အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးက ကယ်လီဖိုးနီးယားမှ စံအိမ် ၁ လုံးကို ရက်ပိုင်းငှားရမ်းနေထိုင်လိုသူများအတွက် အငှားဈေးကွက်တင် ၊ ငှားရမ်းနေထိုင်မည့်သူများ ဂွင်းနက်ပက်ထရိုးနှင့်အတူ ညစာစားနိုင်မည့် အခွင့်အရေးရရှိမည်

အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးက ကယ်လီဖိုးနီးယားမှ စံအိမ် ၁ လုံးကို ရက်ပိုင်းငှားရမ်းနေထိုင်လိုသူများအတွက် အငှားဈေးကွက်တင် ၊ ငှားရမ်းနေထိုင်မည့်သူများ ဂွင်းနက်ပက်ထရိုးနှင့်အတူ ညစာစားနိုင်မည့် အခွင့်အရေးရရှိမည် - Property News in Myanmar from iMyanmarHouse.com
14 Aug 2023 10:48 am တွင် တင်ခဲ့သည်
728 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဂွင်းနက်ပက်ထရိုးဘယ်သူလဲ)

ဂွင်းနက်ပက်ထရိုး (မွေး- ၁၉၇၂ ) သည် အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အော်စကာဆု ၊ ရွှေကမ္ဘာလုံးဆုနှင့် Primetime Emmy Award ဆုတို့အပြင် အခြားဆုပေါင်းများစွာ ရရှိထားသည်။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်က ရုံတင်ပြသခဲ့သော သမိုင်းနောက်ခံအချစ်ဇာတ်ကား Shakespeare in Love ဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုရရှိခဲ့သည့်အပြင် အခြားဆုပေါင်းများစွာလည်း ရရှိခဲ့သည်။

(ဂွင်းနက်ပက်ထရိုး အချစ်ရေး)

ဂွင်းနက်ပက်ထရိုးသည် ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘရက်ပစ်နှင့် တွဲခဲ့ပြီး စေ့စပ်ကြောင်းလမ်းခဲ့ကြသည်။

နောက်ပိုင်းတွင်မူ ဂွင်းနက်ပက်ထရိုးက လက်ထပ်ရန် အသင့်မဖြစ်သေးဟု ဆိုကာ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့သည်။

၁၉၉၇ ခုနှစ် ၊ အောက်တိုဘာလတွင် ဂွင်းနက်ပက်ထရိုးသည် ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ညစာစားပွဲတစ်ခုတွင် ဆုံဆည်းခဲ့ပြီးနောက် သူတို့နှစ်ဦး တွဲခဲ့ကြသည်။

ယင်းနောက်ပိုင်း Shakespeare in Love ရုပ်ရှင်ကားတွင် သူတို့နှစ်ဦး ပူးတွဲသရုပ်ဆောင်ခဲ့ကြသည်။

၁၉၉၉ ခုနှစ် ၊ ဇန်နဝါရီလတွင် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြသော်လည်း လအနည်းငယ်အကြာတွင် ဂွင်းနက်ပက်ထရိုးက ၂၀၀၀ ပြည့်နှစ်တွင် ရုံတင်ပြသမည့် Bounce ဇာတ်ကားတွင် သူမနှင့်အတူ ပါဝင်သရုပ်ဆောင်ရန် ဆွဲဆောင်ခဲ့ပြီးနောက် သူတို့၏ အချစ်ဇာတ်လမ်း ရှေ့ဆက်ခဲ့ပြန်သည်။

သို့သော် ၂၀၀၀ ပြည့်နှစ် ၊ အောက်တိုဘာလတွင်မူ သူတို့နှစ်ဦး အပြီးတိုင်လမ်းခွဲခဲ့ကြသည်။

၂၀၀၂ ခုနှစ် ၊ အောက်တိုဘာလတွင် ဂွင်းနက်ပက်ထရိုးသည် ကမ္ဘာကျော်တေးဂီတဝိုင်း Coldplay အဖွဲ့၏ အဆိုတော် ခရစ်မာတင်နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ကြကာ သား ၁ ဦး ၊ သမီး ၁ ဦး ထွန်းကားခဲ့သည်။

၂၀၁၅ ခုနှစ် ၊ ဧပြီလတွင် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။ ဂွင်းနက်ပက်ထရိုးသည် ရုပ်ရှင်ဒါရိုက်တာ Brad Falchuk နှင့် စတွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလတွင် စေ့စပ်ခဲ့ကာ ထိုနှစ် စက်တင်ဘာလတွင် လက်ထပ်ခဲ့ကြသည်။

