[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပြောများနေ

[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပြောများနေ - Property News in Myanmar from iMyanmarHouse.com
6 May 2025 12:05 pm တွင် တင်ခဲ့သည်
492 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယတွင် ထိမ်းမြားမင်္ဂလာ ပြုလုပ်မည်ဆိုပါက သတို့သမီးဘက်က သတို့သားဘက်သို့ တင်တောင်းရသည့် ဓလေ့ထုံးတမ်းရှိသည်။

သမီးမိန်းကလေးတစ်ဦး မိသားစုတွင် မွေးဖွားလာပြီဆိုပါက သမီးအရွယ်ရောက်ချိန် တင်တောင်းငွေ ပေးနိုင်ရန် မိဘများမှာ ငွေစုရတော့သည်။

တင်တောင်းငွေ ထိုက်ထိုက်တန်တန် မပေးသောကြောင့်ဟုဆိုကာ ခင်ပွန်းဖြစ်သူနှင့် မိသားစုက အမျိုးသမီးတို့ကို ကိုယ်စိတ်နှစ်ပါး ညှင်းပန်းနှိပ်စက်မှုများ များစွာရှိသည်။ ထို့ကြောင့် ၁၉၆၁ ခုနှစ်တွင် တင်တောင်းငွေ တားမြစ်သည့် အက်ဥပဒေ (DPA) ကို ပြဌာန်းခဲ့၏။

သို့သော် ယနေ့တိုင် တင်တောင်းငွေမှာ တိတ်တိတ်ပုန်းရှိနေဆဲပင်။

ထူးဆန်းသည်မှာ ထိုဥပဒေသည် အမျိုးသားဘက်က အမျိုးသမီးအပေါ် ခြိမ်းခြောက်မှု၊ နှိပ်စက်မှုများ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်သည့် ဥပဒေဖြစ်သော်လည်း အမျိုးသမီးများမှာ ထိုဥပဒေကို အသုံးချကာ အမျိုးသားများအား ခြိမ်းခြောက်မှုများ၊ လီဆယ်အမှုဖွင့် တိုင်တန်းမှုများ များစွာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အာမခံ မရသော အမှုအဖြစ် သတ်မှတ်ထားရာ အမျိုးသမီးဘက်က တိုင်တန်းလိုက်သည်နှင့် အမျိုးသားမှာ ချက်ချင်းအဖမ်းခံရသည်။ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည့်တိုင် အမျိုးသားမှာ ငွေကုန်ခြင်း၊ နာမည်ဂုဏ်သတင်းထိခိုက်ခြင်းတို့ဖြစ်ကာ စိတ်နှလုံး ဂျုံးဂျုံးကျခဲ့ရပြီ ဖြစ်သည်။

((ဖောက်ပြန်မှုကို လက်မခံပါက DPA ဖြင့် လီဆယ်အမှုဖွင့်မည်ဟု ခြိမ်းခြောက်သည့်ဖြစ်ရပ်))

မကြာသေးမီကလည်း အိန္ဒိယတွင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးသည် အခြားတစ်ဦးနှင့် ရသော ရင်သွေးအား ခင်ပွန်းဖြစ်သူမှ လက်မခံပါက ခင်ပွန်းအားသတ်မည် (သို့မဟုတ်) DPA ဖြင့် လိမ်လည်အမှုဆင် တိုင်တန်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံတဝန်း ဂယက်ရိုက်နေသည်။

ဥတာ ပရာဒက်ရှ်ပြည်နယ်၊ မဟာရတ်ဂျ်ဂန့် (Maharajganj) ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရလာမှုအပေါ် အငြင်းပွားရာမှတဆင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ၏ တိုင်တန်းချက်အရ ရဲတပ်ဖွဲ့က ထိုအမျိုးသမီးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့ မှတ်တမ်းများအရ ၎င်းတို့ဇနီးမောင်နှံသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လက်ထပ်ခဲ့ကြသည်။

