293 ကြိမ် ကြည့်ရှု့ပြီး

မိမိတိုက်ခန်းကို ညီမဖြစ်သူကို တိုက်ခန်းအငှားအပ်ထားခဲ့မိရာက မိမိမသိဘဲ ညီမတော်စပ်သူမှ အခြားသူတစ်ဦးကို ပေါင်သလိုမျိုး လုပ်ထားတာကို ဘယ်လိုပြန်ယူလို့ရမလဲ သိချင်ပါတယ်။ ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေကတော့ မိမိဆီမှာပဲ ရှိပါတယ်။ ညီမဖြစ်သူက ဟိုဘက်ကို ပိုင်ဆိုင်မှု ဘာစာရွက်စာတမ်းမှ မပေးထားသလို ကုမ္ပဏီရုံး အမည်ပေါက်မှာလဲ မိမိတို့အမည်ဘဲပေါက်နေပါတယ်။

မေးသူ - U Ag Min

ဂရန်အမည်ပေါက်မြေပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခန်းအား ဝယ်ယူသူမှာ အငှားစနစ်၊ အပျောက်စနစ်ဖြင့် တိုက်ခန်းအား ဝယ်ယူပိုင်ဆိုင်ခြင်းသာ ဖြစ်ပါသည်။ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ အပျောက်စနစ်ဖြင့် ဥပစာ လွှဲပြောင်းရောင်းချခြင်းပင်ဖြစ်ပါသည်။

တိုက်ခန်းများ ပိုင်ဆိုင်မှုမှာ နေထိုင်မှုအပေါ်တွင် အခြေခံသောကြောင့် မိမိဝယ်ယူထားသော တိုက်ခန်းမှာ မိမိလက်ဝယ်တွင်သာ ထားရှိသင့်ပြီး တိုက်ခန်းမှာ လွှဲပြောင်းရောင်းချရန် လွယ်ကူသောကြောင့် အရပ်ကတိစာချုပ်၊ အဆက်အစပ်များနှင့် တိုက်ခန်းသော့အားလဲ မိမိမှသာ သိမ်းဆည်းထားသင့်ပါသည်။

တိုက်ခန်းအား အခမဲ့ခွင့်ပြုချက်ဖြင့် တစ်ဦးတစ်ယောက်အား အပ်နှံထားရှိ နေထိုင်စေလျှင်လဲ မည်သည့်ကာလထိ အခမဲ့ထားရှိနေထိုင်ခွင့်ပြုကြောင်း စာချုပ်ချုပ်ဆိုသင့်ပါသည်။ ထို့အတူ တိုက်ခန်း အား နှစ်ကာလအပိုင်းအခြားဖြင့် ငှားရမ်းခြင်းပြုလျှင်လဲ တိကျသေချာစွာ ငှားရမ်းသူတာဝန်၊ လိုက်နာရမည့် စည်းကမ်းချက်များကို ထည့်သွင်းစာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

ပစ္စည်းလွှဲပေါင်းခြင်း အက်ဥပဒေပုဒ်မ - ၅၈ အရ ပေါင်နှံခြင်းဆိုသည်မှာ အကျိုးခံစားခွင့်များကို ပေးအပ်၍ အာမခံထား ပေါင်နှံခြင်းပင်ဖြစ်ပြီး ပစ္စည်းအား ပိုင်ဆိုင်ခွင့်ရှိသူမှသာ ပေါင်နှံခွင့်လဲရှိမည်ဖြစ်ပါသည်။ ၁၉၄၅ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေအရ လိုင်စင်မရှိဘဲ ငွေချေးခြင်း၊ ပေါင်နှံခြင်း ဆောင်ရွက်ခွင့်မရှိပါ။

ထို့အပြင် ပေါင်နှံခြင်းများတွင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ အပ်နှံ၍ အာမခံထားရှိ ပေါင်နှံခြင်း နှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းအား လက်ရောက်ပေးအပ်၍ ပေါင်နှံခြင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လက်ရောက်ပေးအပ်၍ ပေါင်နှံခြင်းဟူ၍ရှိပါသည်။ အပေါင်ခံသူမှ တိုက်ခန်းပိုင်ရှင် မဟုတ်သူအား ငွေချေးပေါင်နှံစေခြင်းဖြစ်လျှင် ၎င်းငွေချေးခြင်းမှာလဲ တိုက်ခန်းနှင့် သက်ဆိုင်သည်ဟု ပြော၍မရပါ။ ထို့ကြောင့် တိုက်ခန်းပိုင်ရှင်မှာ တိုက်ခန်းအား လက်ရောက်ပြန်လည်ရယူကာ ဖြေရှင်းဆောင်ရွက်မှု ပြုရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App