အမွေမှု နှစ်မျိုးနှစ်စားရှိပြီး ကျန်ရှိသူမိဘ နောက်အိမ်ထောင်ပြုသည့်အခါ ရရန်ရှိသော အမွေဝေစုကို စွဲဆိုသောအမှု၊ အမွေဆိုင်အချင်းချင်း ပူးတွဲအမွေဆိုင်တစ်ဦးအပေါ် စွဲဆိုသော အမွေမှုဟူ၍ ဖြစ်ပါသည်။ ယခုအမှုမှာ အမွေဆိုင်အချင်းချင်းစွဲဆိုသော အမှုဖြစ်ပြီး အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ-၂၁၄ အရ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထား၍ တရားစွဲဆိုထားသော အမှုဖြစ်ပါက မည်သို့ အမွေဆိုင်ပစ္စည်းအား ရောင်းချရန် တရားရုံးအမိန့်အား ကြည့်ရှုရမည်ဖြစ်ပါသည်။
တရားရုံး အမိန့်အတိုင်း လွှဲပြောင်းရောင်းချရန် ဆောင်ရွက်ခြင်းမပြုနိုင်ပါက ဒီဂရီအတိုင်းဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။ တရားရုံးသည် တရားမကျင့်ထုံးပုဒ်မ -၅၁/၅၂ အရ ဒီကရီကို အတည်ပြုပိုင်ခွင့်ရှိပါသည်။ဘီလစ်မှ အမွေပုံပစ္စည်းအား စီမံခန့်ခွဲ ဆောင်ရွက်စေသည်များလဲရှိပါသည်။ မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၅၂အမှုတွင် ပစ္စည်းကို အုပ်ထိန်းစီမံခန့်ခွဲပေးစေလိုမှုအကြောင်း ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။
အမွေရှင်သေဆုံးပြီးနောက် အမွေပုံပစ္စည်း ရွှေ့ပြောင်းနိုင်သောပစ္စည်းကို တရားစွဲဆိုလျှင် (၆) နှစ်ဖြစ်ပြီးမရွှေ့မပြောင်းနိုင်သောပစ္စည်းအား တရားစွဲဆိုလျှင်ဆန့်ကျင်လက်ရှိထားပြီး (၁၂) နှစ် အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။
အမွေပုံပစ္စည်းအား အမွေဆိုင်တစ်ဦးဦးမှ လက်ရှိထားခြင်းသည် အမွေဆိုင်အားလုံးအတွက် လက်ရှိထားခြင်းဖြစ်သည်ဟု ယူဆနိုင်သည်ကို (မမြကြင်နှင့် မအေးတင်(၁၉၆၃၊မတစ၊စာ-၉၈၃) အမှု) ဖော်ပြထားကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။