ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
(မိန်းကလေးများ ဝမ်းမြောက်ဖွယ်သတင်း)
တရုတ်ပြည်မှ နည်းပညာကုမ္ပဏီတစ်ခုက ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်စက်ရုပ်ကို ထုတ်လုပ်ရောင်းချနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။
ကွမ်ကျိုးမြို့အခြေစိုက် Kaiwa Technology ကုမ္ပဏီက လူသားအသွင် စက်ရုပ်တစ်မျိုး တီထွင်လျက်ရှိသည်။ ထိုစက်ရုပ်၏ ဝမ်းဗိုက်တွင် သားအိမ်တုတစ်ခု ပါဝင်ပြီး သန္ဓေသားကို ၉ လလွယ်ကာ မွေးဖွားပေးနိုင်မည် ဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများစွာက ဖော်ပြသည်။
လာမည့် ၂၀၂၆ ခုနှစ်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဈေးနှုန်းမှာ ယွမ် ၁၀၀,၀၀၀ အောက် (ကန်ဒေါ်လာ ၁၃,၉၀၀ ဝန်းကျင်) ဖြစ်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ယခု ကိုယ်ဝန်ဆောင်စက်ရုပ်မှာ ကိုယ်ဝန်လွယ်ထားရသည့် ဒုက္ခကို ရှောင်ရှားလိုသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း Kaiwa ကုမ္ပဏီက ကြေညာသည်။
Kaiwa ကုမ္ပဏီ၏ ကြေညာချက်မှာ ပြည်သူလူထုအကြား အကျယ်တဝင့် အခြေအတင်ဆွေးနွေးဖွယ်ရာများ ပေါ်ပေါက်စေခဲ့ရာ ကျင့်ဝတ်ပိုင်းအပြင် သန္ဓေမအောင်နိုင်မှု အလားအလာများအထိ ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်စက်ရုပ်ကို ပေကျင်းမြို့တွင် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ကမ္ဘာ့စက်ရုပ် ကွန်ဖရင့်တွင် Kaiwa Technology တည်ထောင်သူ ကျန်းချီဖုန်က Nanyang Technological University နှင့် ပူးပေါင်းကာ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ECNS က ဖော်ပြသည်။
ချီဖုန်၏ ပြောကြားချက်အရ လူတစ်ယောက်အတိုင်း ထပ်တူ အရွယ်အစားရှိ စက်ရုပ်၏ ဝမ်းဗိုက်တွင် သားအိမ်တုတစ်ခု တပ်ဆင်ထားပြီး သန္ဓေလွယ်သည့် ဖြစ်စဉ်တစ်ခုလုံးကို ထပ်တူလုပ်ဆောင်နိုင်ပြီး မွေးဖွားသည်အထိ လုပ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။
သားအိမ်တုထဲမှ သန္ဓေသားလောင်းကို ရေမြွှာအရည်တုများထဲတွင် ရှင်သန်စေပြီး ပိုက်တစ်ခုမှတဆင့် အာဟာရများ ပေးပို့ရာ သဘာဝနည်းအတိုင်း တုပထားခြင်းဖြစ်သည်။
ယခုနည်းပညာကို ဓာတ်ခွဲခန်းတွင် အောင်မြင်စွာစမ်းသပ်ခဲ့ပြီးဖြစ်ကာ ယခုအခါ လူသားအသွင် စက်ရုပ်၌ ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း ဒေါက်တာ ကျန်းချီဖုန်က ပြောသည်။
တစ်နှစ်အတွင်း ကိုယ်ဝန်ဆောင်စက်ရုပ်ကို ရောင်းချပေးနိုင်တော့မည်ဖြစ်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၁၃၉၀၀ အောက်ဖြစ်ဖွယ်ရှိကြောင်းလည်း ကျန်းချီဖုန်က ပြောသည်။
ကျင့်ဝတ်၊ ဥပဒေကြောင်းတို့နှင့် ပတ်သက်ပြီး ကျန်းချီဖုန်က ပြောသည်မှာ လက်ရှိအားဖြင့် ကွမ်တုံပြည်နယ်မှ အာဏာပိုင်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China firm plans world’s first pregnancy humanoid robot using artificial womb (interestingengineering)