မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ - Property News in Myanmar from iMyanmarHouse.com
27 Apr 2025 12:50 pm တွင် တင်ခဲ့သည်
688 ကြိမ် ကြည့်ရှု့ပြီး

၁။ မြွေကျွန်း၊ ဘရာဇီး

- ဘရာဇီးနိုင်ငံ Sao Paulo ကမ်းရိုးတန်းအလွန် ၉၃ မိုင်ခန့်မှာ ရှိပါတယ်။ အဲ့ဒီမှာ မြေ ၁၀ စတုရန်းပေတစ်ကွက်စာမှာတင် မြွေကောင်ရေ တစ်ကောင်ကနေ ငါးကောင်အကြားရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ ရွှေရောင်လှံတံထိပ်ပုံဦးခေါင်းတွေရှိကြတဲ့ အဲ့ဒီမြွေတွေဟာ သူတို့ကိုက်လိုက်တဲ့နေရာတစ်ဝိုက်က အသားကို တစ်စစီဖြစ်သွားစေနိုင်တဲ့ အဆိပ်တွေရှိကြပါတယ်။ ဒါကြောင့်မို့ပဲ အဲ့ဒီမြွေကျွန်းကို လူတွေလည်ပတ်ခွင့်မပြုထားတာပဲ ဖြစ်ပါတယ်။

၂။ လက်စ်ကော့လိုဏ်ဂူ၊ ပြင်သစ်

- ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ လက်စ်ကော့စ်လိုဏ်ဂူဟာ နှစ် ၂ သောင်းခန့် သက်တမ်းရှိ ရင်သပ်ရှုမောဖွယ် ကျောက်ခေတ်ဦးပန်းချီလက်ရာများစွာရဲ့ နေအိမ်ကြီးပဲ ဖြစ်ပါတယ်။ လိုဏ်ဂူနံရံတွေမှာ ရေးဆွဲထားတဲ့ အဲ့ဒီပန်းချီရုပ်ပုံတွေကတော့ သမင်၊ ဒရယ်၊ ကျွဲ၊ နွား၊ နွားလားဥဿဖ၊ ကြောင် စတာတွေပဲ ဖြစ်ပါတယ်။ ၁၇ ပေလောက်ရှည်တဲ့ ကျွဲတစ်ကောင်ပုံပါဝင်တဲ့ ကျွဲလေးကောင်ပါနံရံပန်းချီရှိတဲ့ ကျွဲခန်းမထဲက အဲဒီပန်းချီလက်ရာကတော့ အံ့သြမင်သက်ဖွယ်အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီလိုဏ်ဂူမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့မှိုတွေရှိလာတာကြောင့် ၁၉၆၀ ပြည့်နှစ်ကတည်းက အများပြည်သူဝင်ရောက်လည်ပတ်ခွင့်ကို တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။ လူသားတွေလာရောက်လည်ပတ်မှုကြောင့် ပန်းချီလက်ရာတွေပျက်စီးသွားမယ့်အရေးစိုးရိမ်တာကြောင့်လည်း ပါတာပေါ့နော်။

ဒါပေမဲ့လည်း အဲ့ဒီလိုဏ်ဂူနံဘေးမှာ ပုံစံတူလိုဏ်ဂူနဲ့ ပြတိုက်တစ်ခုကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်လိုက်ပြီမို့ ဝမ်းနည်းစရာမလိုတော့ပါဘူးနော်။

၃။ Area 51၊ အမေရိကန်

- နီဗားဒါးကန္တာရထဲက ဖုံးကွယ်ထားတဲ့ ဒီစစ်အခြေစိုက်စခန်း Area 51 ဟာ သူရဲ့ရည်ရွယ်ချက်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ် အချိန်အတန်ကြာထိန်းသိမ်းလာပါတယ်။ လူတော်တော်များများကတော့ Area 51 ဟာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတွေကို စမ်းသပ်ဖို့အတွက်လို့ ထင်မြင်နေကြပါတယ်။ သေချာတာတစ်ခုကတော့ အဲ့ဒီတားမြစ်နေရာကို ဝင်ရောက်ဖို့ကြိုးပမ်းမယ်ဆို အန္တရာယ်များမှာပါပဲ။ ဘာလို့ဆို အဲ့ဒီမြေပြင်ကို မိုင်းတွေနဲ့ အခြားအကာအကွယ်တွေနဲ့ ကာကွယ်ထားတာမို့ပါ။

