Amazon သူဌေးကြီး ဂျက်ဖ်ဘီဇော့ မျက်စိကျနေသော ၃ ထပ်တွဲ penthouse ခန်း ဝယ်လက်ပေါ်သွားပြီ

Amazon သူဌေးကြီး ဂျက်ဖ်ဘီဇော့ မျက်စိကျနေသော ၃ ထပ်တွဲ penthouse ခန်း ဝယ်လက်ပေါ်သွားပြီ - Property News in Myanmar from iMyanmarHouse.com
24 May 2019 11:13 am တွင် တင်ခဲ့သည်
1120 ကြိမ် ကြည့်ရှု့ပြီး

နယူးယောက်မြို့၊ မက်ဒီဆင် စကွဲယားပန်းခြံကို စီးမိုးတွေ့မြင်နေရသည့် ၃ ထပ်တွဲ penthouse ခန်းတစ်ခန်းရှိပြီး Amazon သူဌေးကြီး ဂျက်ဖ်ဘီဇော့က ဝယ်ယူရန် မျက်စိကျနေသည့် အခန်းလည်း ဖြစ်သည်။

အရောင်းအဝယ်ဖြစ်သွားသည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၈ သန်းဖြစ်ရာ မူရင်းခေါ်ဈေးအောက် များစွာ နည်းပါးနေသည်။

နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၂၁၂ အဆောက်အအုံတွင် တည်ရှိသော အဆိုပါ triplex penthouse ခန်းကို ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၇၃ ဒသမ ၈ သန်း ဈေးခေါ်ထားခဲ့ဖူးသည်။

အဆောက်အအုံကြီး၏ developer ဖြစ်သော Madison Equities ကုမ္ပဏီမှ ရောဘတ် ဂလက်စတုန်း၏ ပြောကြားချက်အရမူ ယခု ဝယ်ယူသွားသည့် ဝယ်လက်မှာ ဂျက်ဘီဇော့မဟုတ်ဟု ဆိုသည်။

penthouse ခန်း တည်ရှိရာဒေသသည် နာမည်ကျော်ဒေသတစ်ခုဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ချယ်လ်ဆီးကလင်တန် နေထိုင်လျက်ရှိသော ဒေသဖြစ်သည့်အပြင် ဂျနီဖာလိုပက်ဇ်လည်း နေထိုင်ခဲ့ဖူးသည်။

ရောင်းထွက်သွားသော penthouse ခန်းကို Crown penthouse ဟု လူသိများသည်။

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည့်အပြင် ballroom တစ်ခန်းလည်း ပါဝင်ရာ ဂျက်ဘီဇော့က သူ၏အချစ်သစ် လော်ရန် ဆန်းချက်နှင့် ဝေါ့ဇ်အကကရန် စိတ်ကူးခဲ့ပုံရသည်။

အဆောက်အအုံတွင် အစားအစာ သိုလှောင်သည့်အအေးခန်း၊ အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်သည်။

ဂျက်ဘီဇော့သည် အချစ်သစ်ရပြီးနောက် နေအိမ်ရှာဖွေမှုများ ပြုလုပ်လာရာတွင် ပန်းခြံရိပ်သာလမ်း အမှတ် ၄၃၂ အဆောက်အအုံတွင် လည်းကောင်း၊ ချယ်လ်ဆီးအရပ်ရှိ Walker Tower တွင်လည်းကောင်း နေအိမ်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

(ဂျက်ဘီဇော့၏ နေအိမ်ရှာဖွေပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/820692 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)

ထို့အပြင် လော့စ်အိန်ဂျလိရှိ ဒေါ်လာ ၈၈ သန်းတန် နေအိမ်ကြီးတစ်လုံးကိုလည်း လော်ရန်ဆန်းချက်နှင့်အတူ တိတ်တဆိတ် သွားရောက်ကြည့်ရှုခဲ့ဖူးသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/814521 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)

Crown penthouse တွင် လူနေဧရိယာ စတုရန်းပေ ၁၀၀၀၀ ကျော်အပြင် လသာဆောင်နေရာအကျယ်အဝန်း စတုရန်းပေ ၅၇၃၀ ပါဝင်သည်။

အဆောက်အအုံ အချက်အလက်များ

အခန်းပေါင်း ၄၈ ခန်း

အထပ်ပေါင်း ၂၄ ထပ်

ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၁၂ ခုနှစ်

ဗိသုကာအဖွဲ့- Helpern Architects

Developer:         Thor Equities, Madison Equities, နှင့် Building and Land Technology (BLT)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service