ရန်ကင်းမြို့နယ်

ရန်ကင်းမြို့နယ်သည် အကျယ် ၅ ကီလိုမီတာရှိပြီး မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ အရှေ့ဘက်တွင် တောင်ဥက္ကလာပသင်္ဃန်းကျွန်းမြို့နယ်၊ အနောက်ဘက်တွင် မရမ်းကုန်းမြို့နယ် နှင့် အင်းယားလိတ်၊ ဗဟန်းမြို့နယ်၊ တောင်ဘက်တွင် တာမွေမြို့နယ်  တို့တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၁၅ ခုဖြင့် ဖွဲ့စည်းထားပြီး မူလတန်းကျောင်း ၁၃ ကျောင်း ၊ အလယ်တန်းကျောင်း ၇ ကျောင်း နှင့် အထက်တန်းကျောင်း ၂ ကျောင်းတို့ရှိသည်။ မြို့နယ်တွင်း အမှတ်ရစေသည့် ရန်ကင်းစင်တာသည် ရန်ကုန်မြို့၏ သက်တမ်းကြာ ဈေးဝယ်စင်တာတစ်ခု အဖြစ်တည်ရှိပြီး နာမည်ကျော် ကုက္ကိုင်းရေကူးကန် ရှိသော မြို့နယ်လည်းဖြစ်သည် ။ လူဝင်မှုကြီးကြပ်ရေး passport ရုံးအခြေစိုက်သည့် မြို့နယ်လည်းဖြစ်သလို မြန်မာပြည်၏ဆက်သွယ်ရေး ကွန်ယက်လုပ်ငန်းအတွက် တစ်ခုအပါအဝင်အားထားရသည့် တယ်လီနောရုံး အခြေစိုက်သည့် မြို့နယ်လည်းဖြစ်သည် ။ အများပြည်သူအပန်းဖြေအနားယူရန် မြကျွန်းသာကန်ဘောင်နှင့် လည်းထိဆက်လျက်ရှိပြီး ဗီယက်နမ်ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်သော ခန့်ညားထည်ဝါသည့် မြန်မာပလာဇာ အဆောက်အဦးတည်ရှိသည့် မြို့နယ်လည်းဖြစ်သည် ။ ရန်ကင်းမိုးကောင်းဘုရားသည် ရန်ကုန်မြို့တွင်းထင်ရှား သော ဘုရားများထဲတွင် တစ်ခုအပါဝင်ဖြစ်သည် ။ တန်ဖိုးမြင့်လုံးချင်းအိမ်ကြီးများရှိသည့် ဘောက်ထော်ရပ်ကွက်သည် ရန်ကင်းမြို့နယ်တွင်တည်ရှိသည်။ အချုပ်အားဖြင့်ဆိုသော် ရန်ကင်းမြို့နယ်သည် သွားလာနေထိုင်ရန် ကောင်းသောမြို့နယ်တစ်ခုဖြစ်သလို လူနေတိုက်ခန်းများ ၊ အိမ်ရာဝန်းများ နှင့် နာမည်ကြီး ဘောက်ထော်ရပ်ကွက်ရှိသော ရန်ကုန်မြို့၏ အထင်ကရ မြို့နယ်တစ်ခု ဖြစ်သည် ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)