ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ - Property News in Myanmar from iMyanmarHouse.com
13 Jun 2025 11:30 am တွင် တင်ခဲ့သည်
1033 ကြိမ် ကြည့်ရှု့ပြီး

ဖရန်စစ္စကို ဂူရဲရိုး (Francisco Guerrero) စပိန်သားတစ်ဦးဖြစ်ပြီး အညတရ ဆောက်လုပ်ရေးလုပ်သားလေး တစ်ဦးဖြစ်ကာ ထိုင်းတွင် လူအများစု အိပ်မက်သာ မက်နိုင်သည့် ငွေပမာဏကို ထီပေါက်ကာ နေ့ချင်းညချင်း သူဌေးတစ်ဦး ဖြစ်လာခဲ့ကြောင်း စပိန်အခြေစိုက် သတင်းမီဒီယာ Diario AS သတင်းဌာနက ဖော်ပြသည်။

ဖရန်စစ္စကိုသည် ၂၀၀၅ ခုနှစ်တွင် ဘတ်ငွေ သန်း ၂၄၀ (ကန်ဒေါ်လာ ၇ သန်းကျော်) ထီကံထူးခဲ့သည်။

သို့သော် ထီကံထူးပြီး နှစ်ပေါင်း ၂၀ အကြာတွင် ခါးသီးသော ဘဝအလှည့်အပြောင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

သူ့တွင် နေစရာအိမ်မရှိ၊ ခြူးတစ်ပြားမှ မရှိသော အခြေသို့ ဆိုက်သွားသည်။

ထီကံထူးချိန်တွင် ဖရန်စစ္စကိုမှာ ဤမျှများပြားသည့် ငွေပမာဏကို စီမံခန့်ခွဲရန် အသိပညာမရှိသောကြောင့် ၎င်း၏ ငွေများ အပ်နှံထားသည့်ဘဏ်တွင် အကြံဉာဏ်တောင်းခံခဲ့သည်။

ဘဏ်က ဖရန်စစ္စကိုအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည့်အပြင် ဝိုင်များလည်း တိုက်ကျွေးခဲ့ပြီး ငွေနှင့် ပတ်သက်ကာ စိတ်မပူရန် အမျိုးမျိုး အဖုံဖုံ ကတိပေးခဲ့ကြ၏။

“သူတို့က ကျွန်တော့်ကို နေ့လယ်စာခေါ်ကျွေးတယ်။ ဝိုင် ၂ ခွက်လည်း တိုက်တယ်။ ပြီးတော့ စာချုပ်တွေ လက်မှတ်ထိုးခဲ့ရပါတယ်။ ကျွန်တော် လက်မှတ်ထိုးခဲ့တာ ဘယ်လိုစာချုပ်မျိုးလဲဆိုတာ ဒီနေ့အထိ ကျွန်တော် မသိသေးပါဘူး” ဟု ဖရန်စစ္စကိုက ထိုင်းသတင်းမီဒီယာ များစွာကို ပြောပြသည်။

((အမှားကြီး))

ဖရန်စစ္စကိုက ငွေကြေးစီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ထီဆုငွေမှ မိမိပိုင်ဆိုင်သော ပမာဏကိုသာမက သားသမီး ၅ ဦးနှင့်အတူ ပူးတွဲပိုင်ဆိုင်သော ၄၀ ရာခိုင်နှုန်းလည်း ဆုံးရှုံးသွားရကြောင်း ပြောသည်။

ပိုမိုဆိုးရွားစေသည့်အချက်မှာ ထိုငွေအားလုံးကို ဘဏ်စာရင်းတစ်ခုတည်းတွင် ထားရှိခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာအကြာ ၂၀၀၉ ခုနှစ်တွင် ဖရန်စစ္စကိုသည် ဒူးခွဲစိတ်ကုသမှု ပြုလုပ်ရချိန်၌ သူ၏ငွေမှာ ကုန်သလောက်နီးပါးဖြစ်နေပြီကို သိလိုက်ရသည်။

အိမ်ရာချေးငွေဖြင့် ဝယ်ယူထားသော အိမ်အတွက်လည်း အရစ်ကျပေးသွင်းငွေ ဆက်လက်မသွင်းနိုင် တော့သောကြောင့် နေအိမ်မှာ ပြန်လည်သိမ်းယူခံခဲ့ရသည်။

တချိန်က ဘဝပြောင်းစေခဲ့သော ငွေများမှာ အခြားသူတို့လက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။

“ကျွန်တော် စုံလုံးကန်း ယုံကြည်ခဲ့မိတယ်။ သူတို့ဟာ ကျွန်တော့်ဘဝကို ပျက်စီးစေခဲ့ပါတယ်” ဟု ဖရန်စစ္စကိုက ပြောသည်။

ဖရန်စစ္စကိုသည် ဆောက်လုပ်ရေးလုပ်သားအဖြစ် ထိုငွေကို ပြန်လည်ရရှိအောင် ရှာဖွေမည်ဆိုပါက နှစ်ပေါင်း ၂၇၀ အလုပ်လုပ်မှသာ ရနိုင်မည် ဖြစ်သည်။

ဖရန်စစ္စကိုသည် ဘဏ်ကို ၃ ကြိမ်တိုင် တရားစွဲခဲ့ပြီး တရားရုံးက နောက်ဆုံးတွင် ၎င်းအား အနိုင်ပေးသည့် အမိန့်တစ်ရပ် ချမှတ်ခဲ့သည်။

တရားရုံး စစ်ဆေးတွေ့ရှိချက်အရ ဘဏ်သည် ဖရန်စစ္စကို၏ ဘဏ္ဍာရေးအကြံပေးအဖြစ် ဆောင်ရွက်ရာတွင် ပေါ့ဆစွာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ဖရန်စစ္စကိုအား နစ်နာကြေး ကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းနှင့် ၎င်း၏ သားသမီးများအား နစ်နာကြေး ဒေါ်လာ ၁ ဒသမ ၃ သန်းပေးရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် ငွေကြေး (သို့မဟုတ်) တရားရုံးအမိန့်တစ်ရပ်သည် ဖရန်စစ္စကိုအား တချိန်က ရှိခဲ့ဖူးသော စိတ်အေးချမ်းမှုမျိုး ပြန်လည်ဆောင်ကြဉ်းပေးနိုင်တော့မည် မဟုတ်ချေ။

“ကျွန်တော်အခု ဘာမှမရှိတဲ့ ဘဝမှာ ရှင်သန်နေပါတယ်။ အသိဉာဏ်ပညာမရှိဘဲ ငွေအလုံးအရင်းရှိလာတာဟာ ထောင်ချောက်တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ ရက်စက်တဲ့သင်ခန်းစာ ရခဲ့ပါတယ်”

(မှတ်ချက်။ ဖရန်စစ္စကိုအား လျော်ကြေးများပေးရန် တရားရုံးက အမိန့်ချခဲ့သော်လည်း ဖရန်စစ္စကိုတွင် ကြွေးမြီ တောင်ပုံရာပုံဖြစ်နေနိုင်သည့်အပြင် ၃ ကြိမ် တရားစွဲရသည့် တရားစရိတ်မှာ နည်းမည်မဟုတ်ချေ။ ထို့အပြင် တရားရုံးအမိန့်အပေါ် ဘဏ်က အငြင်းပွားခြင်း၊ နစ်နာကြေးပေးရန် ငြင်းဆန်နေခြင်းတို့နှင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Shock in Thailand over man who wins $7.4 million in the lottery and ends up homeless after trusting the bank

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service