လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး - Property News in Myanmar from iMyanmarHouse.com
30 Jul 2025 11:13 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

သွေးကင်ဆာ နောက်ဆုံးအဆင့် ခံစားနေရသည့် အသက် ၇၅ နှစ်အရွယ် ဂျိုးဇက် ဂရိုဂန် အမည်ရှိ အလွန်ချမ်းသာသော လယ်ပိုင်ရှင်ကြီးကို ကလေး ၃ ယောက်မိခင် လီဆာ ဖလဲတီအမည်ရှိ အသက် ၅၀ အရွယ် အမျိုးသမီးက လျှို့ဝှက်လက်ထပ်ခဲ့သည်။

ယခုအခါ ဂျိုးဇက် သေဆုံးရခြင်းမှာ လီဆာကြောင့်ဖြစ်ကြောင်း၊ နှလုံးသားမရှိသည့် သိုက်တူးသမားဖြစ်ကြောင်း ဂျိုးဇက်၏ ဆွေမျိုးသားချင်းများက စွပ်စွဲပြောကြားလျက် ရှိသည်။

ဂျိုးဇက် ကြာကြာနေရတော့မည် မဟုတ်သည်ကို လီဆာနှင့် ဂျိုးဇက်တို့ နှစ်ဦးလုံးသိသည်။

လျှို့ဝှက်လက်ထပ်လိုက်ရခြင်းမှာ ဂျိုးဇက်က မိမိကို ပြုစုစောင့်ရှောက်ပေးနေသည့် အမျိုးသမီးအတွက် အနာဂတ် လုံခြုံမှုရစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်း၏ ပိုင်ဆိုင်မှု ယူရို ၅ ဒသမ ၅ သန်းခန့်ကို အမွေဆက်ခံနိုင်စေရန် ဖြစ်သည်။

၎င်းတို့နှစ်ဦး လျှို့ဝှက်လက်ထပ်ပြီး ၂၄ နာရီခန့်အကြာတွင် ဂျိုးဇက်မှာ သေဆုံးသွားသည်။

သေဆုံးပြီး နာရီပိုင်းအတွင်း မပုပ်သိုးစေရန် ဆေးစိမ်သည့်အစီအစဉ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မည်သည့်အကြောင်းကြောင့် သေဆုံးသည်ကို အတည်ပြုရန် မဖြစ်နိုင်တော့ချေ။

ဂျိုးဇက်၏ လယ်မြေများမှာ အိုင်ယာလန်နိုင်ငံအလယ်ပိုင်း အော့ဖလေခရိုင်မှ အေးချမ်းဆိတ်ငြိမ်လှသော စခရက်ဂန်ကျေးရွာတွင်ဖြစ်ပြီး ဧက ပေါင်း ၂၃၀ ရှိသည်။

ထိုလယ်မြေများနှင့် ပတ်သက်ပြီး ဂျိုးဇက်၏ ဆွေမျိုးသားချင်းများနှင့် လီဆာတို့အကြား စကားအခြေအတင် ဖြစ်နေကြသည်။

ဂျိုးဇက်၏ ဆွေမျိုးသားချင်းတို့ ပြောဆိုကြသည်မှာ လီဆာသည် အတွက်အချက်ကောင်းသူဖြစ်ပြီး ဂျိုးဇက်၏ ပိုင်ဆိုင်မှုများကို အပိုင်စီးရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဂျိုးဆက်သည် ပြန်ရည်ကျိတ်ကင်ဆာ (non-Hodgkin lymphoma) အဆင့် ၄ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိချိန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လီဆာမှာ ဂျိုးဇက်ကို ပြုစုစောင့်ရှောက်ရန် ဂျိုးဇက်၏အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။

(မှတ်ချက်။ ပြန်ရည်ကျိတ်ကင်ဆာဖြစ်ပွားရခြင်း၏ အကြောင်းရင်းများစွာတွင် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများနှင့် အလွန်အမင်းထိတွေ့နေခြင်းလည်း တစ်ချက်အပါအဝင်ဖြစ်သည်။ လယ်သမားကြီး ဂျိုးဇက်မှာ အဆိုပါဆေးများနှင့် ကာလကြာရှည်ထိတွေ့ခဲ့ရမှုကြောင့် ဖြစ်နိုင်ပါသည်။ စိုက်ပျိုးရေးသမားများ အနေဖြင့် မျက်နှာအကာအကွယ် (mask၊ မျက်မှန်) ၊ လက်အိတ်၊ အင်္ကျီလက်ရှည်၊ ဘွတ်ဖိနပ်တို့ ဝတ်ဆင်ပြီးမှ ပိုးသတ်ဆေးများ အသုံးပြုသင့်ပြီး ပိုးသတ်ဆေးဖြန်းထားသောနေရာသို့ ၂၄ နာရီမှ ၄၈ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုသင့်ချေ။ မဖြစ်မနေ ဝင်ရမည်ဆိုလျှင် PPE ဝတ်ဆင်သင့်ပါသည်။ -iMyanmarHouse.com)

