော်၍ ခြုံပေါ်ရောက်သူများစွာရှိနေသည့် ကမ္ဘာကြီးတွင် အေဒရီယန်၏ အဖြစ်မှာ မထူးဆန်းလှ။

များစွာသော ထီကံထူးသူတို့မှာ တစ်သက်တာ မကြုံဖူးသော ဓနစည်းစိမ်နှင့် luxury ဖြစ်မှုတို့အား ကိုင်တွယ် ထိန်းသိမ်းရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ကြရသည်။

အချို့မှာ ဆင်းရဲချမ်းသာ လောကဓံအပြောင်းအလဲကို ကောင်းစွာကိုင်တွယ်နိုင်သော်လည်း အချို့မှာမူ ချမ်းသာဓနနှင့်အတူပါလာသည့် တာဝန်များနှင့် ရုန်းကန်ရတော့သည်။

အချို့သော ဖြစ်ရပ်များတွင် ရုတ်ချည်းရလာသော စည်းစိမ်များကြောင့် ကြေကွဲဖွယ်ဖြစ်ရပ်များနှင့် အဆုံးသတ်ကြရသည်။

ဒေါ်လာ ၃၂ သန်း ထီပေါက်ခဲ့သော အမျိုးသားတစ်ဦးဆိုလျှင် ထီပေါက်ပြီး တစ်လခန့်အကြာတွင် သေဆုံးသွားခဲ့သည်။

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်သော အေဒရီယန်၏ ဘဝမှာ မမျှော်လင့်ထားသော အပြောင်းအလဲများနှင့် ကြုံတွေ့ရသည်။

သူ၏ စံအိမ်ကြီးမှာ ကြီးကျယ်ခမ်းနားလှသော်လည်း နာကျင်ဖွယ်ရာ အမှတ်ရဖွယ်များ အတိပြီးနေသည်။

အေဒရီယန်က Jillian နှင့် လက်ထပ်ပေါင်းသင်းစဉ်ကာလအတွင်း ယခုစံအိမ်ကြီးကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထီကံထူးပြီး တစ်နှစ်ခန့်အကြာတွင် ၎င်းတို့၏ အိမ်ထောင်ရေး အဆုံးသတ်သွားသည်။

၎င်းတို့ ကွာရှင်းပြတ်စဲပြီးနောက် Jillian က သားသမီးများနှင့်အတူ စကော့တလန်သို့ ပြန်သွားပြီး အေဒရီယန်နှင့် တဖြည်းဖြည်း အဆက်အသွယ် ပြတ်သွားသည်။

((တန်ဖိုးကြီး စံအိမ်ကြီးကို ဘာကြောင့် ကျောခိုင်းခဲ့တာလဲ))

အေဒရီယန်က ယခုစံအိမ်ကို ရောင်းထုတ်ရန် ၃ နှစ်ခန့် ကြိုးစားခဲ့ပြီးနောက် ရောင်းမထွက်ခဲ့။

ယင်းနောက်ပိုင်း အေဒရီယန်က စံအိမ်ကြီးကို ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။

၎င်းနှင့် နီးစပ်သော သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ Horseheath Lodge စံအိမ်ကြီးတွင် ၎င်း၏ မအောင်မြင်ခဲ့သော အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အမှတ်ရဖွယ်များ များစွာရှိနေသဖြင့် ယခုစံအိမ်တွင် ပျော်ရွှင်မှုရရန် ခက်ခဲကြောင်း ပြောကြသည်။

အေဒရီယန်က ခမ်းနားသောစံအိမ်ကြီးကို ကျောခိုင်းကာ အေးချမ်းဆိတ်ငြိမ်သော သာမန်ဘဝတွင် ဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည်။

ကြွယ်ဝချမ်းသာသူတို့အကြား အေဒရီယန်ကဲ့သို့ စိတ်ခံစားချက်မျိုးဖြစ်လာသူများ များပြားနေသည်။

ရုပ်ဝတ္ထုပစ္စည်းတို့မှာ စိတ်ကျေနပ်ရောင့်ရဲပျော်ရွှင်မှုအတွက် အထူးတလည် အထောက်အပံ့မပေးကြောင်း သိလာကြခြင်း ဖြစ်သည်။

အေဒရီယန်၏ စံအိမ်မှာ အရောင်းဈေးကွက်တွင် ရှိနေဆဲဖြစ်ပြီး ပေါင် ၇ ဒသမ ၆ သန်း ဈေးခေါ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Having become rich from the lottery, he leaves his mansion, worth $7.6 million, to move back in with his mother

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service