172 ကြိမ် ကြည့်ရှု့ပြီး

မြေက ဘိုးဘွားပိုင်လို့ သိရပါတယ်။ ဘိုးဘွားလက်ထက်ကတည်းကနေ အဆင့်ဆင့် အမွေပေးကမ်းလာတာပါ။ဒီခေတ်ကျရောင်းချပြီးတော့ ကျန်တဲ့မြေအပိုင်းဟာ ကျွန်တော်တို့ဟာပါ။ အရင်အ‌ဘေးတို့ လက်ထပ်က ဆောင်ထားတဲ့ မြေခွန်လွဲလို့ ဘာမှမရှိတော့ပါ။ ဂရန်ပြန်လျှောက်လို့ ရပါသလား။

မေးသူ - Naing Thura


ဘိုးဘွားပိုင်မြေဆိုတာ အထက်မြန်မာပြည်အား ၁၈၈၅ ခုနှစ် အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်တွင် မြန်မာမင်းများနှင့် မင်းမူမင်းထမ်းများကို ပိုင်ဆိုင်သောမြေနှင့် ဘိုးဘွားများ လက်ထက်ကပင် ဓားမဦးချလုပ်ကိုင်သော မြေများအား ဘိုးဘွားပိုင်မြေဟု ခေါ်ဆိုကြပါတယ်။ ဘိုးဘွားပိုင်မြေ၊ မြေပိုင် မြေ၊ အပိုင်ဂရန်မြေအား အမွေဆက်ခံမှု ပိုင်ဆိုင်လာကြပြီး အမွေဆက်ခံသူများမှာ မြေရှင်အခွင့်အရေး ရရှိကြပါတယ်။ ဘိုးဘွားပိုင်မြေအား မြေရှင်မှ စွန့်လွှတ်ထားလျှင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။

သက်ဆိုင်ရာ မြေစာရင်းရုံးတွင် ဘိုးဘွားပိုင်မြေအဖြစ် အမည်ပေါက်စာရင်းဝင်နေရပါမည်။ အဆိုပါ မြေအမျိုးအစားအား လွှဲပြောင်းရောင်းချမှုပြုလျှင် အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ် ဆိုမှုပြုရန် လိုပါသည်။ ပူးတွဲပိုင်ဆိုင်သူများမှာလဲ စွန်လွှတ်ခြင်း မှတ်ပုံတင်စာချုပ်ဖြင့် အပြန်အလှန် စွန့်လွှတ်ခြင်းပြုနိုင်ပါသည်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မရှိလျှင် ပိုင်ဆိုင်မှုအတွက် တရားရုံးမှချမှတ်သော စီရင်ချက်အမိန့်၊ဒီကရီ လိုအပ်ပါမည်။

ဘိုးဘွားပိုင်မြေအား အခွန်ထမ်းဆောင်ပြီး အမည်ပေါက်ဂရန် လျှောက်ထားလိုပါက စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် ဂရန်လျှောက်ထားမှုပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App