[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက် ပြင်ဆင်ပေးရန် ရောက်ရှိချိန်တွင် အလောင်းများအားလုံးထံမှ ရယ်သံကြီး ထွက်လာသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
27 May 2025 12:30 pm တွင် တင်ခဲ့သည်
1552 ကြိမ် ကြည့်ရှု့ပြီး

YouTube တွင် subscriber ၆၈၆၀၀၀ ရှိသော Razak Ghana အမည်ရှိ ချန်နယ်၌ ကက်သလစ် သီလရှင်တစ်ပါးဖြစ်သူ မဒမ် ဖီလစ်ပီနာ (Madam Phillipina) ကို တွေ့ဆုံမေးမြန်းခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုမှာ အလွန်ကျော်ကြားခဲ့သည်။

ဖီလစ်ပီနာသည် ဈာပနာအတွက် အလောင်းများကို စီစဉ်ပြင်ဆင်ပေးခြင်းများ လုပ်ဆောင်ပေးလေ့ရှိပြီး သေဆုံးသူများ ပြန်လည်အသက်ဝင်လာလေ့ရှိသည်ဆိုခြင်းမှာ ယုံတမ်းစကားမဟုတ်ကြောင်း ၎င်းက ပြောသည်။

(မှတ်ချက်။ သီလရှင်တစ်ပါးက အဘယ်ကြောင့် အလောင်းများ စီစဉ်ပြင်ဆင်သည့်အလုပ် လုပ်ဆောင်ပေးသနည်း။ အခြားလုပ်ဆောင်မည့်သူ မရှိသလောဟု မေးစရာရှိသည်။

ကက်သလစ်တို့၏ ဘာသာရေးယုံကြည်ချက်ကြောင့် သီလရှင်တို့မှာ သေဆုံးသူများကို ကူညီပေးကြခြင်း ဖြစ်သည်။ အထူးသဖြင့် ယေရှုခရစ်၏ ဟောကြားချက်များအနက် ဆရာယုဒသန် မြန်မာပြန်သော သမ္မာကျမ်းစာ ရှင်မဿဲ ၂၅း၄၀ တွင် “မင်းကြီးက ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။” ဟု ဖော်ပြထားသည်။ ဆရာယုဒသန်က သမ္မာကျမ်းစာတွင်ပါသော the least of these ကို ငါ့ညီ အငယ်ဆုံးဟု မြန်မာဘာသာသို့ ပြန်ဆိုထားမှုမှာ ဆိုလိုရင်းအဓိပ္ပာယ်သို့ ရှင်းလင်းစွာ ညွှန်ပြခြင်း မရှိချေ။ ဆိုလိုရင်းမှာ ဆင်းရဲချို့တဲ့နွမ်းပါးသူတို့အပေါ် ကြင်နာမှုပြသခြင်းမှာ ခရစ်တော်အပေါ်တွင် ကြင်နာမှုပြသခြင်းနှင့် ထပ်တူဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ the least of these ဟူသော အသုံးအနှုန်းက အမှန်တကယ်ရည်ညွှန်းသည်မှာ ဆာလောင်ငတ်မွတ်သူများ၊ သူစိမ်းများ၊ အိမ်ရာမဲ့များ၊ ဆင်းရဲသားများ၊ နာမကျန်းသူများကို ဆိုလိုခြင်း ဖြစ်သည်။ ဂါနာတွင်လည်း ရင်ခွဲရုံများကို ကြောက်ရွံ့ကြသဖြင့် ထိုအလုပ်များကို အခြားလုပ်ဆောင်မည့်သူ မရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။)

မဒမ် ဖီလစ်ပီနာအား တွေ့ဆုံမေးမြန်းခဲ့သည့် YouTube ဗွီဒီယိုဖိုင်မှာ မိနစ် ၅၀ ကျော် ကြာမြင့်ပြီး ဂါနာရှိ ရင်ခွဲရုံထဲတွင် တွေ့ကြုံခဲ့ရပုံကို ဖွင့်ဟပြောပြထားခြင်း ဖြစ်သည်။ ထိုနေ့က ဖီလစ်ပီနာသည် ဈာပန အခမ်းအနားလုပ်မည့် အလောင်းတစ်ခုကို ပြင်ဆင်ပေးရန်အတွက် ဆေးရုံရှိ ရင်ခွဲတိုက်သို့ အလုပ်သင်တစ်ဦးနှင့်အတူ သွားရောက်ခဲ့သည်။ ရင်ခွဲရုံ အဆောက်အအုံသို့ ရောက်ရှိချိန်တွင် လက်ထောက်အကူတစ်ဦးက မိမိတို့ချည်း ထားခဲ့ပြီး ထွက်သွားကြောင်း ဖီလစ်ပီနာက ပြောသည်။