သို့သော် လက်ထပ်ပြီးချိန်မှစပြီး ပြဿနာမှာ စတင်ပေါ်ပေါက်လာသည်။

ခင်ပွန်းဖြစ်သူက ပြောသည်မှာ မိမိ၏ဇနီးက လင်မယားကဲ့သို့ အတူနေရန် အမြဲတစေ ငြင်းဆန်နေခဲ့ရာ စိတ်ဓာတ်ကျဆင်းခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် ဇနီးဖြစ်သူသည် ဥတာပရာဒက်ရှ်ပြည်နယ် Sant Kabir Nagar ခရိုင်ရှိ သူ၏ မိဘများအိမ်သို့ မကြာခဏ ပြန်သွားလေ့ရှိကြောင်း ခင်ပွန်းက ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း ဇနီးဖြစ်သူသည် မိမိကို အသိမပေးဘဲ မိဘများအိမ်သို့ ပြန်သွားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလသို့ ရောက်သောအခါအမျိုးသားက ဇနီးထံဆက်သွယ်ကာ အိမ်သို့ ပြန်လာရန် ပြောခဲ့သည်။

ဇနီးဖြစ်သူ အိမ်သို့ ပြန်ရောက်လာပြီးနောက် ပြီးခဲ့သော ဧပြီလအတွင်းတွင် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဇနီးက ဗိုက်အောင့်နေကြောင်း ပြောရာ ဆေးရုံသို့ ပို့ပေးခဲ့သည်။

ဆရာဝန်တို့၏ စစ်ဆေးတွေ့ရှိချက်အရ ထိုအမျိုးသမီးတွင် ကိုယ်ဝန် ၁၄ ပတ်ရှိနေပြီဖြစ်ကြောင်း ပေါ်ပေါက်လာသည်။

ခင်ပွန်းဖြစ်သူမှာ မယုံနိုင်အောင် တုန်လှုပ်ခြောက်ခြားသွားပြီး အခြားဆရာဝန်များထံ ဆက်လက်ပြသ စစ်ဆေးရာတွင်လည်း အလားတူသာ အဖြေထွက်သည်။

ထိုပြဿနာကို ဇနီးဖြစ်သူနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရာတွင် ကိုယ်ဝန်မှာ ခင်ပွန်းဖြစ်သူနှင့်ရခြင်း မဟုတ်ကြောင်း ဇနီးက ဝန်ခံသည်။

တဆက်တည်းတွင်ပင် ဇနီးက ယခုရင်သွေးကို လက်ခံရန်၊ လက်မခံပါက ခင်ပွန်းကို သတ်ပစ်မည် (သို့မဟုတ်) တင်တောင်းငွေ တောင်းသည်ဟု DPA ဖြင့် လီဆယ်တိုင်တန်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

Maharajganj ရဲတပ်ဖွဲ့၏ အတည်ပြုပြောကြားချက်အရ ဒေသတွင်း ရဲတပ်ဖွဲ့တွင် ယခုဖြစ်ရပ်ကို အမှုဖွင့်ထားကြောင်း ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။

လူမှုကွန်ရက်သုံးစွဲသူတို့က ယခုဖြစ်ရပ်အပေါ် အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးကြသည်။

တစ်ဦးက “ယောက်ျားဖြစ်သူအနေနဲ့ သူကြုံရတဲ့ ကံကြမ္မာကို လက်ခံသင့်ရုံတင်မကဘဲ ဇနီးနဲ့ ပြန်ပြီးသင့်မြတ်အောင်လုပ်ပြီး ကလေးကို ပြုစုပျိုးထောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အိန္ဒိယဥပဒေအရ သူ့အနေနဲ့ တခြားရွေးချယ်စရာ မရှိလို့ပါ” ဟု မှတ်ချက်ပြုသည်။

ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်လျှောက်ထားခဲ့လျှင်ပင် အိန္ဒိယဥပဒေအရ ခင်ပွန်းမှာ ကလေးတာဝန် ယူရလိမ့်မည် ဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “တရားရုံးကတော့ ဒါ..ခင်ဗျားရဲ့ ကလေးလို့ပဲ ပြောမှာပဲ။

ဥပမာ…ခင်ဗျားရဲ့ ကားကို တစ်ယောက်ယောက်က ယူစီးပြီး အက်ဆီးဒင့်ဖြစ်တယ်ထားပါတော့…။ အဲဒီမှာ ဥပဒေအရ ခင်ဗျားဟာ ကားရဲ့ တရားဝင်ပိုင်ရှင် ဖြစ်နေတယ်။ အခုလည်း ဒီလိုမျိုးပဲ။ ခင်ဗျားက တရားဝင်ယောက်ျားဖြစ်တဲ့အတွက် ကလေးက ခင်ဗျားရဲ့ ကလေးပဲ” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: UP Woman Accepts She Was Impregnated By ‘Someone Else’. But Threatens To ‘Kill Husband’ If...

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service