ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
10 Jun 2025 1:52 pm တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး

သာမန်လူတို့မှာ ပစ္စည်းတစ်ခု မှာယူပါက delivery ပို့ဆောင်သူက အိမ်ရှေ့တွင်အထိသာ ပို့ပေးမည်ဖြစ်ပြီး အထပ်မြင့်တွင်နေသူဆိုလျှင် အောက်သို့ ဆင်းယူရသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူ ဂျက်ဘေးဇော့စ် (Jeff Bezos) ကမူ ၎င်းမှာယူသော ပစ္စည်းများကို မိမိအခန်းရှိရာသို့ သယ်ယူရန် မြို့လယ်လမ်းပိုင်းတစ်ခုလုံးကိုပင် ပိတ်ထားနိုင်ပုံမှာ ဓန၏ တာသွားပုံကို ပြသလိုက်သည့် next-level version တစ်ခုလည်း ဖြစ်သည်။

TikTok လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်တစ်ခုအရ ဂျက်ဘေးဇော့စ်၏ penthouse ခန်းသို့ ပစ္စည်းများ တင်ဆောင်ရန်အတွက် နယူးယောက်မြို့လယ် ပဉ္စမရိပ်သာလမ်းပိုင်းတစ်ခုလုံး ပိတ်ထားခဲ့ပုံကို တွေ့ရသည်။

မန်ဟက်တန်အရပ် ပဉ္စမရိပ်သာလမ်းနှင့် ၂၆ လမ်းထောင့်တွင် ဝန်ချီစက်ကြီးတစ်ခုတွင် ထုပ်ပိုးထားသော ပရိဘောဂကြီးတစ်ခုကို ကြိုးတစ်ချောင်းဖြင့် တွဲလောင်းဆွဲကာ အထပ်မြင့်ရှိရာသို့ ဖြေးဖြေးချင်း တင်ဆောင်နေပုံကို တွေ့ရသည်။

ထိုလမ်းတစ်လျှောက်လုံးတွင် သတိပေး ကြိုးတန်းများ၊ အတားအဆီးတုံးများချထားကာ စက်ယန္တယားကြီးများ၊ ကုမ္ပဏီထရပ်ကားများဖြင့် အလုပ်လုပ်နေပုံကို တွေ့ရသည်။

 

(▲ ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်မှ သူ၏ penthouse ခန်းရှိရာသို့ ကရိန်းဖြင့် ပရိဘောဂ ပစ္စည်းများ တင်ရန်အတွက် ပဉ္စမရိပ်သာလမ်း၏ လမ်းပိုင်းတစ်ခုလုံးကို ပိတ်ထားခဲ့သည်။ ဓာတ်ပုံ-William C Lopez/New York Post)

အလုပ်သမားများစွာ အုတ်အုတ်သဲသဲဖြင့် ယာဉ်ကြောလမ်းလွှဲပေးနေကြသည်။

ပဉ္စမရိပ်သာလမ်း၊ အမှတ် ၂၁၂ မှ ၂၄ ထပ်တိုက်ကြီး၏ ထိပ်ဆုံးထပ်ဆီသို့ ကရိန်းဖြင့် ပရိဘောဂပစ္စည်းများ တင်နေပုံကို ဖြတ်သွားဖြတ်လာများက ဝိုင်းဝန်းကြည့်ရှုခဲ့ကြသည်။ ဂျက်ဘေးဇော့စ်သည် ထိုအဆောက်အအုံကြီး၏ ထိပ်ဆုံး ၄ လွှာရှိ အခန်း ၅ ခန်းကို ပိုင်ဆိုင်ထားပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၁၉ သန်းရှိသည်။

ဂျက်ဘေးဇော့စ်၏ အခန်းသို့ ပရိဘောဂများတင်နေပုံကို ဗွီဒီယိုရိုက်ကူးခဲ့သူမှာ Thompson Ferrier အမည်ရှိ luxury ဖယောင်းတိုင်ကုမ္ပဏီ ပိုင်ရှင် ဖြစ်သူ Raffi Arslanian ဖြစ်သည်။

