ကိုယ်စားလှယ်ဆိုသည်မှာ တပါးသူ၏ ကိစ္စရပ်များအား ဆောင်ရွက်ရန် ခန့်ထားခြင်းကို ဆိုလို သည်။ ကိုယ်စားလှယ်လွှဲစာ ပေးအပ်ရာတွင် လွှဲအပ်ခြင်းခံရသူမှ လက်ခံသည့်အခါမှ အတည်ဖြစ်မည် ဖြစ်ပါသည်။
ကိုယ်စားလှယ်လွှဲစာအား စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ဥပဒေပုဒ်မ - ၃၂ နှင့် ၃၃ အရ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ General Power အထွေထွေကိုယ်စားလှယ်လွှဲစာ ဆိုသည်မှာ မိမိကိုယ်စားဆောင်ရွက်ရန် ကိစ္စအဝဝအား အခြားသူတစ်ဦးတစ်ယောက်အား အလုံစုံစီမံ ခန့်ခွဲပိုင်ခွင့် ပေးအပ်ခြင်းဖြစ်ပါသည်။ SP (Special Power)ဆိုသည်မှာ လွှဲအပ်သူ၏ ပိုင်ဆိုင်မှုထဲမှ ပိုင်ရေးဆိုင်ခွင့် တစ်စုံတစ်ခုထဲကို လွှဲအပ်ခြင်းဖြစ်ပါသည်။ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန်အ တွက် SP (Special Power) ဆောင်ရွက်လိုပါက ရန်ကုန်မြို့နယ်အတွင်းဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံ တင်ရုံး(သို့)အခြား မြို့နယ်အတွင်းဖြစ်ပါက ကြေးတိုင်နှင့် မြေစာရင်းရုံးတွင် ဆောင်ရွက်ရပါမည်။
လွှဲအပ်မည့် မြေပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထား မူရင်းများ၊ လွှဲသူနှင့် ယူသူမှတ်ပုံ တင် မူရင်းများအား မှတ်ပုံတင်အရာရှိထံ တင်ပြပေးရမည်ဖြစ်ပြီး အသိသက်သေ (၂)ဦးလဲ လိုအပ်ပါသည်။
နိုင်ငံခြားရောက်ရှိနေသူမှ SP (Special Power) လွှဲအပ်လိုလျှင်လဲ သံရုံးအရာရှိရှေ့၊ ကောင်စစ် ဝန်ရုံးအရာရှိ ရှေ့မှောက်တွင် ကိုယ်စားလှယ်လွှဲအပ်ခြင်း ဆောင်ရွက်နိုင်ကြောင်း ဖြေဆိုရေးသားပေး လိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။