404 ကြိမ် ကြည့်ရှု့ပြီး

ကျွန်မရဲ့ အဖွားဖြစ်သူ အသက်ရှိစဉ်ကာလက အိမ်ဂရန်ကို သူ့သမီးအကြီးဆီ ပျောက်ဆုံး ပျက်စီးမှာစိုးလို့ဆိုပြီး အပ်ထားတယ်။ အမွေဆိုင်ကတော့ ၆ယောက်ပါ။အကြီးဆုံး သားနဲ့ အဲ့ဒီ အပ်ထားတဲ့ဆိုတဲ့သမီးက မယူဘူးဆိုပြီး ပြောခဲ့တယ်။အဲ့ဒီ ၆ယောက်မှာ ၄ယောက်မြောက်သားက အမွေတောင်းလို့ ၃နဲ့၄က အမ်းလိုက်တယ်။နောက်ထပ် ၆ယောက်မြောက်သားက အမွေတောင်းတော့လည်း ၃နဲ့၅ ကအမ်းလိုက်တယ်။ အခုဖြစ်နေတဲ့ ပြဿနာက အိမ်ဂရန်တောင်းတာကို အဖွားအပ်ထားတယ်ဆိုတဲ့သမီးက ပြန်မပေးလို့ပါ။

မေးသူ - Su Thazin Hlaing

ဓလေ့ထုံးတမ်းများပေါ် အခြေခံ၍ ပြဌာန်းထားသော ဥပဒေအရ အမွေဆက်ခံရေးကို အဆုံးအဖြတ် ပြုကြပါသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်လျှင် မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဘာသာဝင် ဥပဒေ၊ မဟာမေဒင်ဖြစ်လျှင် မဟာမေဒင် ဥပဒေအရ လည်းကောင်း ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ မြန်မာဓလေ့ဥပဒေအရ အမွေရထိုက်ခွင့် ရှိသူများအား ဆက်ခံခွင့်ပေါ်မူတည်၍ အမွေခွဲဝေပေးခြင်းပင်ဖြစ်ရာ မိသားစုစီမံစာချုပ်အား မိသားစုအားလုံး သဘောတူညီချက်ဖြင့် စာချုပ်ချုပ်ဆိုခွင့်လဲရှိသည်။ ကွယ်လွန်သူ မိဘ(၂)ဦး၏ အမွေပစ္စည်းမှာ ၎င်းတို့ ကွန်လွန်သည်နှင့် တပြိုင်နက် အမွေဆက်ခံသူများအားလုံးမှာ ဆက်ခံခွင့်ရရှိကာ အမွေခွဲဝေနိုင်ပါသည်။

အမွေဆက်ခံသူများမှာ ပစ္စည်းအပေါ်တွင် အတူပိုင်ဆိုင်ကြသူများဖြစ်ပြီး မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ နှုတ်ဖြင့် အမွေခွဲဝေခြင်းလဲပြုနိုင်ပါသည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား ခွဲဝေရာတွင် တန်ဖိုးငွေ (၁ သိန်း) ထက် ပိုလျှင် စာချုပ်ချုပ်ဆို၍ မှတ်ပုံတင်အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

မိသားစုစီမံမှုစာချုပ်ချုပ်ဆိုမည်ဆိုလျှင်လဲ အမွေပစ္စည်းစုံလင်ရန်နှင့် အမွေဆိုင်များအားလုံး ညီညွှတ်ရန် လိုပါသည်။ မိသားစု စီမံမှုစာချုပ်မှာ မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်စာတမ်း အမျိုးအစားထဲတွင် ပါဝင်ပြီး တန်ဖိုးငွေ (၁သိန်း)ထက် ပိုသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါလျှင် စာချုပ်အား မှတ်ပုံတင်ရန် လိုအပ်ပါသည်။ အမွေဆိုင် စုံလင်စွာ သဘောတူညီချက်ဖြင့် မိသားစုစီမံမှု စာချုပ်ချုပ်ဆိုပြီးပါက အဆိုပါ စာချုပ်ကို အမွေဆိုင်များမှ ဖောက်ဖျက်ခြင်း၊ ငြင်းဆိုခြင်း ပြုမရပါ။ယခု မေးမြန်းမှုအရ မိသားစု သဘောတူညီချက်ရယူရန် ညှီနှိုင်းဆွေးနွေးမှု ပြုသင့်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App