[အကြင်နာ အကဲစမ်းပွဲ]

[အကြင်နာ အကဲစမ်းပွဲ] - Property News in Myanmar from iMyanmarHouse.com
7 May 2025 12:07 pm တွင် တင်ခဲ့သည်
421 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ Horsham မြို့မှ ၈ တန်း အင်္ဂလိပ်စာ ဆရာမ ခရစ္စတီးနား အူလ်မာသည် သူ၏ အတန်းတွင် ဒေါ်လာ ၂၀ ကြင်နာမှု ပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ ၇ နှစ်တင်းတင်းရှိခဲ့ပြီ ဖြစ်သည်။

၎င်းက အများသူငါ လှူဒါန်းငွေများမှ ကျောင်းသားကျောင်းသူတစ်ဦးလျှင် ဒေါ်လာ ၂၀ စီပေးကာ မိမိတို့၏ အကြင်နာတရားကို ပြသသည့် လုပ်ဆောင်မှု တစ်ခုခု လုပ်ပြစေခြင်း ဖြစ်သည်။

နှစ်စဉ် အကြင်နာ အကဲစမ်းပွဲကျင်းပတိုင်း မိမိ၏ ကျောင်းသားကျောင်းသူလေးများက ၎င်းတို့၏ တီထွင်ဖန်တီးတတ်မှုနှင့် အကြင်နာတရားတို့ကို အမျိုးမျိုးအဖုံဖုံ ပြသတတ်မှုမှာ မိမိ၏ စိတ်နှလုံးကို လှုပ်ခတ်စေကြောင်း ခရစ္စတီးနားက ပြောသည်။

လူအများစုသည် ကလေးများကို အထင်သေးတတ်ကြပြီး အများအကျိုး ကြည့်တတ်လိမ့်မည်ဟု မထင်ကြကြောင်း၊ မိမိမှာမူ ထိုသို့ မယူဆကြောင်း ဆရာမ ခရစ္စတီးနားက ဆိုသည်။

“ဒီ အစီအစဉ်ကို လုပ်ဆောင်ခဲ့ရတာရဲ့ အကြောင်းတစ်ခုက နေ့တိုင်း ကျွန်မ တွေ့ကြုံနေရတာတွေကို တခြားသူတွေလည်း သိမြင်စေချင်တာကြောင့် ဖြစ်ပါတယ်”

((ကွယ်လွန်သွားသော ညီမငယ်))

ခရစ္စတီးနားကို ယခုကဲ့သို့ အကြင်နာ အကဲစမ်းပွဲ ကျင်းပစေရန် လှုံ့ဆော်မှု အစပျိုးခဲ့သည်မှာ ၂၀၁၄ ခုနှစ်တွင် ဖြစ်သည်။

ထိုစဉ်က ခရစ္စတီးနား၏ ညီမငယ် ကေတီသည် ကားအက်ဆီးဒင့်ဖြစ်ကာ အသက် ၂၉ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည်။

ကေတီသည် စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးလုပ်နေသူ ဖြစ်သည်။

ကေတီ၏ ကားထဲတွင် ရဲအရာရှိတို့က ငွေသား ဒေါ်လာ ၁၀၀ ခန့် ပါသော ပိုက်ဆံအိတ်တစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ ဒေါ်လာ ၁၀၀ မှာ ထိုနေ့မနက် စားပွဲထိုးရာမှ ရခဲ့သော tip-money ငွေများ ဖြစ်သည်။

ခရစ္စတီးနားက ပြောပြသည်မှာ ညီမဖြစ်သူတွင် စုမိဆောင်းမိ လုံးဝမရှိခဲ့ကြောင်း၊ ပိုက်ဆံအိတ်ထဲတွင် တွေ့ခဲ့သော ဒေါ်လာ ၁၀၀ မှာ သူ၏ကျန်ရစ်ခဲ့သမျှ ငွေအားလုံးသာ ဖြစ်ကြောင်း ပြောသည်။

“သူ့ရဲ့ ကျန်ခဲ့တဲ့ ငွေလေးနဲ့ အကျိုးရှိတာ တစ်ခုခုလုပ်သင့်တယ်လို့ ကျွန်မ ယူဆပါတယ်”

(ခရစ္စတီးနား (ယာ) နှင့် ကေတီ (ဝဲ)။ ကေတီသည် လူတိုင်းအပေါ် စိတ်ရင်းကောင်းကြောင်း ခရစ္စတီးနားက ပြောသည်။ ဓာတ်ပုံ-Kristina Ulmer)

“ကျွန်မတို့ ကလေးဘဝကတည်းက ကေတီက ဆင်းရဲဒုက္ခကြုံနေသူတွေကို သနားတတ်တယ်”