(ဂွင်းနက်ပက်ထရိုးငှားရမ်းမည့် မွန်တီစီတိုမြို့စံအိမ်)

ဂွင်းနက်ပက်ထရိုးသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ မွန်တီစီတိုမြို့တွင် မကြာသေးမီက ဆောက်လုပ်ပြီးစီး သွားသော စံအိမ်ကို ရက်ပိုင်းငှားရမ်းနေထိုင်လိုသူများအတွက် အငှားဈေးကွက်တင်လာသည်။

(မှတ်ချက်။ မွန်တီစီတိုမှ စံအိမ် ဆောက်လုပ်ပြီးစီးသွားသည့် သတင်းကို imyanmarhouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

ဂွင်းနက်ပက်ထရိုး၏အိမ်တွင် ရေစိမ်ကန်၊ ထင်းသုံးမီးလင်းဖို၊ ထုတ်တန်းဖော် မျက်နှာကြက်များနှင့် သူ၏ Goop ကုမ္ပဏီထုတ် skincare ထုတ်ကုန်များ ပါဝင်သည်။

ဂွင်းနက်ပက်ထရိုးက သူမ အငှားချမည့် နေအိမ်ကို ဗွီဒီယိုဖိုင်တင်ကာ ပြသခဲ့ရာတွင် ဝိုင်သိုလှောင်ခန်းကိုလည်း ပြသခဲ့ပြီး ငှားရမ်းတည်းခိုမည့် ဧည့်သည်များအနေဖြင့် သူမ ၊ ခင်ပွန်းဖြစ်သူ Brad Falchuk တို့နှင့်အတူ ညစာ စားနိုင်ကြောင်း ဗွီဒီယိုဖိုင်ထဲတွင် ပြောသည်။

“အထီးကျန်မှုဟာ လူသားတွေကြုံတွေ့ရမယ့် ဘဝဖြတ်သန်းမှုတစ်ခုပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာ အထီးကျန်မှုတွေ ပိုမိုများပြားလာပြီး ကျွန်မတို့ရဲ့ အသိုက်အဝန်းစုစည်းမှု ကင်းမဲ့တာတွေကြောင့် ကျွန်မတို့ရဲ့ ဘဝတွေဟာ ပိုပြီး ဖရိုဖရဲ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ ကျွန်မရဲ့ မွန်တီစီတိုမှာရှိတဲ့ guesthouse မှာ တစ်ညတာလောက် လာတည်းခိုဖို့ ဖိတ်ခေါ်ဖြစ်တာပါ” ဟု ဂွင်းနက်ပက်ထရိုးက သူမ၏ လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့သည်။

(ဂွင်းနက်ပက်ထရိုး ငှားရမ်းမည့် မွန်တီစီတို့မြို့နေအိမ်။ ဓာတ်ပုံ-gwynethpaltrow/instagram)

(တည်းခိုမည့် ဧည့်သည်တို့အနေဖြင့် လမ်းညွှန်ဆရာရှိသော တရားထိုင်ခြင်း၊ ကြီးမားသော ရေကူးကန်နှင့် Goop ၏ အရိပ်အငွေ့များ ထုံလွှမ်းသည့် စားသောက်ဖွယ်ရာ၊ Goop ထုတ်ကုန်များနှင့် တွေ့ကြုံရဖွယ် ရှိသည်။ဓာတ်ပုံ-Airbnb)

“ကျွန်မတို့ကြားက ဆက်ဆံရေးဟာ သူစိမ်းတွေအနေနဲ့ စတင်ကြမှာဖြစ်ပေမယ့် အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကနေတဆင့် အကြိုက်တူညီမှုတွေ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ရေကန်ဘေးမှာ လဲလျောင်းနားနေကြမယ်…ကျွန်မအကြိုက်ဆုံး လမ်းလျှောက်တဲ့နေရာလေးတွေကို သွားကြမယ်…ပြီးတော့ ကျွန်မရဲ့ Goop ထုတ်ကုန်တွေ ထားပေးထားတဲ့ ရေချိုးခန်းကိုလည်း တွေ့ရမှာပါ။ မိတ်ဆွေတွေကို မကြာခင်မှာ ဧည့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်”

