[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
11 Jun 2025 12:25 pm တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားတွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦးသည် ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲ မေ့လျော့နေသော ရင်းဂစ် ၅၀ တန် ငွေစက္ကူမှ ဂဏန်းများဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂,၁၅၁,၆၆၄ ထီပေါက်ခဲ့ပြီး ဆုငွေအားလုံးကို ငယ်စဉ်ကကျောင်းတက်ခဲ့သော မူလတန်းကျောင်းသို့ လှူဒါန်းလိုက်သည့်ဖြစ်ရပ်မှာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား သတင်းကြီးနေသည်။

၎င်း၏ အမည်နာမနှင့် နေထိုင်သည့်မြို့တို့ကိုမူ privacy အတွက် သတင်းများတွင် ထုတ်ဖော်ချပြထားခြင်း မရှိချေ။

ထိုအမျိုးသားသည် မလေးရှားမှ နာမည်ကြီးထီကုမ္ပဏီဖြစ်သော Da Ma Cai ၏ 3+3D Bonus ထီကို ကံစမ်းခဲ့ခြင်း ဖြစ်သည်။

((ထီစနစ်အကြောင်း))

မလေးရှားတွင် Da Ma Cai အမည်ရှိ ထီကုမ္ပဏီက လုပ်ဆောင်နေသော 3+3D Bonus အမည်ရှိ ထီတစ်မျိုး ရှိသည်။

ထီကစားရပုံမှာ နှစ်သက်ရာ ဂဏန်း ၃ လုံးအပြင် တရုတ်ရိုးရာ ရာသီရုပ် (ကြွက်၊ နဂါး၊ မြွေ၊ မျောက်၊ ဝက် အစရှိသဖြင့်) တစ်ခု ရွေးချယ်ရသည်။

ထီပေါက်ဂဏန်းနှင့် သင်ကံစမ်းသော ဂဏန်း ၃ လုံးတူလျှင် ထီပေါက်သည်။ အစဉ်လိုက် တူရန် မလိုချေ။ (ဥပမာ -သင်ကံစမ်းသောဂဏန်းမှာ 123 ဖြစ်ပြီး ပေါက်ဂဏန်းမှာ 321 ဖြစ်ပါကလည်း ထီပေါက်သည်။)

ထိုဂဏန်းအပြင် ရာသီရုပ်ပါ တူနေပါက Jackpot ဆု ကံထူးမည် ဖြစ်သည်။

((ထီထိုးဖြစ်ခဲ့ပုံ))

ထိုအမျိုးသားသည် ပြီးခဲ့သော တစ်လခန့်က Da Ma Cai ထီဌာန၏ ဆိုင်ခွဲတစ်ခုတွင် ထီထိုးခဲ့ရာ ရင်းဂစ် ၆၀ ဆု ထီပေါက်ခဲ့သေးသည်။

၎င်းက အဆိုပါဆုငွေကို ထီဆိုင်တွင်ပင် ထုတ်ယူခဲ့ပြီး ရင်းဂစ် ၅၀ တန်တစ်ရွက်မှာ မသုံးဖြစ်ဘဲ ပိုက်ဆံအိတ်ထဲတွင် အတန်ကြာရှိနေခဲ့သည်။

((ဦးညွှတ်အပ်သော ဆုတောင်း))

“တကယ်လို့ ထီဆုကြီးပေါက်မယ်ဆိုရင် ဆုငွေအားလုံးကို ကျွန်တော်တက်ခဲ့တဲ့ မူလတန်းကျောင်းလေးကို လှူဒါန်းပါ့မယ်လို့ ဆုတောင်းခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ဆုတောင်းပြီး မကြာမီတွင်ပင် ထီပေါက်ထားသော ရင်းဂစ် ၅၀ တန်တစ်ရွက်ကို သတိရသွားသည်။

ယင်းနောက် ထိုငွေစက္ကူကို ထုတ်ကြည့်မိပြီး ငွေစက္ကူမှ 041 ဟူသော ဂဏန်းကို သတိပြုမိကာ ရှင်းမပြနိုင်သော ခံစားချက် တစုံတရာ ပေါ်ပေါက်လာသည်။

ထိုနံပါတ်ကို ထီထိုးခဲ့ပြီး ရာသီခွင်ရုပ်အနေဖြင့် ဘိုးဘေးများ၏ ရာသီရုပ်ဖြစ်သော ကျားကို ရွေးချယ်ခဲ့သည်။

((မယုံနိုင်ဖွယ် ကံထူးမှု))

ထီဖွင့်သောရက်တွင် Da Ma Cai ၏ mobile app ဖြစ်သော dmcGO မှ notification တစ်ခု ပေါ်လာရာ 3+3D Bonus ထီမှ တတိယဆုကြီးပေါက်ကြောင်း အကြောင်းကြားစာ ဖြစ်နေသည်။

“ကျွန်တော် အိပ်မက်များ မက်နေတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခပ်နာနာလေး ရိုက်လိုက်မိတယ်” ဟု ၎င်းက ရယ်လျက် ပြောသည်။

((မိသားစု အစဉ်အလာကို ထိန်းသိမ်းခြင်း))

ထီပေါက်သူတို့သည် တန်ဖိုးကြီးစံအိမ်ကြီးများဝယ်ယူခြင်း၊ ကမ္ဘာပတ်ခြင်းများ ပြုလုပ်နေသည့်ခေတ်ကြီးတွင် ထိုအမျိုးသားမှာ တမူကွဲပြားသော လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

၎င်း၏ အဘိုးနှင့် အဘေးတို့မှာ ပညာရေးလောကမှဖြစ်သည့်အပြင် စာသင်ကျောင်းများကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြသူများဖြစ်သည်။

“ဘိုးဘေးတွေလုပ်ခဲ့သလို ကျွန်တော် ပြန်ပေးချင်ပါတယ်”

စစ်မှန်သော ချမ်းသာခြင်းဟူသည် မိမိတို့ သိမ်းပိုက်ထားသောအရာများအပေါ်တွင် အရင်းမခံဘဲ မိမိတို့ စွန့်လွှတ်ပေးကမ်းခဲ့မှုအပေါ်တွင်သာ အခြေတည်ကြောင်းလည်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Man turns forgotten RM50 note into RM2.15 mil Jackpot, donates entire winnings to primary school

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service