အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
13 Apr 2025 12:05 pm တွင် တင်ခဲ့သည်
554 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

⚖️မေးခွန်း (၁) - 3B မြေဆိုတာဘာလဲ ဝယ်လို့ရလား၊ ဂရန်လျှောက်လို့ရလား။အဆောက်အဦးဆောက်လို့ ရပါသလား။

(၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)ပါ။ [ ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကား ရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အဦနှင့် ပရိဝုဏ်များ၊အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင် ]ကြောင်း ဖော်ပြထားပါသည်။ လယ် ယာမြေအဖြစ် ပါဝင်ခြင်းမရှိမှသာ လူနေရပ်ကွက်(သို့)မြို့မြေအဖြစ် စီမံဆောင်ရွက်ရှိမည်ဖြစ်ပါသည်။

ခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ကျေးရွာမြေအား အကွက်ဖော်ဆောင်ပေးခြင်းပြုနိုင်ပြီး ဂရန်ပေးစီမံ ချက် မရှိသေးသော ကျေးရွာမြေများနှင့် နီးသောမြေမှာ လယ်ယာမြေ၊ ယာမြေတို့နှင့် ကင်းလွတ်ပါက 3 B Certificate ထုတ်ပေးနိုင်ပါသည်။

စည်ပင်သာယာရေးကော်မတီမှ လယ်ယာမြေနှင့် မသက်ဆိုင် အကျုံးမဝင်သောမြေအား (၃(ခ))မြေ အဖြစ် လျှောက်ထားခွင့်ပြုပါသည်။

ယခင်က 3 B မြေ၊ ယခု 3 A Certificate ရရှိသောမြေမှာ အိမ်ရာမြေအဖြစ် သတ်မှတ်ပေးခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်းထုတ်ပြန် ဆောင်ရွက်နေသော်လည်း အခြားတိုင်း ဒေသကြီး/ပြည်နယ်များတွင် ညွှန်ကြားများ အဆင့်ဆင့်ထွက်ရှိမှသာ လျှောက်ထား ရယူနိုင်မည်ဖြစ်ပါသည်။

လျှောက်ထားလိုသူသည် မြေပိုင်ဆိုင်မှု အထောက်အထားအပြင် တည်နေရာပြ မြေပုံကြမ်း၊ မြေနှင့် ပတ် သတ်သော မြေခွန်ပြေစာများ ၊ ကျမ်းကျိန်လွှာများ လိုအပ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြေအမျိုးအစား- B၊ ရွာမြေ၊ G-ဥယျာဉ်ခြံ မြေနှင့် မြေပိုင်မြေ (R1,R2,R3) မြေများကိုသာ 3 A Certificate ရရှိအောင် ဆောင်ရွက်ပေး ပါတယ်။ လယ်ယာမြေတွေ၊ ယာမြေတွေထဲပါရင် လျှောက်ထားခွင့်မရှိပါဘူး။ အတည်ပြုအဖွဲ့စီစစ်ပြီး လယ်ယာမြေနှင့် လွှတ်ကင်းပါက မူလမြေပိုင်ရှင် အမည် ပေါက်အတိုင်း ၃(ခ)မြေ ဝန်ခံလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း (၂) - သစ်တောမှ ချပေးထားသော သစ်မာမြေကွက်များတွင် လူနေအိမ်ဆောက်ခွင့်ရှိပါသလား သိချင်ပါတယ်။

သစ်တောနယ်မြေ(၅)မျိုးရှိရာ- စီးပွားရေးသစ်ထုတ် ကြိုးဝိုင်းတော၊ ဒေသန္တာရ ထောက်ပံ့ရေး ကြိုးဝိုင်း တော၊ ရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးဝိုင်းတော၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေး ကြိုးဝိုင်း တော၊ အခြားကြိုးဝိုင်းတော အမျိုးအစားများ ဖြစ်ပါသည်။

သစ်တောမြေမှာ လူနေထိုင်ခွင့် မြေအမျိုးအစား မဟုတ်သောကြောင့် လူနေထိုင်ခွင့် မရှိပါ။ သစ်တော မြေအား မြေခွဲစိတ် ခွဲစိတ်ရောင်းချခြင်း မပြုနိုင်သလို လူနေအိမ်အဖြစ် ဆောက်လုပ်ခွင့်မရှိပါ။ဌာန၏ ခွင့်ပြု ချက်ရရှိမှသာ လုပ်ငန်းအတွက်အသုံးပြုရန် ယာယီတဲ ဆောက်လုပ်ခွင့်ရှိပါသည်။

