ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
13 Jun 2025 11:41 am တွင် တင်ခဲ့သည်
1002 ကြိမ် ကြည့်ရှု့ပြီး

ဘရာဇီးနိုင်ငံ၊ ပါနန်ဘူကိုပြည်နယ်ရှိ အီတာမရာကာကျွန်းမှာ သဘာဝအတိုင်းရှိနေသေးသော ကမ်းခြေများ၊ ဇီဝမျိုးကွဲစုံလင်မှုတို့ဖြင့် နာမည်ကြီးခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း လာရောက်လည်ပတ်သူ များပြားလာနေသည်။

အဆိုပါဒေသသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားသော နေရာတစ်ခု ဖြစ်သည်။

အက်ဂျ်နာနှင့် မာရီယာ ဂါဘရီယယ်လီ ဒန်တပ်စ်တို့ သားအမိ (သမီးနှင့် မိခင်) သည် ကမ္ဘာလှည့်ခရီးသည်တို့ စွန့်ပစ်ခဲ့သော စွန့်ပစ်ပစ္စည်း တောင်ပုံရာပုံ၊ အထူးသဖြင့် ဖန်ပုလင်းများအရေး ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

အသက် ၅၅ နှစ်အရွယ်ရှိ အက်ဂျ်နာသည် ဘရာဇီးနိုင်ငံရှိ မိုးနည်းရေရှားကာ ဆင်းရဲနွမ်းပါးကြသည့် Agreste မြို့တွင် မွေးဖွားသူဖြစ်ပြီး ထိုမြို့လေးတွင် ရေရရှိရေးမှာ မလွယ်ကူခဲ့ချေ။

၎င်းတို့ မိသားစုမှာ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုလေ့ရှိကြသူများ ဖြစ်သည်။

“ကျွန်မဟာ ကလေးဘဝမှာ တီထွင်ဖန်တီးမှုတွေ အမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့တယ်။ ဝါးနဲ့ ကစားစရာလေးတွေ ကိုယ်တိုင်လုပ်တယ်။ ပြန်သုံးလို့ရနိုင်တဲ့ ပစ္စည်းတိုင်းကို recycle ပြန်သုံးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာတွေ မသိခဲ့ပါဘူး။ ဒါက ကျွန်မတို့ ဘယ်လိုရှင်သန်ခဲ့လဲဆိုတာကို ပြောတာပါ” ဟု အက်ဂျ်နာက Globo သတင်းဌာနသို့ ပြောသည်။

အက်ဂျ်နာ၏ အတွေးအခေါ်ကို သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ ဒီဇိုင်နာ မာရီယာ ဂါဘရီယယ်လီက ဆက်ခံသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ပင်လယ်ကမ်းခြေများတွင် စွန့်ပစ်ပစ္စည်းများ တပုံတပင်ဖြစ်နေပုံကို ကြည့်ကာ အက်ဂျ်နာတွင် စိတ်ကူးတစ်ခုပေါ်လာသည်။

“ပုလင်းခွံတွေနဲ့ အိမ်တစ်လုံးဆောက်ချင်လိုက်တာ…”

သို့နှင့် Salt House ဟု အမည်ပေးထားသော ပုလင်းခွံအိမ် စီမံကိန်း စတင်ခဲ့သည်။

အက်ဂျ်နာတို့ သားအမိသည် စွန့်ပစ် သစ်သားနှင့် ပုလင်းခွံပေါင်း ၈၀၀၀ ကျော်ကို ကောက်ယူစုဆောင်းကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လည်အသုံးပြုခဲ့သည်။ အက်ဂျ်နာတို့ သားအမိ၏ နေအိမ်တွင် အိပ်ခန်း ၇ ခန်း ပါဝင်ပြီး နံရံများကို ပုလင်းများ စီကာ ပြုလုပ်ခဲ့ပြီး ပဲလက်ခုံများဖြင့် အခန်းဖွဲ့ခဲ့သည်။

အမိုးကိုမူ စွန့်ပစ် သွားတိုက်ဆေးဘူးခွံများကို အသုံးပြုကာ အမိုးပြားအဖြစ် ဖန်တီးခဲ့ကြသည်။

ပထမဆုံး ဖွဲ့စည်းခဲ့သည့်အခန်းမှာ စတုရန်းမီတာ ၂၀ သာရှိပြီး အပ်ချုပ်စက် အလုပ်ရုံအဖြစ် အသုံးပြုရင်း နေအိမ်ကို ဆက်လက်ဆောက်လုပ်နေခဲ့ကြသည်။

သင့်တင့်သော နေအိမ်ရရှိနိုင်ရေးအတွက် များစွာ အခက်အခဲရှိသည့် ဘရာဇီးတွင် အက်ဂျ်နာတို့၏ စံနမူနာ လုပ်ဆောင်မှုမှာ လူအများအကြား ဆွေးနွေးဖွယ် အကြောင်းရပ်ဖြစ်လာသည်။

ဘရာဇီးတွင် လူဦးရေ၏ ၅ ဒသမ ၈ သန်းခန့်မှာ အိမ်ရာမဲ့ (သို့မဟုတ်) အလွန်ဆင်းရဲချို့တဲ့ကြသူများ ဖြစ်ကြောင်း ဘရာဇီး ဘူမိဗေဒနှင့် စာရင်းအင်း သိပ္ပံ၏ အချက်အလက်များတွင် ဖော်ပြသည်။

“ဒီ ပုလင်းခွံတွေက ဘယ်တော့မှ ပျောက်ကွယ်သွားလိမ့်မှာ မဟုတ်ပါဘူး။ ဒါတွေ ထုတ်လုပ်မှု၊ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ မူဝါဒတွေ မရှိသေးသမျှ ကျွန်မတို့ လုပ်နိုင်တာဆိုလို့ ဒါတွေကို ပြန်သုံးဖို့ နည်းလမ်းပဲ ရှိပါတယ်။ ပုလင်းတစ်လုံးကို လွှင့်ပစ်လိုက်ပြီး ကွဲလည်းမသွားဘူးဆိုရင် ကာလကြာရှည် ရှိနေလိမ့်မှာ ဖြစ်ပါတယ်” ဟု အက်ဂျ်နာက သတိပေးသည်။

အက်ဂျ်နာတို့ သားအမိ၏ Salt House သည် ထူးဆန်းသော ဗိသုကာ လက်ရာဖြစ်၏။ သို့သော် ဖန်တီးခဲ့သူ သားအမိအတွက်မူ Salt House သည် အနာဂတ် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: They collect 8,000 glass bottles and build a seven-room house in two years: “It has our signature on it”

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service