[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
11 Mar 2025 10:17 am တွင် တင်ခဲ့သည်
358 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် အိပ်ခန်း ၃ ခန်း၊ ခုံးထွက်ပြတင်းများ၊ ရှုခင်းအလှများပိုင်ဆိုင်ထားသော အိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

တည်နေရာမှာ ဟမ့်ပ်ရှိုင်းယား ကောင်တီ၊ New Forest ခရိုင်တွင် ဖြစ်သည်။

အမျိုးသားစာရင်းအင်းရုံးမှ အချက်အလက်များအရ New Forest ခရိုင်တွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၃၈၉၀၀၀ ဖြစ်သည်ဟု ဆိုသည်။

(▲ bowling green ကစားကွင်း၏ စိမ်းလန်းသောရှုခင်းများ တွေ့မြင်ရသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

(▲ New Forest ခရိုင်၊ New Milton ဈေးမြို့လေး၏ မြိ့လယ်တွင် တည်ရှိသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

(▲ ပြန်လည်မွမ်းမံဆောက်လုပ်နိုင်သည့် အလားအလာရှိသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

Whitefield လမ်းရှိ နေအိမ်ထဲသို့ ဝင်လိုက်သည်နှင့် သစ်ကြမ်းခင်းက ဆီးကြိုနေမည် ဖြစ်သည်။

မြေညီထပ်တွင် နေအိမ်ရှေ့ကို တွေ့မြင်ရသော ကြီးမားသည့် ခုံးထွက်ပြတင်းကြီးများပါသော နားနေခန်း/ညစာစားခန်း ရှိသည်။

မီးဖိုဆောင်တွင် နံရံကပ်နှင့် အောက်ခြေဗီရိုအံများပါဝင်ပြီး အိမ်ပြင်သို့ထွက်သည့် တံခါးပေါက်တစ်ခု ရှိသည်။

အောက်ထပ်တွင် အိပ်ခန်းနှင့်၊ ရေချိုးခန်းတစ်ခန်းလည်းပါဝင်ပြီး အိပ်ခန်းတွင်လည်း သစ်ကြမ်းခင်းများ ဖြစ်သည်။

အပေါ်ထပ်တွင် အခြား နားနေခန်း/ညစာစားခန်းတစ်ခုရှိပြီး bay window ကြီးတစ်ခုပါဝင်ကာ အပြင်ဘက်ဆီရှိ bowling green ၏ စိမ်းလန်းသောရှုခင်းများကို တွေ့မြင်နေရသည်။

မီးဖိုဆောင်နှင့် double bedroom တို့တွင် built-in storage နေရာများ ပါသည်။

အနီးတွင် ရထားဘူတာရုံ ၂ ခုရှိရာ ၁ ဒသမ ၄ မိုင်အကွာတွင် New Milton ဘူတာနှင့် ၂ ဒသမ ၅ မိုင်အကွာတွင် Sway ဘူတာရုံတို့ ဖြစ်သည်။

New Milton မြို့လယ်တွင် တည်ရှိသော ယခုအိမ်မှာ အလုံးစုံပြန်လည်ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ရောင်းချပေးမည့် ကုမ္ပဏီဖြစ်သည့် Mitchells အကျိုးဆောင်ကုမ္ပဏီက ပြောသည်။

ယခုနေအိမ်ကို ကြမ်းခင်းဈေး ၁ ပေါင် သတ်မှတ်ထားပြီး ချိတ်ပိတ် တင်ဒါဖြင့် ရောင်းချသွားမည်ဖြစ်ကာ ဝယ်ယူလိုသူတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက် မွန်းတည့်ချိန်မတိုင်မီ နောက်ဆုံးထားကာ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း Mitchells က ထုတ်ပြန်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CHEAP STREET-Britain’s cheapest home with 3 bedrooms, huge bay windows & spectacular views goes on sale for just £1 Photo Credit- Mitchells Estate Agents, New Milton

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...

[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service