သစ်‌တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ပင်၊ ပန်းမာန်၊ တောရိုင်းတိရစ္ဆာန်များ၊ မြေတွင်ပေါက် ရောက် နေသော အပင်များကို ဆိုလိုကြောင်း သစ်တောဥပဒေပုဒ်မ-၂(ဌ)တွင် ဖော်ပြထားပြီးဖြစ်ပါသည်။ ပုဒ်မ-(၁၇)တွင် သစ်တောထွက် ပစ္စည်းများအား သတ်မှတ်ချက်အတွင်း မကျော်လွန်ပါက စီးပွားဖြစ် အိမ်သုံး၊ လယ်ယာလုပ်ငန်း သုံး၊ ငါးဖမ်းလုပ်ငန်းများအတွက် ခွင့်ပြုမိန့်ရယူရန်မလိုဘဲ ထုတ်ယူခြင်းပြုနိုင်ပါသည်။

သစ်တောထွက်ပစ္စည်းများထဲမှ ကျွန်းပင်အား တားမြစ်ပစ္စည်းအဖြစ် ကြေညာသတ်မှတ်ထားပြီး ကျွန်း ပင်မှာ မည်သည့်အရပ်ဒေသတွင် ထွက်ရှိသည်ဖြစ်စေ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်နိုင်ပါသည်။ ပုဂ္ဂလိကပိုင် သစ်မာကျွန်း စိုက်ခင်းများရှိပါကလဲ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်၍ ထားရှိရမည်ဖြစ်ပါသည်။ ခွင့်ပြု သစ်တောထွက် ပစ္စည်းများအား တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသယ်ယူလိုပါကလဲ မျောစာလိုအပ်ပါသည်။

သစ်တောဦးစီးဌာနက စိုက်ပျိုးရေးလုပ်ငန်းအတွက် နှစ်ရှည်ပင် စိုက်ပျိုးရန် ချပေးထား‌သော မြေဧက အား ဥပဒေနှင့်မညီ လူနေထိုင်ရန် လွှဲပြောင်းရောင်းချခြင်းပြုပါက ဌာနမှ တည်ဆဲသစ်တောဥပဒေနှင့် အညီ ကွင်းဆင်းစစ်ဆေးအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - RH မြေ အကြောင်းလေးရှင်းပြပေးပါ။ RH ကို ရွာမြေလို့ပြောနေကြလို့ပါ။ဟုတ်ပါသလား။ အိမ်ဆောက်ခွင့် ရပါသလား။

လယ်ယာမြေအမျိုးအစားကို R ဟု သတ်မှတ်ကြပြီး RH မြေပေါ်တွင် အိမ်ဆောက်လိုပါက လယ်စောင့် တဲသာ ဆောက်လုပ်ခွင့်ရှိပါသည်။ RH မြေမှာ ရွာမြေအမျိုးအစားထဲ မပါဝင်ပါ။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေအရ လယ်ယာမြေ အမျိုးအစားများအား စီးပွားရေးအတွက် ဖြစ်စေ၊ လူနေထိုင်ခွင့်ဖြင့်ဖြစ်စေ အသုံးပြုလိုပါက လယ-၃၀ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုပြုရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမြေ အမျိုးအစားများကို R1, R2, R3, R4 ၊ ဥယျာဉ်ခြံမြေ-G၊ ယာမြေ-Y၊ ကိုင်းမြေ-K ဆည် ရေသောက်လယ်၊ လယ်ဥယျာဉ်- RG ဟူ၍ သတ်မှတ်ထားသည်များလဲ ရှိပါသည်။

ရွာမြေဆိုသည်မှာ ဘိုးဘွားများ လက်ထက်ထဲက အစဉ်အဆက်နေထိုင်မှု ပြုလာသော လူနေထိုင်ရန် သီးခြား သတ်မှတ်ထားသည့် မြေအမျိုးအစားဖြစ်ပါသည်။ ရွာမြေများအား မြေစာရင်းဌာနတွင် ဧကအလိုက် သီးသန့် ဆေးခြယ်‌ ဖော်ပြသတ်မှတ်ထားပြီး ရွာမြေအား ဝယ်ယူခြင်းပြုလိုလျှင် မြေစာရင်းနှင့် ကျေးရွာ အုပ်ချုပ် ရေးမှုးထံတွင် စုံစမ်းမှုပြုကာ ဝယ်ယူသင့်ပါတယ်။

ရွာမြေအား ဝယ်ယူမှုပြုသည့်အခါ အရပ်ကတိစာချုပ်ဖြင့် လွှဲပြောင်းဝယ်ယူခြင်း ပြုနိုင်သော်လည်း၊ လယ်ယာမြေ အမျိုးအစားများအား ဝယ်ယူခြင်းပြုပါက သက်ဆိုင်ရာ မြို့နယ် ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ အမည်ပြောင်းလဲခြင်း ဆောင်ရွက်မှသာ တရားဝင်အရောင်းအဝယ် ဖြစ်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service