တန်ဖိုးနည်းအိမ်ခန်းများကို ၂၀၁၉ တွင် ဟောင်ကောင်အစိုးရ ရောင်းချမည်

တန်ဖိုးနည်းအိမ်ခန်းများကို ၂၀၁၉ တွင် ဟောင်ကောင်အစိုးရ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 10:40 am တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၌ အစိုးရ၏ တန်ဖိုးနည်းအိမ်ခန်းပထမအသုတ်အတွက် ရှေ့လ (ဇန်နဝါရီ) တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသော ဟောင်ကောင်စီးပွားရေးဂျာနယ် Hong Kong Economic Journal က အမည်မဖော်လိုသူရင်းမြစ်အချို့ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပထမဆုံးအကြိမ်အိမ်ဝယ်ယူမည့်သူများ အဆင်ပြေစေရေး ကူညီရန်ကြိုးပမ်းမှုအဖြစ် ဟောင်ကောင်အစိုးရက Kowloon အရပ်ရှိ လူနေအိမ်ခန်း ၄၅၀ ကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၆၆၂) ဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးအောက် ၃၈ ရာခိုင်နှုန်း လျော့နည်းသည်။

"'ဒီအစီအစဉ်က အိမ်ပိုင်ရှိလိုသူတွေအများကြီးထဲက အနည်းငယ်ကိုမှ အနည်းငယ်လေးအတွက်ပဲ အဆင်ပြေစေမှာပါ" ဟု ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ JLL ၏ သုတေသနခေါင်းဆောင် ဒန်းနစ်မာက ဘလွန်းဘတ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါအိမ်ခန်းဝယ်ယူခွင့်အား လစဉ်ဝင်ငွေ ဟောင်ကောင်ဒေါ်လာ ၃၇,၀၀၀ ထက် မပိုသော အမြဲတမ်းနေထိုင်ခွင့်ရရှိသူ မည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်သည်။ ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်ခေါင်းဆောင်အဖြစ် ကယ်ရီလမ် ရွေးကောက်ခံရပြီးနောက် သူမ၏ ပထမဆုံးမိန့်ခွန်းတွင် အဆိုပါတန်ဖိုးနည်းအိမ်ခန်းအစီအစဉ်ကို အဦးဆုံးပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောကြားပြီးနောက် သူမသည် ဟောင်ကောင်အိမ်ခန်းပိုင်ဆိုင်နိုင်စွမ်းအကျပ်အတည်းအား သက်သာစေရေး စီမံမှုများ ဖင့်နှေးနေခဲ့သည်ဟု ဝေဖန်သူများက သုံးသပ်ထားသည်။

ဟောင်ကောင်အိမ်ဈေးများသည် ပြီးခဲ့သည့် လေးလအတွင်း ဆက်တိုက်ကျဆင်းနေခဲ့သော်လည်း ငါးနှစ်အတွင်းမူ ၅၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း Centaline အိမ်ခြံမြေအေဂျင်စီ၏ သုတေသနတစ်ရပ်ကို ကိုးကား၍လည်း ဘလွန်းဘတ်က ဖော်ပြခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service