ထိုသို့ ရောဂါစစ်ဆေးတွေ့ရှိပြီး ၃ လအကြာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် ဂျိုးဇက်သေဆုံးသွားခဲ့သည်။

လီဆာက မိတ်ဆွေသူငယ်ချင်းများက ပြောသည်မှာ ၎င်းတို့နှစ်ဦးသည် ယခုမှ သိခဲ့ကြသူများမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဆုံစည်းခဲ့ကြသူများဖြစ်ကြောင်း ပြောသည်။

လီဆာသည် အသက် ၁၆ နှစ်အရွယ် ၁၉၉၁ ခုနှစ်တွင် ကျောင်းပြီးခဲ့ပြီး ထိုအချိန်က လယ်သမားကြီး ဂျိုးဇက်မှာ အသက် ၄၁ နှစ်အရွယ်ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦး ၂၅ နှစ်အသက်ကွာကြောင်း လီဆာ၏ သူငယ်ချင်းများက ပြောသည်။ ထိုအချိန်ကတည်းက ၎င်းတို့နှစ်ဦး တွဲခဲ့ကြပြီး လီဆာ အသက် ၂၀ ကျော်သို့ ရောက်ချိန်တွင် လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။

လီဆာသည် ဒေသခံ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သမီး ၂ ဦး၊ သား ၁ ဦး ထွန်းကားကာ သားသမီးများမှာ ယခုအခါ အသက် ၂၀ ကျော်အရွယ်များ ရှိနေပြီ ဖြစ်သည်။

(▲ လီဆာ ဖလဲတီကို တွေ့ရပုံ)

(▲ မိမိ ကြာကြာနေရတော့မည်မဟုတ်သည်ကို သိသောကြောင့် ဂျိုးဇက်က မိမိအား ပြုစုစောင့်ရှောက်ခဲ့သည့် အမျိုးသမီးကို ငွေကြေး မပူပင်ရစေရန် ရည်ရွယ်ကာ ၎င်း၏နောက်ဆုံးအချိန်တွင် လျှို့ဝှက်လက်ထပ်ခဲ့ခြင်း ဖြစ်သည်)

(▲ ဂျိုးဇက်ပိုင်ဆိုင်သော လယ်ဧက ၂၃၀ အတွက် လီဆာနှင့် ဂျိုးဇက်၏ ဆွေမျိုးသားချင်းတို့အကြား စကားအချေအတင် ဖြစ်နေသည်။)

တရားရုံးတွင် တဖက်ဆွေမျိုးသားချင်းတို့၏ ရှေ့နေက လီဆာ၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်သောအခါ လီဆာမှာ ဖြေဆည်၍ မရအောင် အကြိမ်ကြိမ် ငိုကြွေးနေခဲ့သောကြောင့် တရားရုံးထဲမှ ထွက်လာရသည်။

စခရက်ဂန်ရွာလေးသည် ဈေးဆိုင် ၁ ဆိုင်၊ အရက်ဆိုင်တစ်ဆိုင်၊ အရက် လိုင်စင်ဆိုင် (အရက်ပုလင်းများရောင်းချ) တို့ရှိကာ အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိသည်။

(▲ လယ်သမားကြီး ဂျိုးဇက်နှင့် တစ်ဝမ်းကွဲတော်စပ်သူ ရှောင် ဂရိုဂန်ကို တရားရုံးတွင် တွေ့ရပုံ)

(▲ လယ်သမားကြီး ဂျိုးဇက်၏ ယာတောအိမ်)

(▲ ဂျိုးဇက်သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေစဉ် လီဆာမှာ အကြိမ်ကြိမ် ငိုကြွေးခဲ့သည်)

(▲ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲပြီးနောက် လီဆာသည် သားသမီးများကို အိပ်ခန်း ၃ ခန်းပါအိမ်တွင် ပြုစုပျိုးထောင်ခဲ့သည်။ ထိုအိမ်မှာ ဂျိုးဇက်၏ ကျယ်ပြောသော လယ်တောနှင့် ၅ မိနစ်ခရီးသာ ဝေးကွာသည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Revealed: Widow branded a 'gold digger' after secretly marrying super rich farmer a DAY before he died is 'broken' by his bitter family's claims

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service