ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ - Property News in Myanmar from iMyanmarHouse.com
2 Jul 2025 12:02 pm တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

ဘရာဇီးစတန့်သမား လူဝီဂျီ ကာနီ (ပေါ်တူဂီ အသံထွက်အားဖြင့် လွီဂျီ ကာနီ) သည် အံ့မခန်း အားကစားသမားတစ်ဦး ဖြစ်သည်။

ကာနီသည် ကောင်းကင်ဒိုင်ဗင်လောကတွင် နာမည်ကြီးတစ်ဦးဖြစ်ပြီး ကောင်းကင်ဒိုင်ဗင်ထိုးမှု အကြိမ်ရေ ၁၄၀၀၀ နီးပါး လုပ်ဆောင်ခဲ့ကာ နှစ်ပေါင်း ၂၀ ကာလအတွင်း ကမ္ဘာ့စံချိန် ၁၁ ခု ချိုးထားသည်။

ကာနီက သူ၏ ကျွမ်းကျင်မှုကို ပိုမိုကောင်းမွန်သောကမ္ဘာကြီးဖြစ်လာစေရေးအတွက် အသုံးပြုလာသည်။

၂၀၂၂ ခုနှစ်အတွင်း ကာနီသည် အမေဇုန်တောကြီးထဲမှ တောပြုန်းနေသော နေရာများတွင် ဒေသမျိုးရင်း အပင်မျိုးစိတ် ၂၇ ခု၏ မျိုးစေ့ပေါင်း သန်း ၁၀၀ ပါဝင်သည့် သေတ္တာတစ်လုံးကို ကောင်းကင်ဒိုင်ဗင်ထိုးကာ မျိုးစေ့ကြဲခဲ့သည်။

၎င်းလုပ်ဆောင်ခဲ့သမျှ စတန့်များအနက် ကျောချမ်းဖွယ်အကောင်းဆုံး လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။

သူ၏ ရည်ရွယ်ချက်မှာ မျိုးစေ့သေတ္တာကို လေထဲတွင် ဖွင့်လှစ်ပြီး မျိုးစေ့များ ကြဲချကာ သစ်ပင်ပေါင်း သန်း ၁၀၀ စိုက်ပျိုးနိုင်ရန် ဖြစ်သည်။ကာနီသည် သူ၏ အကြံကို အကောင်အထည်ဖော်ရန်အတွက် အစိုးရထံမှ ခွင့်ပြုချက်ရရန် ၅ နှစ်ခန့် ကြာမြင့်ခဲ့သည်။

မျိုးစေ့များ ကြဲချနိုင်မည့် သေတ္တာမှာ ဇီဝနည်းဖြင့် အလိုအလျောက် ဆွေးမြေ့ပျက်စီးလွယ်သော သေတ္တာမျိုးလည်း ဖြစ်ရမည်ဖြစ်ပြီး ဘရာဇီးအစိုးရထံမှ ခွင့်ပြုချက်တောင်းခံခဲ့ရသည်မှာ မလွယ်ကူခဲ့ချေ။

သစ်တောပြုန်းတီးနေသော နေရာအနီးရှိ တောအုပ်တစ်ခုမှ မျိုးစေ့များ ရယူရွေးထုတ်ခြင်းအတွက် ၂ လခန့် အချိန်ယူခဲ့ရသည်။ အမေဇုန်တောကြီးနှင့် ဂေဟဗေဒ သဟဇာတရှိစေရေးအတွက် ဒေသမျိုးရင်းများကိုသာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လတ်ဆတ်ကာ မျိုးအောင်နိုင်သော မျိုးစေ့ပေါင်း သန်း ၁၀၀ ကို အချိန်တိုအတွင်း ရွေးချယ်ရသည့်အလုပ်မှာ မလွယ်ချေ။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် ကောင်းကင်ဒိုင်ဗင်ထိုးကာ မျိုးစေ့များ ကြဲချခဲ့ခြင်းဖြစ်ပြီး ထိုနေ့မတိုင်မီ ရက်ပိုင်းအလိုအထိ မျိုးစေ့ထည့်မည့်သေတ္တာ စမ်းသပ်မှုမှာ မအောင်မြင်ခဲ့ရာ ၎င်းတို့အဖွဲ့မှာ နေ့မအိပ် ညမအိပ် အဖြေရှာခဲ့ရသည်။

မျိုးစေ့သေတ္တာမှာ ကောင်းကင်သို့ သယ်ဆောင်စဉ် အချိန်မတန်မီ ပေါက်ကျ၊ ကွဲကျခဲ့ခြင်းကြောင့် ဖြစ်ပြီး ထိုအပေါက်နေရာကို ဆွေးမြေ့လွယ်မည့်အရာဖြင့် ပြန်လည်ဖာထေးနိုင်ရန် နည်းလမ်းကို အပြင်းအထန် စဉ်းစားခဲ့ရသည်။

မျိုးစေ့သေတ္တာမှာ လိုရာအရပ်သို့ ရောက်၍ ဖောက်ချသောအခါတွင်မှ မျိုးစေ့ကျမှသာ ရည်ရွယ်ချက် အထမြောက်နိုင်မည် ဖြစ်ပြီး မလိုအပ်သည့်နေရာတွင် တပြုံတည်းကျသွားပါက တောပြုန်းသည့်နေရာများ ပြန်လည်ထူထောင်နိုင်ရေး ရည်မှန်းချက် အထမြောက်မည် မဟုတ်ချေ။

ကာနီအနေဖြင့် သေတ္တာကို မြဲမြံစွာကိုင်တွယ်ကာ အချိန်ကိုက် ကြဲချနိုင်ရန် လိုအပ်သည်။ ထိုကိစ္စမှာ မလွယ်ချေ။

“ကျွန်တော် သေတ္တာကို ကိုင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေ ကျိုးမလို ဖြစ်ခဲ့ရသေးတယ်။ ပေ ၆၀၀၀ လောက်အမြင့်မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင်နေဖို့လည်း ကြိုးစားရတယ်။ ပြီးတော့ ရောက်စေချင်တဲ့နေရာရောင်အောင် မျိုးစေ့တွေချရပါတယ်။ ဒါက တကယ့်ပီတိကို ခံစားရပါတယ်”

ကာနီက ထိုအချိန်ပိုင်းသည် မိမိဘဝတွင် အသက်ပင် မရှူဝံ့လောက်သည့် တစ်ခုတည်းသော ကောင်းကင်ဒိုင်ဗင် အတွေ့အကြုံဖြစ်ကြောင်း ပြောသည်။

ကာနီကြဲချခဲ့သော မျိုးစေ့တို့မှာ အစေ့ပေါက်နှုန်း ၉၅ ရာခိုင်နှုန်းခန့်ရှိသည်ဟုဆိုရာ အမေဇုန်တောကြီး၏ တောပြုန်းနေသော နေရာများ ပြန်လည်စိမ်းလန်းလာစေမည့် အခွင့်အလမ်းရှိနေပြီ ဖြစ်သည်။

မျိုးစေ့ချခဲ့သည့်အပင်များသည် အမြင့် မီတာ ၅၀ အထိ ကြီးထွားလာနိုင်ပြီး ကာနီတို့အဖွဲ့က ဂြိုဟ်တုပုံရိပ်များမှတဆင့် အမြဲစောင့်ကြည့်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 100 Million Seeds From Native Plants Are Released Into the Brazilian Amazon by Daring Skydiver (mymodernmet)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service