Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
3 Jul 2025 12:33 pm တွင် တင်ခဲ့သည်
379 ကြိမ် ကြည့်ရှု့ပြီး

အမြင့်သံသီဆိုနိုင်သူတို့အနက် Mariah Carey မှာ နတ်ဖုရားမဟု ပြောလျှင် ရကောင်းသည်။

သင့်အနေဖြင့် Mariah Carey ကဲ့သို့ နေထိုင်ရန် ဆန္ဒရှိသည်ဆိုပါက သင့်အတွက် သတင်းကောင်းတစ်ခု ရှိနေသည်။

အမေရိကန်ပြည်၊ ကွန်နက်တီကပ်ပြည်နယ်တွင် ပြီးခဲ့သော ၂ နှစ်တာလုံး Mariah Carey နေထိုင်ခဲ့သော ရဲတိုက်အသွင် မဟာစံအိမ်ကြီး အလွန်တရာ နည်းပါးလှသော ဈေးနှုန်းဖြစ်သည့် ကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းဖြင့် ရောင်းချရန် ရှိနေသည်။

အကယ်၍ စံအိမ်ကြီးတွင် ရှိနေသော ပရိဘောဂများပါ လိုချင်သည်ဆိုပါက ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်း ပေးရမည် ဖြစ်သည်။

သို့သော် စူပါကြယ်ပွင့်တစ်ဦးကဲ့သို့ နေထိုင်လိုသူအတွက်ဆိုလျှင် မပြောပလောက်သော ပမာဏဖြစ်သည်ဟု ဆိုနိုင်သည်။

ခြံအကျယ်မှာ ၆ ဧကကျော်ရှိပြီး လူနေကြမ်းခင်းဧရိယာမှာ ပင်မစံအိမ်၊ ဧည့်ဂေဟာ၊ wellness center တို့ပေါင်းလျှင် စတုရန်းပေ ၂၅,၀၀၀ ခန့် ရှိသည်။

ပင်မစံအိမ်တွင် အိပ်ခန်း ၈ ခန်း၊ အရက်သောက်ရင်း စကားစမြည်ပြောနိုင်မည့် parlor room ၊ အားကစားလေ့ကျင့်ခန်းမ၊ ဂိမ်းကစားခန်းတို့ ပါဝင်သည်။

ဧည့်ဂေဟာအိမ်မှာ စတုရန်းပေ ၂၅၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်းပါသည်။

စံအိမ်၏ အခြား feature များအနေဖြင့် ကစားကွင်း၊ ဆားရေ ရေကူးကန်၊ အသံဖမ်းစတူဒီယို (နောက်ပိုင်းတွင် ယောဂနှင့် sauna ခန်းအဖြစ် ပြောင်းလဲထားသည်) နှင့် လဘက်ရည်၊ အအေးသောက်သော အခန်းတို့ ပါဝင်သည်။

(▲ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

Mariah Carey ၏ စံအိမ်မှာ New Canaan မြို့လယ်မှ ၅ မိနစ်ခန့်သာ ဝေးကွာရာ နေရာအကွက်အကွင်း အချက်အခြာချသည်ဟု ဆိုနိုင်သည်။ စံအိမ်ဘေးတွင် ဘတ်စ်ကက်ဘောကွင်းရှိသည်ကို တွေ့နိုင်သည်။

(▲ အရက်သောက်ရင်း စကားစမြည်ပြောနိုင်မည့် Parlor Room ။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ Great Room ဟုခေါ်သော ဧည့်ခန်း၊ နားနေခန်း၊ ညစာစားနေရာတို့ ပေါင်းစပ်ထားသောနေရာ။ ဓာတ်ပုံ- Screenshot: YouTube/Ryan Serhant)

(▲ မီးဖိုဆောင်-မြင်ကွင်း ၁။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ မီးဖိုဆောင်-မြင်ကွင်း ၂။ ဓာတ်ပုံ- Screenshot: YouTube/Ryan Serhant)

(▲ မိသားစု နားနေခန်း။ ဓာတ်ပုံ- Screenshot: YouTube/Ryan Serhant)

 

Great room ကဲ့သို့ မခမ်းနားလှသော်လည်း နွေးထွေးသော နေရာလေးတစ်ခု ဖြစ်သည်။

(▲ ရှုခင်းကြည့်နေရာ။ ဓာတ်ပုံ- Screenshot: YouTube/Ryan Serhant)

 

(▲ ပင်မအိပ်ခန်း။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ ပင်မအိပ်ခန်းမှ ရေစိမ်ကန်။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ ဂိမ်းကစားခန်း။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ ရုပ်ရှင်ကြည့်ခန်းမ။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

(▲ အိမ်နောက်ဘက် ရေကူးကန်။ ဓာတ်ပုံ-Screenshot: YouTube/Ryan Serhant)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Mariah Carey’s $12.4 Million Connecticut Castle Mansion, Now Up for Sale!

Photo Credit- YouTube/Ryan Serhant

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service