၄။ North Sentinel ကျွန်း (မြောက်ကင်းကျွန်း)၊ အိန္ဒိယ

- ဘင်္ဂလားပင်လယ်အော်ရှိ အန်ဒမန်ကျွန်းစုရှိ ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ မြောက်ကင်းကျွန်းက ကျွန်းသူကျွန်းသားတွေဟာ ယနေ့ခေတ်ကမာ္ဘကြီးရဲ့ လွှမ်းမိုးမှုတွေကို ကာလရှည်ကြာဆန့်ကျင်လာခဲ့တာပါ။ သူတို့တွေဟာ ကျွန်းပြင်ပလောကက အပြင်လူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ကို ငြင်းဆန်ထားကြပြီး သူတို့ရဲ့ သီးခြားဖြစ်တည်မှုကို အပြင်းအထန်ကာကွယ်ဖို့ပဲ ဆန္ဒရှိနေကြပါတယ်။ ၂၀၀၄ ဆူနာမီပြီးနောက် အိန္ဒိယကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့ဟာ အဲ့ဒီကျွန်းဝေဟင်ပေါ်ကနေ ထောက်လှမ်းမှုတစ်ခုပြုလုပ်စဉ်မှာ ကျွန်းပေါ်က တောအုပ်တွေထဲကနေ လူတွေထွက်ပေါ်လာပြီး တပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ကို မြားတွေနဲ့ပစ်ခဲ့ကြပါတယ်။

မြောက်ကင်းကျွန်းသူကျွန်းသားတွေ အဲ့ဒီကျွန်းပေါ်မှာ နေထိုင်လာခဲ့ကြတာဟာ နှစ်ပေါင်း ခြောက်သောင်းခန့်ရှိပါပြီ။ သူတို့ကို အိန္ဒိယအစိုးရက အကာအကွယ်ပေးထားပြီး ဘယ်လိုဧည့်သည်မျိုးမှ မသွားရောက်ကြဖို့ တားမြစ်ပေးထားပါတယ်။

၅။ ဘိုဟီးမီးယန်းတောအုပ်၊ အမေရိကန်

- ကယ်လီဖိုးနီးယားပြည်နယ် မွန်တီရီယိုမြို့ရှိ ဧကပေါင်း နှစ်သောင်းခုနစ်ထောင်ကျယ်ဝန်းတဲ့ ဒီအထူးပြင်ဆင်ထားတဲ့တောအုပ်ထဲမှာ နှစ်စဉ်ဇူလိုင်လတိုင်း ကမာ္ဘ့ထိပ်တန်းအရေးကြီးပုဂ္ဂိုလ်တွေအတွက် သီတင်းပတ်နှစ်ပတ်ကြာ စိတ်လွတ်ကိုယ်လွတ်စားသောက်ပျော်ရွှင်ပွဲကြီးကို ကျင်းပလေ့ရှိပါတယ်။ ဒီတောအုပ်ကို အမေရိကန်သမ္မတတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ဂီတပညာတွေပဲ လာရောက်ခွင့်ရှိပါတယ်။

