ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အရက်မသောက်ရဘဲ အရက်မူးနေသည်ဆိုခြင်းမှာ ဖြစ်နိုင်ပါသလား။
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် နေထိုင်သူ မာ့ခ် မွန်ဂျားဒို (Mark Mongiardo) အမည်ရှိ အမျိုးသားမှာ ထိုအဖြစ်မျိုးကြောင့် ပြဿနာအမျိုးမျိုး တက်ခဲ့ရသူ ဖြစ်သည်။
မွန်ဂျားဒိုသည် အလိုအလျောက် အရက်ထုတ်လုပ်သည့် ရောဂါ (ABS) ခံစားနေရသူ ဖြစ်သည်။ အဆိုပါ ရောဂါသည် ရှားပါးရောဂါဖြစ်ပြီး လူ့ခန္ဓာကိုယ်မှ အရက်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။
((အစောပိုင်း ရောဂါလက္ခဏာများ))
မွန်ဂျားဒိုသည် နယူးဂျာစီပြည်နယ်တွင် အထက်တန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၆ ခုနှစ်အတွင်း ရောဂါလက္ခဏာများ စတင်ခံစားရလာခြင်း ဖြစ်သည်။
မွန်ဂျားဒိုမှာ အလုပ်ချိန်တွင် အရက်မသောက်ကြောင်း အခိုင်အမာပြောပြစေကာမူ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာတို့က မွန်ဂျားဒိုထံမှ အမြဲ အရက်နံ့ရနေသည်။
မွန်ဂျားဒိုကို ခရစ္စတင်း သွန်းအမည်ရှိ သတင်းထောက်တစ်ဦးက လာရောက်မေးမြန်းရာတွင် မွန်ဂျားဒိုက မိမိအနေဖြင့် မည်သည့်အခါမှ ထိုသို့လုပ်ဆောင်မည်မဟုတ်ကြောင်း ၊ မိမိမှာ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အရက်မသောက်ကြောင်း ရှင်းပြသော်လည်း လူတိုင်းက မယုံသင်္ကာ အကြည့်များဖြင့်သာ ကြည့်ခဲ့ကြကြောင်း မွန်ဂျားဒိုက ပြောသည်။
မွန်ဂျားဒိုလည်း ထိုကျောင်းမှ အလုပ်ထွက်လိုက်ရပြီးနောက် Long Island သို့ ဇနီး၊ ကလေး ၂ ဦးနှင့်အတူ ပြောင်းရွှေ့ခဲ့သည်။ Long Island တွင်လည်း သင်ကြားရေးအလုပ်တစ်ခုရခဲ့ရာ သူ၏ ရာထူးသစ်မှာ အားကစား ဒါရိုက်တာဖြစ်ပြီး ၂၀၁၈ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
မွန်ဂျားဒို၏ သွေးအတွင်းတွင် အရက်မှာ ၁၈ မှ ၁၉ ရာခိုင်နှုန်းကြားရှိနေရာ အရက်သောက်မထားကြောင်း၊ အရက်မူးမနေကြောင်း မည်သို့ပြောသည်ဖြစ်စေ မည်သူက ယုံပါမည်နည်း။ မိမိတစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း ဇနီးနှင့်၊ မိဘများကို မွန်ဂျားဒိုက ပြောပြသည်။
၂၀၁၉ ခုနှစ်အတွင်း မွန်ဂျားဒိုကို ဖုန်းပြောရင်း ကားမောင်းမှုဖြင့် ရဲက ကားကို တားဆီးစစ်ဆေးခဲ့ရာ အရက်သောက်ကာ ကားမောင်းမှုဖြင့်ပါ အရေးယူခံရသည်။
အရက်သောက်ထားမှုရှိ၊ မရှိ သွေးစစ်ကြည့်ချိန်တွင် သွေးထဲ၌ အရက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ မွန်ဂျားဒိုကိုယ်တိုင် အံ့အားသင့်ခဲ့ရသည်။
((မိခင်ဖြစ်သူ၏ လေ့လာမှု))
မွန်ဂျားဒို၏ မိခင်ကြီးက Google တွင် ရှာဖွေလေ့လာခဲ့ရာ လူ့ခန္ဓာကိုယ်ထဲတွင် အလိုအလျောက် အရက်ထုတ်လုပ်သည့် (ABS) ဟူသော ရောဂါမျိုး ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။
မွန်ဂျားဒိုက အဆိုပါရောဂါကို ကုသနိုင်မည့်နည်းလမ်းလေ့လာရာ Staten Island တွင် နေထိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု ဒေါက်တာ Prasanna Wickremesinghe မှာ ကမ္ဘာပေါ်၌ ABS ရောဂါကို ကုသပေးနိုင်သည့် သမားတော်အနည်းငယ်တွင် တစ်ဦးအပါအဝင်ဖြစ်သည်ကို သိလာသည်။
ဒေါက်တာ Prasanna က မွန်ဂျားဒိုကို ဆေးစစ်မှုများ ပြုလုပ်ကြည့်ရာ ABS ရောဂါရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဒေါက်တာ Prasanna က ပြောသည်မှာ ABS ရောဂါဖြစ်ရသည်မှာ ပဋိဇီဝဆေးများကြောင့်ဖြစ်ကြောင်း၊ ထိုဆေးများက အူ၏ လုပ်ဆောင်ချက်ကို ကမောက်ကမဖြစ်စေပြီး မှိုများ၊ တဆေးများ များပြားလာစေသည်ဟု ဆိုသည်။
အကျိုးဆက်အားဖြင့် ABS ရောဂါရှိသူတစ်ဦး ကာဗိုဟိုက်ဒရိတ် (သို့မဟုတ်) သကြား စားသုံးမိလျှင် အူက အရက်ကို ထုတ်လုပ်တော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Living with Auto-Brewery Syndrome: Insights from a Doctor and Patients