ဧည့်သည်တော်တို့၏ နေရာထိုင်ခင်း ဓာတ်မတည့်ခြင်း၊ အစားရှောင်ခြင်းတို့ကဲ့သို့ အရေးပေါ်ကိစ္စများကိုလည်း အလေးထား ဖြေရှင်းဆောင်ရွက်ပေးမည်ဟု ဂွင်းနက်ပက်ထရိုးက ကတိပေးထားသည်။

ဂွင်းနက်ပက်ထရိုး၏ နေအိမ် အငှား booking စာရင်းပေးမှုများကို သြဂုတ်လ ၁၅ ရက် ၊ မနက် ၁၀ နာရီတွင် စတင်လက်ခံမည်ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်၊ စနေနေ့တွင် စတင်တည်းခိုနေထိုင်နိုင်ကြမည် ဖြစ်သည်။

ဂွင်းနက်ပက်ထရိုးတို့ စုံတွဲသည် အဆိုပါအိမ်ကို ၂၀၁၆ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ဆက်စပ်သတင်းများ)

ဘင်အက်ဖလက်၏ အိပ်ယာတွင်း စွမ်းဆောင်ရည်မှာ ဘရက်ပစ်ထက်ကောင်းကြောင်း ထုတ်ပြောလာသူ ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုး၏ စံအိမ်

https://www.imyanmarhouse.com/news/read/1065487

ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်း ရုပ်ရှင်ဒါရိုက်တာ Brad Falchuk တို့ ၇ နှစ်နီးပါး ဆောက်လုပ်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ် အပြီးသတ်ပြီးစီး

https://www.imyanmarhouse.com/news/read/1073346

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gwyneth Paltrow puts Montecito home on Airbnb — and she’ll even join guests for dinner (nypost)

[Zawgyi]

ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီး ဂြင္းနက္ပက္ထရိုးက ကယ္လီဖုိးနီးယားမွ စံအိမ္ ၁ လံုးကို ရက္ပိုင္းငွားရမ္းေနထိုင္လုိသူမ်ားအတြက္ အငွားေစ်းကြက္တင္ ၊ ငွားရမ္းေနထိုင္မည့္သူမ်ား ဂြင္းနက္ပက္ထရုိးႏွင့္အတူ ညစာစားႏိုင္မည့္ အခြင့္အေရးရရွိမည္

(ဂြင္းနက္ပက္ထရိုးဘယ္သူလဲ)

ဂြင္းနက္ပက္ထရုိး (ေမြး- ၁၉၇၂ ) သည္ အေမရိကန္ရုပ္ရွင္မင္းသမီး ၊ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ျပီး ေအာ္စကာဆု ၊ ေရႊကမၻာလံုးဆုႏွင့္ Primetime Emmy Award ဆုတု႔ိအျပင္ အျခားဆုေပါင္းမ်ားစြာ ရရွိထားသည္။

ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ၁၉၉၈ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ သမိုင္းေနာက္ခံအခ်စ္ဇာတ္ကား Shakespeare in Love ျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ ေအာ္စကာဆုရရွိခဲ့သည့္အျပင္ အျခားဆုေပါင္းမ်ားစြာလည္း ရရွိခဲ့သည္။

(ဂြင္းနက္ပက္ထရိုး အခ်စ္ေရး)

ဂြင္းနက္ပက္ထရုိးသည္ ၁၉၉၄ ခုႏွစ္မွ ၁၉၉၇ ခုႏွစ္အထိ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား ဘရက္ပစ္ႏွင့္ တြဲခဲ့ျပီး ေစ့စပ္ေၾကာင္းလမ္းခဲ့ၾကသည္။

ေနာက္ပိုင္းတြင္မူ ဂြင္းနက္ပက္ထရုိးက လက္ထပ္ရန္ အသင့္မျဖစ္ေသးဟု ဆိုကာ ေစ့စပ္ေၾကာင္းလမ္းမႈ ဖ်က္သိမ္းခဲ့သည္။ ၁၉၉၇ ခုႏွစ္ ၊ ေအာက္တိုဘာလတြင္ ဂြင္းနက္ပက္ထရုိးသည္ ရုပ္ရွင္မင္းသား ဘင္အက္ဖလက္ႏွင့္ ညစာစားပြဲတစ္ခုတြင္ ဆံုစည္းခဲ့ျပီးေနာက္ သူတို႔ႏွစ္ဦး တြဲခဲ့ၾကသည္။

ယင္းေနာက္ပိုင္း Shakespeare in Love ရုပ္ရွင္ကားတြင္ သူတို႔ႏွစ္ဦး ပူးတြဲသရုပ္ေဆာင္ခဲ့ၾကသည္။

