စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
2 Sep 2025 12:11 pm တွင် တင်ခဲ့သည်
288 ကြိမ် ကြည့်ရှု့ပြီး

(မှတ်ချက်။ စတန်းဖို့ဒ် ဆေးတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ဆောင်းပါးကို အရပ်သား နားလည်လွယ်စေမည့် ပုံစံဖြင့် ပြန်လည်ရေးသားထားခြင်းဖြစ်ပြီး ဆေးပညာဆိုင်ရာ ဝေါဟာရများကို တတ်နိုင်သမျှ ရှောင်ရှားထားပါသည်။ အသေးစိတ်လေ့လာလိုသူများအနေဖြင့်မူ စတန်းဖို့ဒ် ဆေးတက္ကသိုလ်၏ ဝက်ဘ်ဆိုက် (med.stanford.edu ) တွင် Scientists glue two proteins together, driving cancer cells to self-destruct ဟူသော ဆောင်းပါးကို ရှာဖွေ ဖတ်ရှုနိုင်ပါသည်)

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် နေ့စဉ် ဆဲလ်အပျက်အစီး ၆၀ ဘီလီယံခန့်ကို ဖယ်ရှားဖျက်ဆီးပစ်လျက်ရှိရာ ယင်းကို apoptosis ဟု ခေါ်သည်။

အဆိုပါဆဲလ်များကို ဆဲလ်သစ်များဖြင့် အစားထိုးကြသည်။

စတန်းဖို့ဒ် ဆေးသိပ္ပံပညာရှင်များ၏ ကင်ဆာကုထုံးသစ်အဖြစ် ချဉ်းကပ်သည့် နည်းလမ်းသစ်အတွက် ခန္ဓာကိုယ်က မကောင်းသော ဆဲလ်များကို ဖျက်ဆီးဖယ်ရှားသည့် သဘာဝလုပ်ငန်းစဉ်ကို အသုံးချထားသည်။

ထိုသဘာဝလုပ်ငန်းစဉ်ကို အခြေပြုကာ ကင်ဆာဆဲလ်များ မိမိဘာသာ ဖျက်ဆီးဖယ်ရှားရန် စတန်းဖို့ဒ် သိပ္ပံပညာရှင်တို့က ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

မကောင်းသော ဆဲလ်များကို ဖျက်ဆီးဖယ်ရှားပစ်သောကြောင့် အနီးရှိ ဆဲလ်များကို မထိခိုက်စေဘဲ ကျန်းမာစွာ နေထိုင်နိုင်ကြခြင်း ဖြစ်သည်။

ခီမိုကုထုံးကဲ့သို့ လက်ရှိ ကင်ဆာ ကုထုံးများမှာ ဗုံးကြဲခြင်းနှင့် အလားတူသည်။

ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့်နည်းတူ ဆဲလ်ကောင်းများစွာကိုလည်း ထိခိုက်စေရာ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိစေသည်။

ထို့ကြောင့် သိပ္ပံပညာရှင်တို့တွင် ထူးခြားသည့် အကြံတစ်ခု ပေါ်လာသည်။

ခန္ဓာကိုယ်က မကောင်းသော ဆဲလ်များကို ဖျက်ဆီးပစ်သည့် လုပ်ငန်းစဉ်ကို အသုံးချကာ ကင်ဆာဆဲလ်များကို ပစ်မှတ်ထားစေလျှင် မည်သို့ရှိမည်နည်း။

((ဘယ်လိုလုပ်မလဲ))

အတွေ့ရများသည့် သွေးကင်ဆာများတွင် BCL6 ဟုခေါ်သော ပရိုတိန်းသည် ဆဲလ်၏ DNA အပေါ်တွင် ဖိကာ ပိတ်ဆို့ထားသည်။

မကောင်းသောဆဲလ်များ မိမိဘာသာ ဖျက်ဆီးမည့် မျိုးဗီဇ ခလုတ်ပွင့်မလာစေရန် BCL6 က ပိတ်ဆို့ပေးထားပြီး ကင်ဆာဆဲလ်ကို ထာဝရ ရှင်သန်နေစေသည်။

သိပ္ပံပညာရှင်တို့က အထူး မော်လီကျူး ကော်တစ်မျိုး တီထွင်လိုက်ပြီး ပုံမှန်အားဖြင့် ဆက်စပ်မှု မရှိသော ပရိုတိန်း ၂ မျိုးကို ထိုကော်ဖြင့် ကပ်နေစေသည်။

ကင်ဆာ ပရိုတိန်းဖြစ်သော BCL6 နှင့် မျိုးဗီဇများ၏ အဖွင့်ခလုတ်အဖြစ် လုပ်ဆောင်သော CDK9 ပရိုတိန်းတို့ကို ကပ်ထားလိုက်ခြင်း ဖြစ်သည်။

မိမိဘာသာ ဖျက်ဆီးမည့် မျိုးဗီဇတို့ ပိတ်ဆို့ခံထားရသည့်ဘေးတွင် အဖွင့်ခလုတ် ပရိုတိန်းကို ကပ်လျက် ထားပေးလိုက်ခြင်းအားဖြင့် ဆဲလ်များ မိမိကိုယ်ကို ချေမှုန်းမည့် လုပ်ငန်းစဉ် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုနည်းလမ်းကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ချက်များအရ ကင်ဆာဆဲလ်များကို ထိရောက်စွာ ချေမှုန်းနိုင်သည်ကို တွေ့ရသည်။

သိပ္ပံပညာရှင်တို့က ကြွက်များတွင်လည်း ဆက်လက် စမ်းသပ်ခဲ့ကြရာ သိသာဆိုးရွားသည့် ဘေးထွက်ဆိုးကျိုး ရှိသည်ကို မတွေ့ရချေ။

ယခုနည်းလမ်းမှာ ကောင်းသူထိပ် မကောင်းသူထိပ် ဗုံးချခြင်းထက် ပစ်မှတ်တိတိကျကျ သတ်မှတ်ကာ အထူးချေမှုန်းရေး တပ်ဖွဲ့တစ်ခု စေလွှတ်လိုက်ခြင်းမျိုးနှင့် အလားတူသည်။

ယခုနည်းလမ်းကို ပါမောက္ခ Gerald Crabtree က ကိုဗစ် ကပ်ဘေးကာလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto ၏ အနောက်ဘက် Kings Mountain မှ တောအုပ်များအတွင်း လမ်းလျှောက်နေစဉ် အကြံရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Scientists glue two proteins together, driving cancer cells to self-destruct

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service