အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ - Property News in Myanmar from iMyanmarHouse.com
2 Jun 2025 11:03 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ အော်ရီဂွန်ပြည်နယ်တွင် တာယာကုမ္ပဏီတစ်ခု၌ အလုပ်လုပ်သော အမျိုးသားတစ်ဦးသည် အလုပ်မှထွက်လိုက်ကာ ရွက်လှေငယ်တစ်စင်းဝယ်ယူလိုက်သည်။

ထို့နောက် ဖီးနစ်ဟု အမည်ပေးထားသော သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်လျက်ရှိရာ ပြီးခဲ့သော စနေနေ့က ဟာဝိုင်အီသို့ ရောက်ရှိလာသည်။

လူမှုကွန်ရက်မှတဆင့် ၎င်းကို အားပေးထောက်ခံသူများစွာက ဟာဝိုင်အီတွင် ကြိုဆိုခဲ့ကြသည်။

(▲ ဟာဝိုင်အီ အုပ်ချုပ်ရေးမှူး Josh Green က ရွက်လှေတစ်စင်းဖြင့် ရောက်ရှိလာသူ အသက် ၂၉ နှစ်အရွယ်ရှိ အော်လီဗာ ဝစ်ဂျာ (Oliver Widger) အား အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလက်မှတ် ထုတ်ပေးခဲ့သည်။ အော်လီဗာသည် ဟာဝိုင်အီကျွန်းစုမှ Waikiki ကျွန်းသို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်တွင် ရောက်ရှိခဲ့သည်။ ဓာတ်ပုံ-AP/ Michelle Bir)

အော်လီဗာကို ဟာဝိုင်အီမှ အုပ်ချုပ်ရေးမှူး Josh Green က Waikiki Yacht Club တွင် ကြိုဆိုခဲ့သည်။

အော်လီဗာက မိမိအား သတင်းထောက်များ အပါအဝင် သောင်းသောင်းဖျဖျ ဝိုင်းဝန်းကြိုဆိုကြမှုအပေါ် အံ့သြတုန်လှုပ်မိကြောင်း ဝန်ခံသည်။

မိမိမှာ အလွန်ထူးဆန်းအံ့သြဖွယ် ခံစားခဲ့ရပြီး ဒူးညွှတ်ခွေကျမသွားစေရန် အားတင်းထားရကြောင်း၊ မိမိအနေဖြင့် လှိုင်းမူးနေခြင်းမဟုတ်ကြောင်း အော်လီဗာက ပြောသည်။

လွန်ခဲ့သော ၄ နှစ်ခန့်က အော်လီဗာတွင် ရောဂါလက္ခဏာတချို့ခံစားခဲ့ရပြီး လေဖြတ်မည့် အလားအလာမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုသို့ ဖြစ်ပွားချိန်တွင် အော်လီဗာသည် သူ၏ ဘဝကို ပြန်လည်သုံးသပ်ခဲ့ရာ မန်နေဂျာအဖြစ် လုပ်ကိုင်ရသည့် ယခုအလုပ်အပေါ် နှစ်သက်ပျော်ရွှင်မှုမရှိကြောင်း သိလာသည်။

အော်လီဗာက လက်ကျန်ငွေ မရှိသည့်အပြင် ဒေါ်လာ ၁၀၀၀၀ အကြွေးတင်နေသည့် အခြေအနေဖြင့် အလုပ်မှ နှုတ်ထွက်ခဲ့သည်။

သို့သော် အိုစာမင်းစာအတွက် စုဆောင်းထားသည့် retirement saving ရှိနေရာ ထိုငွေများကို ထုတ်ယူလိုက်ပြီးနောက် ရွက်လှေငယ်တစ်စင်း ဝယ်ယူလိုက်သည်။

ထို့နောက် ပင်လယ်အတွင်း ရွက်လွှင့်သွားလာနည်းကို YouTube မှတဆင့် လေ့လာခဲ့ပြီး ၎င်းနေထိုင်ရာ Portland မှသည် အော်ရီဂွန်ပြည်နယ်၏ ကမ်းရိုးတန်းဒေသသို့ ရွှေ့ပြောင်းခဲ့သည်။

