စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”ဟု လူမှုကွန်ရက်တွင် မေးမြန်း

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”ဟု လူမှုကွန်ရက်တွင် မေးမြန်း - Property News in Myanmar from iMyanmarHouse.com
8 May 2025 11:28 am တွင် တင်ခဲ့သည်
4698 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ပဉ္စမမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်ကို မေလ ၆ ရက်က စင်္ကာပူရှိ စားသောက်တန်းမှ ဆိုင်တစ်ခုတွင် ဒူးရင်းသီးအား အနံ့ခံကြည့်နေပုံ တွေ့လိုက်ကြရသည်။

ဘီလ်ဂိတ်သည် Newton Food Centre မှ ဆိုင်တစ်ဆိုင်တွင် ဒူးရင်းသီးကို စားကြည့်ရန် ကြိုးစားနေပုံ တွေ့ခဲ့ကြခြင်း ဖြစ်သည်။

Xiaohongshu (RedNote) လူမှုကွန်ရက်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုအရ ဘီလ်ဂိတ်သည် ဒူးရင်းသီးကို မ, ယူကာ နှာခေါင်းအနီးသို့ ကပ်ပြီး ခေတ္တအနံ့ခံကြည့်လိုက်ပြီးနောက် စားပွဲပေါ်တွင် ပြန်တင်လိုက်သည်။ ထို့နောက် အနည်းငယ် ကိုက်စားကြည့်လိုက်၏။

ဘီလ်ဂိတ်ကို အမှတ်မထင်တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသူများ ဝိုင်းဝန်းလာကာ ဓာတ်ပုံများ၊ ဗွီဒီယိုများ ရိုက်ကူးကြသည်။

ဘီလ်ဂိတ်သည် ဒူးရင်းသီးအပြင် စင်္ကာပူတွင် နာမည်ကြီးသော ကြက်ဆီထမင်း၊ ဆာတေး၊ ငါးဆုပ် ဟင်းချို၊ မုန်လာဥကိတ်၊ ပလာတာ၊ သံပုရာရည်နှင့် ကြံရည်တို့ စားသောက်ခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ၁၈ နှစ်ခန့် ရပ်တည်ခဲ့သူ ဘီလ်ဂိတ်ကို ကမ္ဘာပေါ်တွင် လူတိုင်းသိသည်ဟု ဆိုနိုင်သည်။

သို့သော် TikTok မှ content creator တစ်ဦးဖြစ်သူ Rebecca ကမူ ဘီလ်ဂိတ်ကို မသိချေ။

စားသောက်ဆိုင်တန်းတွင် ဘီလ်ဂိတ်ရောက်နေချိန်နှင့် ကြုံကြိုက်တွေ့မိခဲ့ခြင်း ဖြစ်ပြီး ဗွီဒီယိုရိုက်ထားကာ လူမှုကွန်ရက်တွင် တင်ခဲ့သည်။

Rebecca ၏ ဗွီဒီယိုတွင် တွေ့ရသည်မှာ အသက် ၆၉ နှစ်အရွယ် ဘီလျံနာကြီးကို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်သူများနှင့် ဘေးတွင် ရပ်ကာ ဝိုင်းအုံကြည့်သူများရှိနေပြီး ဘီလ်ဂိတ်က ဒူးရင်းသီးအား မြည်းစမ်းကြည့်ခဲ့ပုံ တွေ့ရသည်။

Rebecca သည် သက်တော်စောင့်ပါလာသော သက်ကြီးပိုင်းအမျိုးသားကြီးတစ်ဦးကို လူအများ ဓာတ်ပုံ၊ ဗွီဒီယိုဝိုင်းအုံ ရိုက်နေသောကြောင့်သာ ရောယောင်ကာ ဗွီဒီယိုရိုက်ခဲ့ပြီး မည်သည့်ပုဂ္ဂိုလ်ဖြစ်သည်ကို အမှန်တကယ် မသိခဲ့ချေ။

“ဒီ လူကြီးက ဘယ်သူလဲ။ လူတွေအများကြီး သူ့ကို ဓာတ်ပုံလာရိုက်နေကြပါတယ်” ဟု Rebecca က caption ရေးသား မေးမြန်းခဲ့သည်။

“ဘီလ်ဂိတ် …ဘယ်သူလဲဆိုတာ ဘာကိုပြောတာလဲ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက Rebecca ၏ ဗွီဒီယိုတွင် မှတ်ချက်ပေးသည်။

ဘီလ်ဂိတ်သည် အသက် ၃၂ နှစ်အရွယ် ၁၉၈၇ ခုနှစ်တွင် ဘီလျံနာဖြစ်လာခဲ့ပြီး ထိုခေတ်ထိုကာလက ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတစ်ဦး ဖြစ်ခဲ့သည်။

(ဒူးရင်းသီးကို ဘီလ်ဂိတ် ကြိုက်၊ မကြိုက် စင်္ကာပူသားတို့ သိလိုနေကြသည်။)

 

(ဘီလ်ဂိတ်၏ ဘေးတွင် ရပ်နေသူမှာ သူ၏ သက်တော်စောင့်ဖြစ်သည်။ ဓာတ်ပုံ-Rebecca/ TikTok)

ဘီလ်ဂိတ်သည် စင်္ကာပူသို့ ၂ ရက်တာ အလည်အပတ်ခရီးစဉ်ရောက်ရှိနေခြင်းဖြစ်ပြီး စင်္ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင် အပါအဝင် စင်္ကာပူမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။

ဘီလ်ဂိတ်သည် မေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် Philanthropy Asia Summit သို့လည်း တက်ရောက်ခဲ့သည်။

သတင်းများအရ ကမ္ဘာ့အကြီးမားဆုံး ပရဟိတအဖွဲ့ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော Bill & Melinda Gates Foundation သည် စင်္ကာပူတွင် ရုံးခွဲဖွင့်ရန် စီစဉ်နေသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Bill Gates Tries Durian In S’pore Hawker Centre; “Who’s This Old Man?” Asks Netizen

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service