Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ - Property News in Myanmar from iMyanmarHouse.com
15 May 2025 11:16 am တွင် တင်ခဲ့သည်
521 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့် ဂျင်မ်ကာရေးက ကာလကြာရှည်ပိုင်ဆိုင်ခဲ့သည့် လော့စ်အိန်ဂျလိစံအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ထပ်မံ ဈေးလျှော့ပေးလာသည်။

လော့စ်အိန်ဂျလိမြို့ ၊ ဘရန့်ဝုဒ်အရပ်တွင် တည်ရှိပြီး ခြံဝန်းအကျယ် ၂ ဧကရှိသော စံအိမ်ကို ဂျင်မ်ကာရေးက ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စတင်အရောင်းဈေးကွက်တင်ခဲ့သည်။

ယင်းနောက် အကြိမ်ကြိမ်ဈေးလျှော့ပေးခဲ့ပြီးနောက်ပိုင်း ထိုနှစ် ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်းဖြင့် ဈေးတည့်သွားသည်။

သို့သော် အရောင်းအဝယ်မဖြစ်ခဲ့ဘဲ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် အရောင်းဈေးကွက်သို့ ပြန်ရောက်လာသည်။

ဂျင်မ်ကာရေး ယခုဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၁၈ ဒသမ ၇၅ သန်း ဖြစ်သည်။

ဂျင်မ်ကာရေး နောက်ဆုံးပါဝင်သရုပ်ဆောင်ထားသည်မှာ Sonic the Hedgehog 3 (2024) ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး ကီနူးရိဗ်လည်း ပါဝင်သည်။

ဂျင်မ်ကာရေးသည် လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်၊ North Tigertail Canyon လမ်းရှိ နေအိမ်ကို ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်မှာ ယာတောအိမ်အသွင်ဖြင့် ၁၉၅၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်းပါဝင်သည်။

ထို့အပြင် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ရုပ်ရှင်ကြည့်ခန်း၊ နေစာလှုံခန်း၊ ရေကူးကန်ဘေး deck နှင့် တဆက်တည်းရှိသော အမိုးပါသည့် နားနေဆောင်၊ ရေတံခွန်တို့ ပါဝင်သည်။

ပန်းဥယျာဉ်နေရာဆီသို့ လူသွားလမ်းလေးများဖြင့် ဆက်သွယ်ပေးထားပြီး လမ်းတစ်ခုမှာ ယောဂလေ့ကျင့်သည့် အဆောင်တစ်ခုဆီသို့ ရောက်သည်။

(▲ နေအိမ်အတွင်း အိပ်ခန်း ၅ ခန်းပါဝင်ပြီး ခြံအကျယ်မှာ ၂ ဧကခန့် ရှိသည်။ ဓာတ်ပုံ-Simon Berlyn for Sotheby’s International Realty) 

အရောင်းဈေးကွက်တင်ပေးသော Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Graham J.Larson ၏ ပြောပြချက်အရ ခြံဝန်းအတွင်း တင်းနစ်ကွင်းနှင့် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ ဂျင်မ်ကာရေး၏ အိမ်မှာ မီးသင့်ခဲ့ခြင်းမရှိသော်လည်း တောမီးမှာ ဘရန့်ဝုဒ်နှင့် Palisades တို့အကြားရှိ Mandeville Canyon အရပ်သို့ ဦးတည်ခဲ့ရာ ထိုဒေသတွင် နေထိုင်သူများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: (The five-bedroom home is located on a 2-acre lot. Simon Berlyn for Sotheby’s International Realty) MANSION GLOBAL

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service