အလောင်းကို ပြင်ဆင်ခြင်းများ မပြုလုပ်မီတွင် ဖီလစ်ပီနာက ရွတ်ဖတ်သရဇ္စျာယ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သေဆုံးသူကို ရေချိုးပေးရန်အတွက် ရေသွားခပ်ရန် လက်ထောက်ဖြစ်သူကို ပြောဆိုခဲ့သည်။

ထိုနောက်တွင် ဖြစ်ပေါ်လာသည့်ဖြစ်ရပ်များမှာ ဖီလစ်ပီနာကို ကြက်သီးဖြန်းဖြန်းထက ကျောစိမ့်သွားစေခဲ့သည်။

“ကျွန်မတို့နှစ်ယောက် အတူလုပ်ကိုင်နေချိန်မှာ ရယ်သံကြီးကြားလိုက်ပါတယ်။ တစ်ယောက်ထဲရဲ့ ရယ်သံမဟုတ်ပါဘူး။ သေဆုံးပြီးသား အလောင်းတွေ အများကြီးကနေလာတဲ့ ရယ်သံတွေပါ” ဟု ဖီလစ်ပီနာက ပြောသည်။

ဖီလစ်ပီနာ၏ လက်ထောက်အကူမှာ ခေါင်းနပန်းကြီးကာ ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်စွာဖြင့် အခန်းထဲမှ ထွက်ပြေးသွားပြီး ဖီလစ်ပီနာကို တစ်ယောက်တည်း ထားခဲ့သည်။

သို့သော် ဖီလစ်ပီနာမှာ မိမိကိုယ်ကို အားတင်းရင်း အခန်းထဲမှ ထွက်မပြေး။

ယခုကဲ့သို့ဖြစ်ရပ်မျိုး ယခင်ကလည်း ကြုံခဲ့ဖူးသည်။ ထိုစဉ်ကလည်း ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့သည်။

“ဒီကောင်လေးက ထွက်ပြေးသွားပြီး ကျွန်မကို ထားရစ်ခဲ့တယ်။ ဒါပေမယ့်ကျွန်မက ဘယ်မှ မပြေးပါဘူး။ အဲဒီမှာ ပိုဆိုးတာတွေ တွေ့ရတော့တာပဲ” ဟု ဖီလစ်ပီနာက ရဲဝံ့စွာ ပြောပြသည်။

မဒမ် ဖီလစ်ပီနာက မိမိသည် ယခုဖြစ်ရပ်မျိုး ယခင်ကလည်း ကြုံခဲ့ဖူးကြောင်း ပြောသည်။

“တခါမှာ ရင်ခွဲရုံကို ရောက်သွားတဲ့အချိန် အလောင်းတစ်ခုက မတ်တပ်ထရပ်နေတာလည်း တွေ့ဖူးပါတယ်” ဟု ဖီလစ်ပီနာက ဆိုသည်။

လူတို့အနေဖြင့် သေခြင်းတရားနှင့် စပ်လျဉ်းသော ဝိဉာဉ်လောက ဆန်းကြယ်သည့်ဖြစ်ရပ်များကို လက်မခံဘဲ မနေသင့်ကြောင်းလည်း ဖီလစ်ပီနာက ပြောသည်။

သေခြင်းတရား၏ နောက်ကွယ်တွင် ဆန်းကြယ်သောဖြစ်ရပ်များစွာရှိနေသည်ကို အလေးအနက်ထားစေလိုကြောင်း ဖီလစ်ပီနာက ဂါနာနိုင်ငံသားများအား တိုက်တွန်းသည်။

“လူတွေပြောတတ်ကြတဲ့ သေဆုံးပြီးသူတွေ ငိုကြွေးတယ်…မတ်တပ်ထရပ်တယ်ဆိုတာ အမှန်ပါပဲ။ ကျွန်မက ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ” ဟု ဖီလစ်ပီနာက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: “The Dead Were Laughing”: Roman Sister & Undertaker Recalls Spine-Chilling Mortuary Encounters While on Duty in Mortuary

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service