စလစ်မိတ္တူပဲရှိတာ ဘယ်လိုပြန်လျှောက်ရပါသလဲ ခင်ဗျာ။ အိမ်အရောင်းအဝယ်စာချုပ်မူရင်းနဲ့ ပျောက်ဆုံးကြောင်း တရားရုံးကျမ်းကျိန်ချက်တော့ ရှိပါတယ်။ ဂရန်အထိ ဆက်လျှောက်လို့ရော ရပါသလား။
မေးသူ - ကိုနေ
စလစ်ပျောက်ရင် ပျောက်ဆုံးခြင်းအတွက် ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး ပျောက်ဆုံးကြောင်း သက်သေအခိုင်အမာ ဆောင်ရွက်ရပါသည်။ ထို့နောက် မြေယာစီမံခန့်ခွဲမှုဌာနသို့ အကြောင်းကြားကာ ပါမစ်၊ဂရန် လျှောက်ထားမှုအတွက် ခွင့်ပြုချက်ရယူရပါမည်။ အသေးစိတ်သိရှိလိုပါက ရုံးသို့ ဆက်သွယ်နိုင်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။