၁၉၉၉ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ သူတို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကေသာ္လည္း လအနည္းငယ္အၾကာတြင္ ဂြင္းနက္ပက္ထရိုးက ၂၀၀၀ ျပည့္ႏွစ္တြင္ ရံုတင္ျပသမည့္ Bounce ဇာတ္ကားတြင္ သူမႏွင့္အတူ ပါဝင္သရုပ္ေဆာင္ရန္ စြဲေဆာင္ခဲ့ျပီးေနာက္ သူတို႔၏ အခ်စ္ဇာတ္လမ္း ေရွ႕ဆက္ခဲ့ျပန္သည္။

သို႔ေသာ္ ၂၀၀၀ ျပည့္ႏွစ္ ၊ ေအာက္တုိဘာလတြင္မူ သူတို႔ႏွစ္ဦး အျပီးတိုင္လမ္းခြဲခဲ့ၾကသည္။

၂၀၀၂ ခုႏွစ္ ၊ ေအာက္တုိဘာလတြင္ ဂြင္းနက္ပက္ထရိုးသည္ ကမၻာေက်ာ္ေတးဂီတဝိုင္း Coldplay အဖြဲ႔၏ အဆုိေတာ္ ခရစ္မာတင္ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၃ ခုႏွစ္ ၊ ဒီဇင္ဘာလတြင္ လက္ထပ္ခဲ့ၾကကာ သား ၁ ဦး ၊ သမီး ၁ ဦး ထြန္းကားခဲ့သည္။

၂၀၁၅ ခုႏွစ္ ၊ ဧျပီလတြင္ သူတို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။ ဂြင္းနက္ပက္ထရိုးသည္ ရုပ္ရွင္ဒါရုိက္တာ Brad Falchuk ႏွင့္ စတြဲခဲ့ျပီး ၂၀၁၈ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ေစ့စပ္ခဲ့ကာ ထိုႏွစ္စက္တင္ဘာလတြင္ လက္ထပ္ခဲ့ၾကသည္။

(ဂြင္းနက္ပက္ထရိုးငွားရမ္းမည့္ မြန္တီစီတိုျမဳိ႕စံအိမ္)

ဂြင္းနက္ပက္ထရိုးသည္ ကယ္လီဖုိးနီးယားျပည္နယ္ ၊ မြန္တီစီတိုျမိဳ႕တြင္ မၾကာေသးမီက ေဆာက္လုပ္ျပီးစီး သြားေသာ စံအိမ္ကို ရက္ပိုင္းငွားရမ္းေနထိုင္လိုသူမ်ားအတြက္ အငွားေစ်းကြက္တင္လာသည္။

(မွတ္ခ်က္။ မြန္တီစီတုိမွ စံအိမ္ ေဆာက္လုပ္ျပီးစီးသြားသည့္ သတင္းကို imyanmarhouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

ဂြင္းနက္ပက္ထရိုး၏အိမ္တြင္ ေရစိမ္ကန္၊ ထင္းသံုးမီးလင္းဖို၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားႏွင့္ သူ၏ Goop ကုမၸဏီထုတ္ skincare ထုတ္ကုန္မ်ား ပါဝင္သည္။

ဂြင္းနက္ပက္ထရိုးက သူမ အငွားခ်မည့္ ေနအိမ္ကို ဗြီဒီယိုဖိုင္တင္ကာ ျပသခဲ့ရာတြင္ ဝိုင္သိုေလွာင္ခန္းကိုလည္း ျပသခဲ့ျပီး ငွားရမ္းတည္းခိုမည့္ ဧည့္သည္မ်ားအေနျဖင့္ သူမ ၊ ခင္ပြန္းျဖစ္သူ Brad Falchuk တို႔ႏွင့္အတူ ညစာ စားႏိုင္ေၾကာင္း ဗြီဒီယိုဖိုင္ထဲတြင္ ေျပာသည္။

“အထီးက်န္မႈဟာ လူသားေတြၾကံဳေတြ႔ရမယ့္ ဘဝျဖတ္သန္းမႈတစ္ခုပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့ႏွစ္အနည္းငယ္ အတြင္းမွာ အထီးက်န္မႈေတြ ပိုမိုမ်ားျပားလာျပီး ကၽြန္မတို႔ရဲ႕ အသိုက္အဝန္းစုစည္းမႈ ကင္းမဲ့တာေတြေၾကာင့္ ကၽြန္မတို႔ရဲ႕ ဘဝေတြဟာ ပိုျပီး ဖရိုဖရဲ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ပဲ ကၽြန္မရဲ႕ မြန္တီစီတိုမွာရွိတဲ့ guesthouse မွာ တစ္ညတာေလာက္ လာတည္းခိုဖို႔ ဖိတ္ေခၚျဖစ္တာပါ” ဟု ဂြင္းနက္ပက္ထရိုးက သူမ၏ လူမႈကြန္ရက္ပို႔စ္တြင္ ေရးသားခဲ့သည္။