၆။ Ise (အီဆေး) မဟာဗိမာန် ၊ ဂျပန်

- ဗိမာန်ပေါင်း ၈ သောင်းလောက်ရှိတဲ့ ကျွန်းနိုင်ငံ ဂျပန်မှာ အိုင်ဆဲမဟာဗိမာန်လောက် ဘယ်ဗိမာန်ကမှ ပိုအရေးမကြီးပါဘူး။ သူ့ရဲ့အနုစိတ်ဗိသုကာလက်ရာတွေကြောင့် နိုင်ငံ့တန်ဖိုးအကြီးဆုံးဗိမာန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒေါ်လာတစ်သန်းတန်တယ်လို့ သိရပါတယ်။ သဘာဝတရားရဲ့ သေဆုံးခြင်းနဲ့ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုတဲ့ ရှင်တိုဓလေ့ရိုးရာအရ ဒီဗိမာန်ကို နှစ် ၂၀ ကြာတိုင်း ပြန်လည်တည်ဆောက်ပါတယ်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ်ပြန်လည်တည်ဆောက်ထားတာပါ။ ဂျပန်တော်ဝင်မိသားစုဝင်တွေပဲ ဒီဗိမာန်ထဲကို ဝင်ခွင့်ရှိတာပါ။

၇။ ဟာ့ဒ်ကျွန်း၊ သြစတြေးလျ

- ကမာ္ဘ့အစွန်အဖျား၊ ဝေးလံခေါင်သီဆုံးကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဟာ့ဒ်ကျွန်းကို ဥပဒေသတ်မှတ်ချက်အရ သြစတြေးလျက ပိုင်ပေမဲ့ သူ့ကို မာဒါဂတ်စ်ကာနဲ့ အန္တာတိကအကြားတစ်နေရာမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အသက်ဝင်ဆဲမီးတောင်နှစ်လုံးကြောင့် လူသိများပြီး ကျွန်းရဲ့ဧရိယာတော်တော်များများက ရေခဲလွှမ်းခံထားရပါတယ်။ ပင်လယ်ဖျံ၊ ငှက်တွေနဲ့ ပင်ဂွင်းအမျိုးအစားလေးမျိုးတို့ နေထိုင်ကျက်စားကြပါတယ်။ လူတွေသွားရောက်လည်ပတ်ခွင့်မရှိပေမဲ့ သိပ္ပံပညာရပ်ဆိုင်ရာအကြောင်းပြချက်တွေအတွက်တော့ အနီးရှိ မက်ဒေါ်နယ်ကျွန်းအထိ သွားရောက်လို့ရပါတယ်။

၈။ ပိုဗေဂလီယာ၊ အီတလီ

- အီတလီမြောက်ပိုင်းရှိ ဗင်းနစ်နဲ့ လီဒိုမြို့တို့အကြားက ကျွန်းငယ်လေးဖြစ်ပါတယ်။ အဲ့ဒီကျွန်းဟာ သေဆုံးသွားသူတွေရဲ့ အဆင့်မြင့်အိမ်ခြံမြေတစ်ခုအဖြစ် ရာစုနှစ်များစွာ ဖြစ်တည်လာပါတယ်။ ၁၄ ရာစုမှာ ပလိပ်ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထုတ်ထားရာနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉ ရာစုနှစ်မှာတော့ အီတလီမြောက်ပိုင်းက စိတ်မကျန်းမာသူတွေအတွက် ခိုလှုံရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကျွန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ဆရာဝန်တစ်ယောက်က လူနာတွေကို စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ကောလာဟလတွေရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီမှာနေထိုင်ခဲ့ပြီး နှိပ်စက်ခံရကာသေဆုံးသွားခဲ့ပြီး သရဲတစ္ဆေတွေအဖြစ် မကျွတ်မလွတ်ကြသေးတဲ့ ဝိညာဉ်တွေရဲ့ ကျက်စားရာနေရာတစ်ခုအဖြစ် စွန့်ပစ်ခံထားရပါတယ်။ အီတလီနိုင်ငံသားတွေရော ခရီးသွားဧည့်သည်တွေကိုပါ သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ အီတလီရဲ့ သရဲအခြောက်ဆုံးနေရာအဖြစ် ယူဆခံထားရတယ်လို့လည်း သိရှိရပါတယ်ရှင်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service