ကေတီသည် သူ့ဘဝတွင် အခြားသူများအား ကူညီနိုင်မည့် အလုပ်တစ်ခုခု လုပ်ကိုင်ရန် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် အရေးပေါ် လူနာများကို ကုသပေးသူ (EMT) တစ်ဦးအဖြစ် ရပ်တည်ရန်အတွက် သင်တန်းတက်ခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင် ကားအက်ဆီးဒင့်ဖြစ်သွားခြင်း ဖြစ်သည်။

“သူက လူနာတင်ကားတစ်စင်းမှာ အလုပ်လုပ်ဖို့ စီစဉ်နေတာပါ။ အဲ့လိုအချိန်မှာပဲ ရုတ်တရက်ဆုံးပါးသွားရတာပါ” ဟု ခရစ္စတီးနားက ပြောသည်။

 

(ခရစ္စတီးနား၏ ၂၀၂၄ ပညာသင်နှစ် ကျောင်းသူကျောင်းသားများကို အကြင်နာ အကဲစမ်းပွဲကာလအတွင်း ဒေါ်လာ ၂၀ တန်များ ကိုင်လျက် တွေ့ရပုံ။ ဓာတ်ပုံ-Kristina Ulmer)

ခရစ္စတီးနားသည် ညီမဖြစ်သူ၏ ဒေါ်လာ ၁၀၀ ကို မည်သို့မည်ပုံ အသုံးချရမည်အား အတန်ကြာ တွေးမရဘဲ ရှိနေခဲ့သည်။

“ကျွန်မရဲ့ ရှေ့မှာက တကယ်တော်တဲ့ ကျောင်းသားကျောင်းသူလေးတွေ ရှိနေပါတယ်။ ကျွန်မတို့ဟာ Fahrenheit 451 ဆိုတဲ့ ဝတ္ထုကို ဖတ်ကြားနေခဲ့တာပါ။ ဝတ္ထုထဲမှာ ရေးထားတာက လူတိုင်းဟာ ဖုန်းကို စွဲလမ်းနေကြတယ်။ နားကြပ်တွေ တန်းလန်းနဲ့ တနေကုန်လျှောက်သွားနေကြတယ်။ တစ်ဦးအပေါ်တစ်ဦး စာနာစိတ်လည်းမရှိ။ လူတိုင်းဟာ သောကများနေကြတယ်”

ခရစ္စတီးနားလည်း အကြံတစ်ခုရကာ ကလေးများကို အခြားသူတို့အား ကြင်နာတတ်ရန် ပျိုးထောင်ပေးမည်ဟု ဆုံးဖြတ်ကာ မိမိ၏ ငွေအချို့ ထပ်မံစိုက်ထုတ်ကာ ကလေးတစ်ဦးလျှင် ဒေါ်လာ ၂၀ စီဝေငှပေးပြီး အခြားသူတို့ကို ကူညီရန်နှင့် မှတ်တမ်းဗွီဒီယိုရိုက်ကူးထားရန် ပြောခဲ့သည်။

ခရစ္စတီးနား၏ ကျောင်းသားကျောင်းသူလေးများသည် အခြားသူတို့ကို ပုံစံမျိုးစုံဖြင့် ကူညီခဲ့ကြပြီး မှတ်တမ်းဗွီဒီယိုများကို အတူတကွ ပြန်ကြည့်ကြသည်။

ခရစ္စတီးနားက တစ်နှစ်လျှင် ၂ ကြိမ် အကြင်နာ အကဲစမ်းပွဲပြုလုပ်ခဲ့ပြီး ၅ နှစ်တာ ကာလအတွင်း ဒေါ်လာ ၇၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့သည်။

((ပေးကမ်းလှူဒါန်းမှု၏ စွမ်းအား))

ပေးကမ်းလှူဒါန်းရက်ရောခြင်းသည် အချိန်နှင့်ငွေ ပေါများသူတို့ လုပ်ဆောင်ရသည့်အရာဟု အများက ရှုမြင်ကြသည်။

သုတေသနများအရ ပေးကမ်းလှူဒါန်းခြင်းသည် ရယူသူသာ အကျိုးရှိသည်မဟုတ်၊ ပေးကမ်းသူအတွက်လည်း အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သိလာရသည်။

“ပေးကမ်းခြင်းဟာ ပျော်ရွှင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို လေးစားစိတ်ကိုလည်း မြင့်တက်စေပါတယ်” ဟု အယ်လ်ဘားမားတက္ကသိုလ်မှ ပါရဂူဘွဲ့ရ စိတ်ပညာရှင် Megan Hays က UAB News သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: This teacher gives each of her students $20 to spend on an act of kindness (cbc) 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service