နယူးယောက်မြို့ သူကြွယ်များနေထိုင်ရာဒေသတွင် ဟိုတယ်တစ်လုံးကို အမျိုးသားများအတွက် အိမ်ရာမဲ့စခန်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိ

နယူးယောက်မြို့ သူကြွယ်များနေထိုင်ရာဒေသတွင် ဟိုတယ်တစ်လုံးကို အမျိုးသားများအတွက် အိမ်ရာမဲ့စခန်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jan 2018 9:53 am တွင် တင်ခဲ့သည်
3817 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဟိုတယ်တစ်လုံးကိုအမျိုးသားများအတွက် အိမ်ရာမဲ့စခန်းတစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အရွယ်ရောက်ပြီး အိမ်ထောင်မရှိသူ အိမ်ရာမဲ့ အမျိုးသား ၁၅၀ ခန့် နေထိုင်နိုင်မည့် စခန်းအဖြစ် ဆောက်လုပ်သွားရန် မြို့တော်ဝန် ဘီလ် ဒီဘလာစီယိုကစီစဉ်လျက်ရှိခြင်း ဖြစ်သည်။
ဖွင့်လှစ်မည့်နေရာမှာနယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်ရှိသူကြွယ်တန်းဟုခေါ်ကြသောBillionaires’ Rowတွင် ဖြစ်သည်။

နယူးယောက်မြို့တော်ဝန်ကလာမည့် ၅ နှစ်တာကာလအတွင်းအိမ်ရာမဲ့များနေထိုင်နိုင်မည့်နေရာပေါင်း ၉၀ ခန့်အထိဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိရာယခုအခါအဆိုပါအစီအစဉ်ကိုစတင်လိုက်ခြင်းလည်း ဖြစ်သည်။
အနောက် ၅၈ လမ်း၊ အမှတ် ၁၅၈ ရှိယခင်ကPark Savoyဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကိုအိမ်ရာမဲ့စခန်းတစ်ခုအဖြစ် ပြောင်းလဲမွမ်းမံပြုပြင်သွားမည်ဖြစ်ပြီးလာမည့် မတ်လတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

လာမည့် ၅ နှစ်တာကာလအတွင်းတစ်နှစ်လျှင် အိမ်ရာမဲ့စခန်း ၂၀ ခန့် ဖွင့်လှစ်သွားမည်ဟုဆိုသည်။
အိမ်ရာမဲ့စခန်းဖွင့်လှစ်မည့်နေရာမှာနယူးယောက်တွင် အိမ်ခြံမြေဈေးအကြီးဆုံးဒေသတွင်တည်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းကpenthouseခန်းတစ်ခန်းကိုကန်ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ဖူးသည်။
ယခုစီမံကိန်းနှင့် ပတ်သက်၍ ဒေသတွင်းရွေးကောက်ခံပုဂ္ဂိုလ်များထံဇန်နဝါရီလ ၉ ရက်ကတည်းကပင် အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

ဒေသတွင်းနေထိုင်သူအချို့ကမူအိမ်ရာမဲ့စခန်းသစ်နှင့် စပ်လျဉ်း၍ ရတက်မအေးဖြစ်မှုများရှိနေသည်။
အိမ်ရာမဲ့စခန်းဆောက်လုပ်မည့်ဒေသတွင် နေထိုင်သည့် နယူးယောက်သားတစ်ဦးဖြစ်သူပက်ထရစ်ရှာဂျန်ကင်းစ်ကပြောကြားရာတွင် နယူးယောက်တွင် အိမ်ရာမဲ့ပြဿနာရှိနေသည်ကိုသိရှိပါကြောင်း၊ မိမိတွင်လည်းယင်းပြဿနာအတွက် အဖြေမရှိကြောင်း၊ သို့ရာတွင် မိမိနေထိုင်ရာဝန်းကျင်တွင် အိမ်ရာမဲ့စခန်းဆောက်လုပ်မည်ကိုမလိုလားကြောင်းပြောကြားသည်။
အခြားသူအချို့ကမူပြောင်းရွှေ့နေထိုင်လာမည့် အိမ်ရာမဲ့တို့ စရိုက်ဆန်ကြမည်ကိုရတက်မအေးဖြစ်နေကြသည်။

Park Savoyအိမ်ရာမဲ့စခန်းကိုတန်ဖိုးသင့်အိမ်ရာများနှင့် အိမ်ရာမဲ့စခန်းများဆောက်လုပ်ပေးနေသည့် Westhabကုမ္ပဏီကဆောက်လုပ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်းနယူးယောက်မြို့တော် အိမ်ရာမဲ့ဆိုင်ရာဝန်ဆောင်မှုဌာနကထုတ်ပြန်ထားသည်။

အိမ်ရာမဲ့စခန်းတွင် လုံခြုံရေးအစောင့် ၂ ဦးထားရှိမည်ဖြစ်သည့်အပြင် စောင့်ကြည့်ကင်မရာ ၅၆ လုံးတပ်ဆင်သွားရန်လည်းစီစဉ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့ သူကြွယ်များနေထိုင်ရာဒေသတွင် ဟိုတယ်တစ်လုံးကို အမျိုးသားများအတွက် အိမ်ရာမဲ့စခန်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ သူကြွယ်များနေထိုင်ရာဒေသတွင် ဟိုတယ်တစ်လုံးကို အမျိုးသားများအတွက် အိမ်ရာမဲ့စခန်းအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service