(ဂြင္းနက္ပက္ထရိုး ငွားရမ္းမည့္ မြန္တီစီတို႔ျမိဳ႕ေနအိမ္။ ဓာတ္ပံု-gwynethpaltrow/instagram)

(တည္းခိုမည့္ ဧည့္သည္တို႔အေနျဖင့္ လမ္းညႊန္ဆရာရွိေသာ တရားထိုင္ျခင္း၊ ၾကီးမားေသာ ေရကူးကန္ႏွင့္ Goop ၏ အရိပ္အေငြ႔မ်ား ထံုလႊမ္းသည့္ စားေသာက္ဖြယ္ရာ၊ Goop ထုတ္ကုန္မ်ားႏွင့္ ေတြ႔ၾကံဳရဖြယ္ ရွိသည္။ဓာတ္ပံု-Airbnb)

“ကၽြန္မတို႔ၾကားက ဆက္ဆံေရးဟာ သူစိမ္းေတြအေနနဲ႔ စတင္ၾကမွာျဖစ္ေပမယ့္ အရသာရွိတဲ့ စားေသာက္ဖြယ္ရာေတြကေနတဆင့္ အၾကိဳက္တူညီမႈေတြ၊ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေရကန္ေဘးမွာ လဲေလ်ာင္းနားေနၾကမယ္…ကၽြန္မအၾကိဳက္ဆံုး လမ္းေလွ်ာက္တဲ့ေနရာေလးေတြကို သြားၾကမယ္…ျပီးေတာ့ ကၽြန္မရဲ႕ Goop ထုတ္ကုန္ေတြ ထားေပးထားတဲ့ ေရခ်ဳိးခန္းကိုလည္း ေတြ႔ရမွာပါ။ မိတ္ေဆြေတြကို မၾကာခင္မွာ ဧည့္ခံႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”

ဧည့္သည္ေတာ္တို႔၏ ေနရာထိုင္ခင္း ဓာတ္မတည့္ျခင္း၊ အစားေရွာင္ျခင္းတို႔ကဲ့သို႔ အေရးေပၚကိစၥမ်ားကိုလည္း အေလးထား ေျဖရွင္းေဆာင္ရြက္ေပးမည္ဟု ဂြင္းနက္ပက္ထရိုးက ကတိေပးထားသည္။

ဂြင္းနက္ပက္ထရိုး၏ ေနအိမ္ အငွား booking စာရင္းေပးမႈမ်ားကို ၾသဂုတ္လ ၁၅ ရက္ ၊ မနက္ ၁၀ နာရီတြင္ စတင္လက္ခံမည္ျဖစ္ျပီး စက္တင္ဘာလ ၉ ရက္၊ စေနေန႔တြင္ စတင္တည္းခိုေနထိုင္ႏိုင္ၾကမည္ ျဖစ္သည္။

ဂြင္းနက္ပက္ထရိုးတို႔ စံုတြဲသည္ အဆိုပါအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ဆက္စပ္သတင္းမ်ား)

ဘင္အက္ဖလက္၏ အိပ္ယာတြင္း စြမ္းေဆာင္ရည္မွာ ဘရက္ပစ္ထက္ေကာင္းေၾကာင္း ထုတ္ေျပာလာသူ ရုပ္ရွင္မင္းသမီး ဂြင္းနက္ပက္ထရိုး၏ စံအိမ္

https://www.imyanmarhouse.com/news/read/1065487

ရုပ္ရွင္မင္းသမီး ဂြင္းနက္ပက္ထရုိးႏွင့္ ခင္ပြန္း ရုပ္ရွင္ဒါရိုက္တာ Brad Falchuk တို႔ ၇ ႏွစ္နီးပါး ေဆာက္လုပ္လ်က္ရွိေသာ ကယ္လီဖိုးနီးယားျပည္နယ္မွ စံအိမ္ အျပီးသတ္ျပီးစီး

https://www.imyanmarhouse.com/news/read/1073346

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Gwyneth Paltrow puts Montecito home on Airbnb — and she’ll even join guests for dinner (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service