တိုက်ခန်း အရစ်ကျဈေးကွက် အားကောင်းလာသော်လည်း ကာလရှည်အရစ်ကျပေးရန်အခက်အခဲရှိနေ

တိုက်ခန်း အရစ်ကျဈေးကွက် အားကောင်းလာသော်လည်း ကာလရှည်အရစ်ကျပေးရန်အခက်အခဲရှိနေ - Property News in Myanmar from iMyanmarHouse.com
25 Jan 2018 12:28 pm တွင် တင်ခဲ့သည်
2809 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက် အတွင်း အရစ်ကျရောင်းချသည့် ဈေးကွက်အားကောင်းလာသော်လည်း ငွေပေးချေရာတွင် အရစ်ကျသက်တမ်းကို ကာလရှည်သတ်မှတ်ပြီး ရောင်းချပေးရန် အခက်အခဲရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။

ဘဏ်စနစ်ဖြင့် ရောင်းချရာ တွင် အရစ်ကျသက်တမ်း ၅ နှစ်မှ ၁၀ နှစ်အထိ ရောင်းချပေးနိုင် သော်လည်း ဆောက်လုပ်သူနှင့် ၀ယ်ယူသူတို့သာ တိုက်ရိုက်ရောင်းချပါက အရစ်ကျသက်တမ်းကို များစွာပေးပြီး ရောင်းချခြင်းနည်း ပါးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

‘‘ကျွန်တော့် ဆောက်လုပ် ရေးကတော့ အများဆုံး သုံးနှစ်ပဲ အရစ်ကျပေးထားတယ်။ အများ ကြီးတော့ မပေးထားဘူး’’ဟု ထွန်းဆောက်လုပ်ရေး ကုမ္ပဏီမှ ကို လားဆယ်က ပြောသည်။

တိုက်ခန်းသည် ဆောက်လုပ် ပြီးစီးခဲ့၍ လူနေထိုင်နေသဖြင့် အရစ်ကျစနစ်သည် ကာလရှည်လာသည်နှင့်အမျှ ငွေပေးငွေယူမှုအပိုင်းတွင် အခက်အခဲရှိလာနိုင်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာများအသင်းဝင်တစ်ဦးလည်းဖြစ်သူ ကိုလားဆယ်က ဆိုသည်။

ယခုနှစ်အတွင်း အရစ် ကျစနစ်ဖြင့် ရောင်းချလာခြင်းမှာ တိုက်ခန်းများရောင်းအားကျဆင်း လာပြီး ဈေးကွက်ငြိမ်သက်နေ၍ ယခုကဲ့သို့ ပုံစံပြောင်းလဲရောင်းချလာရခြင်း ဖြစ်ကြောင်း ကိုလားဆယ်က ရှင်းပြသည်။

ကြိုတင်ငွေပေးချပြီး ၀ယ်ယူ ရသော တိုက်ခန်းများအရောင်း အ၀ယ် ကျဆင်းနေသော်လည်း အရစ်ကျငွေပေးချေစနစ်ဖြင့် ၀ယ်ယူနိုင်သော တိုက်ခန်းများသည် ဈေးကွက်အတွင်း ၀ယ်လိုအားများပြားနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးလောက တွင် ကြိုပွိုင့်တိုက်ခန်းများကို ရောင်းချနေသည့် အခြေအနေမှ ဆောက်လုပ်ပြီးစီးသော အခန်းများကို အရစ်ကျပုံစံဖြင့် ပြောင်းလဲရောင်းချလာကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းအထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

တိုက်ခန်းများကို လက်ငင်း ၀ယ်ယူသည့် ဈေးကွက်သည် ၀ယ် ရောင်း ပြုလုပ်သူများ လက်ထဲတွင်များပြီး အများစုသည်လည်း ရောင်းအားကျဆင်းလာ၍ ၀ယ်ရောင်းပင်ပြုလုပ်ရန် အခက်အခဲရှိလာကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် ဦးစိုင်းခွန်နောင်က ဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service