ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
8 May 2025 11:41 am တွင် တင်ခဲ့သည်
450 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် မီးသတ်သမားများ မီးငြိမ်းသတ်နေပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုသောကြောင့် တစ်ညတည်းဖြင့် မိမိအိမ်ကို ၂ ကြိမ် မီးရှို့ခဲ့ကြောင်း ဝန်ခံခဲ့သည့် အမျိုးသားကို တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ချမှတ်လိုက်သည်။

ဗြိတိန် အရှေ့မြောက်ပိုင်း စကော့တလန်နယ်စပ်ရှိ နော်သမ်ဘာလန်းခရိုင် (Northumberland) မှ ဂျိမ်းစ်ဘရောင်း (James Brown) အမည်ရှိ အသက် ၂၆ နှစ်အရွယ် အမျိုးသားမှာ မီးသတ်သမားများကို အထူးစွဲလမ်းလေးစားနေသူ ဖြစ်သည်။

မိမိ၏ စိတ်ကူးကမ္ဘာထဲတွင် မိမိမှာ မီးသတ်သမားတစ်ဦးဖြစ်ကြောင်း ဂျိမ်းစ်ဘရောင်းက ပြောသည်။

နေအိမ် fuse box တွင် မီးလောင်နေကြောင်း မီးသတ်ဌာနကို တစ်ညတည်းဖြင့် ၂ ကြိမ် ဖုန်းဆက်ခဲ့ရာ မီးသတ်သမားများ စေလွှတ်ခဲ့ရသည်။

Newcastle Crown တရားရုံး၏ ကြားနာစစ်ဆေးချက်အရ ဂျိမ်းစ်ဘရောင်းသည် မီးသတ်ဌာနသို့ တစ်နှစ်အတွင်း အကြိမ်ပေါင်း ၈၀ ဖုန်းခေါ်ဆိုခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ဂျိမ်းစ်ဘရောင်းသည် Pyromania ဟုခေါ်သော မီးမရှို့ရ မနေနိုင်သည့် စိတ်ဝေဒနာမရှိဘဲ မီးသတ်သမားတို့ကို အလွန်လေးစားခြင်းသာ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဂျိမ်းစ်ဘရောင်းက သူ၏နေအိမ်ဖြစ်သော နော်သမ်ဘာလန်းခရိုင်၊ Ashington မြို့ ၊ Eleventh Avenue လမ်းရှိ နေအိမ်တွင် မီးလောင်နေကြောင်း မီးသတ်ဌာနသို့ ဖုန်းဆက်ခဲ့သည်။

၎င်းက ပြောသည်မှာ လျှပ်စစ်မီတာမှတဆင့် မီးပွားများ ပွင့်နေကြောင်း၊ ထိုမှတဆင့် ကြောင်အိမ်သို့ မီးစွဲနေကြောင်း ပြောခဲ့သည်။

မီးသတ်သမားများ ရောက်လာပြီးနောက် မီးအနည်းငယ်လောင်နေမှုကို ငြိမ်းသတ်ပေးခဲ့ပြီး မီးကြိုးလိုင်းများ ဖြုတ်ထားခဲ့သည်။

မီးသတ်သမားများ ပြန်သွားပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ဂျိမ်းစ်ဘရောင်းက မီးသတ်ဌာနသို့ ဖုန်းခေါ်ပြန်ကာ မီးလောင်နေကြောင်း ပြောပြန်သည်။

သို့နှင့် မီးသတ်သမားတို့လည်း ဘရောင်း၏အိမ်သို့ ပြန်သွားခဲ့ရာ အိပ်ရာကို မီးလောင်နေကြောင်း တွေ့ခဲ့သည်။

ဘရောင်းက လျှပ်စစ်မီတာမှတဆင့် မီးလောင်ခြင်းဖြစ်ကြောင်း ယခင်အတိုင်း ပြောပြန်သည်။

သို့သော် မီးသတ်သမားတို့က ပထမတစ်ကြိမ် ပြန်ထွက်သွားချိန်ကတည်းက မီးလိုင်းဖြုတ်ထားခဲ့ခြင်းဖြစ်ရာ လျှပ်စစ်မီးကြောင့် မဟုတ်ကြောင်း အထင်အရှားပေါ်ပေါက်လာသည်။

စုံစမ်းစစ်ဆေးချက်များအရ ထိုမီးမှာ ရှို့မီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

တရားရုံး၏ ကြားနာစစ်ဆေးချက်အရ ဂျိမ်းစ်ဘရောင်းသည် မီးငြိမ်းသတ်နေသော မီးသတ်သမားတို့ကို ဗွီဒီယိို ရိုက်ကူးနေခဲ့သည်ဟု ဆိုသည်။

“ဒီ မီးဟာ ရှို့မီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ဆွဲထားပါတယ်” ဟု တရားသူကြီးက ပြောသည်။

“တရားခံကို ဖမ်းဆီးခဲ့ပါတယ်။ သူကို ဖမ်းတဲ့အချိန်မှာ တော်တော် ပျော်နေပါတယ်။ သူ့ကြည့်ရတာ သူ့အိမ်ထဲကို မီးသတ်တွေနဲ့ ရဲအရာရှိတွေ ရောက်လာတဲ့အပေါ် တော်တော်လေး ဝမ်းသာနေတဲ့ပုံပါပဲ”

ကံကောင်းထောက်မစွာဖြင့် မီးလောင်မှုမှာ အနည်းငယ်သာ ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သည်။ မီတာ မီးကြိုး လောင်ကျွမ်းမှု၊ အိပ်ရာ လိုင်နင်စ လောင်ကျွမ်းမှုနှင့် စင်တစ်ခုသို့ မီးလောင်မှုတို့သာ ဖြစ်ခဲ့သည်။

ဘရောင်းကို တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၈ လနှင့် နာရီ ၁၅၀ လုပ်ခမဲ့ အလုပ်လုပ်စေရန် အမိန့်ချမှတ်ထားသည်။

တရားသူကြီး ရောဘတ်အဒမ်က ဘရောင်းအား ပြောသည်မှာ “ခင်ဗျားပြောခဲ့တာက စိတ်ကူးကမ္ဘာမှာ မီးသတ်သမားဖြစ်တယ်လို့ ဆိုတယ်။ ခင်ဗျားဟာ မီးသတ်အလုပ်ကို ကာလကြာရှည် စိတ်ဝင်စားခဲ့တယ်။ ဒါဟာ ရူးသွပ်စွဲလမ်းမှုတစ်ခုပါပဲ” ဟု ဆိုသည်။

“ခင်ဗျားအဓိက စိတ်ဝင်စားတာက မီးသတ်ဌာနကို ဆက်သွယ်ဖို့ပါ။ မီးရှို့ဖို့ မဟုတ်ဘူး။”

“ဒါပေမယ့် ခင်ဗျားဟာ မီးသတ်ဌာနရဲ့ အရင်းအမြစ်တွေကို အချည်းနှီးဖြစ်အောင် လုပ်ခဲ့တယ်။ ပိုပြီး အရေးကြီးတဲ့နေရာတွေ….အသက်အန္တရာယ်ကြုံနေသူတွေကို ကူညီဖို့ထားတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”

တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အရ ဂျိမ်းစ်ဘရောင်းမှာ အထီးကျန် စိတ်ဝေဒနာ ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။

ဘရောင်းသည် ယခင်က လေယာဉ်သန့်ရှင်းရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိအားဖြင့် အလုပ်ရှာနေသူ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Man Obsessed with Firefighters Sets Fire to His Own Home Just to See His Idols

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service