ထို့နောက် ဒေါ်လာ ၅၀၀၀၀ ဖြင့် ဝယ်ယူထားသည့် လှေကို လအတန်ကြာ အချိန်ယူကာ ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်သည်။

(▲ ၂၀၂၅ ခှုနှစ်၊ မေလ ၁၅ ရက်တွင် အော်လဗာက သူ၏ အင်စတာဂရမ်အကောင့်တွင် တင်ခဲ့သော ဓာတ်ပုံအရ ရွက်လှေထဲတွင် သူ၏ကြောင်လေး ဖီးနစ်ကို တွေ့ရပုံ။ သူသည် အော်ရီဂွန်ပြည်နယ်မှသည် ဟာဝိုင်အီသို့ ရွက်လွှင့်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Oliver Widger via AP)

အော်လီဗာသည် ဖီးနစ်နှင့်အတူ ဧပြီလကုန်ပိုင်းတွင် ဟာဝိုင်အီသို့ စတင်ရွက်လွှင့်ခဲ့ခြင်းဖြစ်ပြီး သူ၏ ပင်လယ်ခရီးအတွေ့အကြုံများကို follower ၁ သန်းကျော်ရှိသော TikTok နှင့် follower ၁ ဒသမ ၇ သန်းရှိသော အင်စတာဂရမ်အကောင့်တို့တွင် မျှဝေခဲ့သည်။

အမေရိကန်တစ်ပြည်လုံးတွင် ကျော်ကြားနေသော မိမိ၏ ဇာတ်ကြောင်းမှာ လူတို့၏ စိတ်နှလုံးတွင် ပဲ့တင်ရိုက်ခတ်နေမည်ဟု ယူဆကြောင်း အော်လီဗာက ပြောသည်။

(▲ အော်လီဗာကို သူ၏ လှေနှင့်အတူ တွေ့ရပုံ။ ဟာဝိုင်အီမှ Waikiki Yacht Club သို့ မေလ ၂၄ ရက် စနေနေ့က ရောက်ရှိခဲ့သည်။ ဓာတ်ပုံ-AP Photo/Michelle Bir)

လမ်းခရီးတွင် တက်မကျိုးသွားသည့် ခြောက်ခြားဖွယ်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း အော်လီဗာက ပြောသည်။

အော်လီဗာ၏ ရှည်လျားသော သမုဒ္ဒရာခရီးစဉ်အတွင်း လင်းပိုင်နှင့် ဝေလငါးများကို ပစိဖိတ်သမုဒ္ဒရာ၏ အေးချမ်းကြည်လင်သော ရေပြင်၌ အမြဲတွေ့မြင်ခဲ့ရသည်။

“ရှုလေတိုင်း မှန်လိုကြည်လင်နေတဲ့ ရေပြင်ကို တွေ့နေရတဲ့ သမုဒ္ဒရာကြီးရဲ့အလယ်မှာ ရောက်နေရတာဟာ ရူးလောက်စရာ ခံစားရပါတယ်” ဟု အော်လီဗာက ပြောသည်။

ထိုသို့ သမုဒ္ဒရာအလယ်တွင် ကြောင်ကလေးတစ်ကောင်နှင့် ဖြတ်သန်းနေရသော်လည်း အထီးမကျန်ကြောင်း အသက် ၂၉ နှစ်အရွယ်ရှိ အော်လီဗာက ပြောသည်။

အော်လီဗာက သမုဒ္ဒရာအလယ်တွင် ရှိနေစဉ် video conference ကဲ့သို့ နည်းလမ်းမျိုးဖြင့် မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်စကားပြောခဲ့သည်။

Starlink ကဲ့သို့ ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးများ မရမီက ပင်လယ်ထဲတွင် ဖြတ်သန်းခဲ့ကြသော သင်္ဘောသားများအတွက် စိတ်မကောင်းမိကြောင်းလည်း ၎င်းက ပြောသည်။

မိမိ ဆက်လက်ရွက်လွှင့်မည့်ခရီးမှာ French Polynesia သို့ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အော်လီဗာက ပြောသည်။

သို့သော် မိမိအနေဖြင့် လှေကို ပြန်လည်ပြုပြင်မွမ်းမံရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: An Oregon man who quit his job to set sail with his cat arrives to cheering fans in Hawaii Photo Credit- AP Photo/Michelle Bir, Oliver Widger via AP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service