‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့ - Property News in Myanmar from iMyanmarHouse.com
12 Jun 2025 2:33 pm တွင် တင်ခဲ့သည်
493 ကြိမ် ကြည့်ရှု့ပြီး

Spider-Man ရုပ်ရှင်ဇာတ်လမ်းတွဲများ၊ Avengers ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ Jacob Batalon သည် ၎င်းနှင့် စေ့စပ်ကြောင်းလမ်းထားသော ဒီဇိုင်နာမိန်းကလေး ဗရော်နီကာ လီဟော့ဗ် (Veronica Leahov ) နှင့်အတူ နယူးယောက်မြို့၊ ဘရွတ်ကလင်းခရိုင်၊ Greenpoint အရပ်တွင် မကြာသေးမီက အိမ်လိုက်ရှာနေသည်ကို တွေ့ခဲ့ရကြောင်း နယူးယောက်ပို့စ်သတင်းဌာနက ဖော်ပြသည်။

၎င်းတို့စုံတွဲသည် ထိုဒေသမှ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို ကြည့်သွားသည်ဟု ဆိုသည်။

Penthouse ခန်းသည် ဗိသုကာပညာရှင် Morris Adjmi ဒီဇိုင်းရေးဆွဲဆောက်လုပ်သော The Huron အမည်ရှိ ကမ်းခြေတာဝါကြီးတွင် တည်ရှိသည်။

“သူက ဘရွတ်ကလင်းမှာပဲ နေတာပါ။ အခုက ကမ်းစပ်ကို ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

Batalon သည် Spider-Man ရုပ်ရှင်ထဲတွင် Peter Parker (အဓိကဇာတ်ဆောင်) ၏ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။

(အခန်းဖွင့် ခင်းကျင်းထားပြီး ကြီးမားသော ပြတင်းပေါက်ကြီးများ ပါဝင်သည်။ ဓာတ်ပုံ-Redundant Pixel)

 

(လင်းလင်းချင်းချင်းရှိသော ပင်မအိပ်ခန်း။ ဓာတ်ပုံ-Redundant Pixel)

 

(Jacob Batalon နှင့် ဗရော်နီကာ လီဟော့ဗ်တို့စုံတွဲက penthouse ခန်းကို လာရောက်ကြည့်ရှုသွားသည်။ Getty Images for Paramount Pictures)

အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ၉၆ စတုရန်းပေ ကျယ်ဝန်းသော လသာဆောင်တစ်ခု ရှိသည်။

ဒီဇိုင်းလက်ရာများအနေဖြင့် မြင့်မားသော မျက်နှာကြက်များ၊ ဝက်သစ်ချသား ကြမ်းခင်းများ၊ အရှေ့မြစ်နှင့် မန်ဟက်တန်၏ ကောင်းကင်မြင်ကွင်းကို စီးမိုးတွေ့မြင်နိုင်သော ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင်မားသော ပြတင်းကြီးများ ပါဝင်သည်။

အဝင်ခန်းမမှ ဝင်လိုက်ပြီးနောက် ဧည့်ခန်းနှင့် မီးဖိုဆောင်တို့သို့ ပေါက်သည်။

ပင်မအိပ်ခန်းတွင် walk-in closet နှင့် ရေချိုးခန်းတို့ ပါဝင်သည်။

ထိုအဆောက်အအုံတွင် စတုရန်းပေ ၃၀၀၀၀ ခန့်ကျယ်ဝန်းသော Amenities များ ထည့်သွင်းပေးထားရာ အလျား ပေ ၅၀ ရှိ ဆားရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ၊ မှန်များ ကာရံထားသော အကစတူဒီယို၊ အရက်ဘားများနှင့် Sauna တို့ အပါအဝင် ဖြစ်သည်။

(အဆောက်အအုံတွင်း မြင်ကွင်း။ ဓာတ်ပုံ-Redundant Pixel)

 

(အဆောက်အအုံတွင် နေထိုင်သူများ အသုံးပြုနိုင်သော ကျယ်ပြောသည့် နားနေဆောင်။ ဓာတ်ပုံ-Donna Dotan)

 

(နေထိုင်သူများ မျှဝေအသုံးပြုနိုင်သည့် အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Donna Dotan)

အရောင်းဈေးကွက်တင်ပေးသည်မှာ Serhant အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Kayla Lee နှင့် Lancelot Watson-Taffe တို့ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: ‘Spider-Man’ star seen touring trendy $2.45M Brooklyn penthouse with panoramic Manhattan views

Photo Credit-Donna Dotan

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service