239 ကြိမ် ကြည့်ရှု့ပြီး

မြေစလစ်မူရင်း ပျောက်သွားလို့ပါခင်ဗျာ။ မြေစလစ်အမည်ပေါက်က သေဆုံးပြီး အမည်ပေါက်နဲ့ မိသားစု ကလဲ နယ်ဝေးမှာ အဆက်အသွယ်မရတော့ရင် လက်ရှိပိုင်ဆိုင်ထားသူက စလစ်မိတ္တူ နဲ့ စလစ်မူရင်း ပြန်ရရန် လျှောက်ဖို့အတွက် ဘယ်လိုနည်းလမ်းနဲ့ လျှောက်ထားလို့ရပါသလဲ။

မေးသူ - Pyae Sone

စလစ်မြေဆိုသည်မှာ လူနေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်နေထိုင်ခွင့်ရှိသော မြေအမျိုးအစားပင် ဖြစ်ပါသည်။ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသော မြေပြေစာထွက်ရှိထားပြီး အမည်ပေါက်ကိုသာ နေထိုင်ခွင့်ချထားပေးသော မြေအမျိုးအစားဖြစ်ပါသည်။

ပါမစ်မြေအဖြစ် ပြောင်းလဲလျှောက်ထားသည့်အခါတွင်လဲ အမည်ပေါက်မှ စလစ်မူရင်းကိုင် ဆောင်ကာ လျှောက်ထားမှုပြုရန်လိုပြီး စလစ်မူရင်း ပျောက်ဆုံးကလဲ အမှန်တကယ် ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတို့အား အမည်ပေါက်ကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

စလစ်မြေအမျိုးအစားမှာ နိုင်ငံပိုင်မြေအမျိုးအစားပင်ဖြစ်ပါသည်။ စလစ်မြေမှာ လွှဲပြောင်း ရောင်းချခွင့်မရှိသလို အရပ်ကတိစာချုပ်ချုပ်ဆိုကာ နားလည်မှုဖြင့် အရောင်းအဝယ် စာချုပ်ချုပ်ဆိုကြသော်လည်း မြေပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်လဲချုပ်ဆိုခွင့်မရှိပါ။ စလစ်မြေ ပိုင်ဆိုင်မှုအတွက် အငြင်းပွှားမှုများ ပေါ်ပေါက်လာလျှင်လဲ နိုင်ငံပိုင်မြေဖြစ်သောကြောင့် တရားရုံးမှ ပလပ်မည်ဖြစ်ပါသည်။

ထို့ကြောင့် စလစ်မြေအား ပါမစ်မြေ၊ ဂရန်မြေအဖြစ် ပြောင်းလဲ လျှောက်ထားသည့်အခါ အမည်ပေါက်ကိုယ်တိုင် (သို့) အမည်ပေါက် မိသားစုဝင်တို့လိုအပ်ကာ ၎င်းတို့မှ လက်မှတ်ရေးထိုး ဆောင်ရွက်ပေးရပါမည်။ ဆက်သွယ်မှုမရခဲ့လျှင်တော့ စည်ပင်သာယာရေးကော်မတီကို သွားရောက်ထားကာ ဌာနမှ စီစစ်လက်ခံလျှင် သတင်းစာကြေညာထည့်သွင်း၍ ကန့်ကွက်ရှိမရှိ (၂)ပတ် စောင့်ဆိုင်းကာ ဆက်လက် လျှောက်ထားမှုပြုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App