“ဂျက်ဘေးဇော့စ်က သူ့အိမ်က ပရိဘောဂတွေ ဘယ်လိုသယ်လဲဆိုတာ ခင်ဗျားတို့ ကြည့်ချင်ကြလား။ ကျွန်တော်ပြမယ်” ဟု Arslanian က ပြောသည်။

၎င်း၏ ရုံးခန်းမှာ ဂျက်ဘေးဇော့စ်၏ penthouse ခန်းနှင့် တစ်ဘလောက်ခန့်သာ ဝေးကွာသည်။

မိမိတို့အနေဖြင့် ပရိဘောဂများသယ်လျှင် ကိုယ်တိုင်သယ်လျှင်သယ် ၊ သို့မဟုတ်က အိမ်ပြောင်းရွှေ့ကုမ္ပဏီထံ ချိတ်ဆက်ကာ သယ်ယူကြမည်ဖြစ်ကြောင်း၊ သို့သော် လမ်းကိုမူ ပိတ်လိုက်၍ မရကြောင်း Arslanian က ပြောသည်။

သူ၏ ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ကြည့်ရှုမှုအကြိမ်ရေ ၉၇၀၀၀၀ ကျော်ရှိနေပြီး မှတ်ချက်ပြုမှု ထောင်နှင့်ချီကာ ရှိနေသည်။

အချို့ကမူ ကရိန်းဖြင့် သယ်သည့်ပစ္စည်းမှာ မည်သို့သောပစ္စည်းဖြစ်နိုင်ကြောင်း အမျိုးမျိုးအဖုံဖုံ မှန်းဆထင်ကြေးပေး မှတ်ချက်ပြုကြသည်။

 

(▲ ဂျက်ဘေးဇော့စ်သည် အပေါ်ဆုံး ၄ ထပ်ကို ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-William C Lopez/New York Post)

 

(▲ ဂျက်ဘေးဇော့စ်၏ penthouse ခန်းရှိရာ အဆောက်အအုံအပြင်ဘက်တွင် ကရိန်းကြီးကို တွေ့ရပုံ။ ဓာတ်ပုံ-Newsflare)

“အဲဒါ ရေပူစိမ်ကန်တစ်ခုပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပြီး အခြားတစ်ဦးကမူ Grand Piano တစ်လုံးဖြစ်ကြောင်း မှတ်ချက်ပေးသည်။

အချို့ကမူ ထိုသို့ လမ်းပိတ်ကာ ကရိန်းဖြင့် ပစ္စည်းများ တင်ဆောင်မှုအတွက် မည်မျှကုန်ကျခဲ့သည်ကို စိတ်ဝင်စားနေကြသည်။

 

(▲ ဂျက်ဘေးဇော့စ်က ယခုအဆောက်အအုံကြီးတွင် အခန်း ၅ ခန်း ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Dave Benett/ amfAR/Getty Images for amfAR)

ကရိန်းဖြင့် ပစ္စည်းများတင်ဆောင်ခြင်းမှာ တစ်ရက်လျှင် ဒေါ်လာ ၂၀၀၀၀ ခန့်အထိ ကုန်ကျနိုင်ပြီး လမ်းများကို ပိတ်ထားရန်အတွက် ခွင့်ပြုချက်လည်း လိုအပ်သည်။

“ကျုပ်တို့လည်း ဒေါ်လာ ၁၀၀ ဘီလီယံလောက် ချမ်းသာရင် ဒါမျိုးလုပ်မှာပါပဲ” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုသည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ဂျက်ဘေးဇော့စ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၂၃ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Video shows crane delivers Jeff Bezos’ furniture to penthouse after billionaire closes down 5th Ave

Photo Credit- Dave Benett/amfAR/Getty Images for amfAR, William C Lopez/New York Post, Newsflare

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service