သင်္ဃန်းကျွန်းမြို့နယ်

သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ဘက်ပိုင်းတွင်ရှိပြီး ၁၁.၅ ကီလိုမီတာကျယ်ဝန်းသည်။ မြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ တောင်ဘက်တွင် တာမွေမြို့နယ်တို့ဖြင့် ဝန်းရံလျက်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် ရပ်ကွက်ပေါင်း ၃၈ ခုဖြင့်ဖွဲ့စည်းထားပြီး မူလတန်းကျောင်း ၄၀ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်းနှင့် အထက်တန်းကျောင်း ၅ ကျောင်းတို့တည်ရှိသည်။ သင်္ဃန်းကျွန်းပညာရေးကောလိပ်၊ ရန်ကုန်သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် နှင့် စံပြဈေး အစရှိသည့် အထင်ကရအမှတ်အသားသည် သင်္ဃန်းကျွန်းမြို့နယ်တွင် အရေးပါသော အဆောက်အဦးများဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသားအားကစားကွင်း သုဝဏ္ဏဘောလုံးကွင်းကြီးရှိသော မြို့နယ်လည်းဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၏ အခြားထင်ရှားသောနေရာများမှာ ကျိုက္ကဆံဘုရားလမ်းပေါ်ရှိ ကျိုက္ကဆံဘုရား၊ ကျောက်စာတိုက်လမ်းရှိ သံယုတ်ဘုန်းကြီးကျောင်း နှင့် သီရိမာလာလမ်းပေါ်ရှိ စိန့်ဂျိုးဇက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့သည် ရန်ကုန်မြို့၏ ရှေးဟောင်း အမွေအနှစ်များအဖြစ် ယနေ့တိုင် တည်ရှိလျက်ရှိသည်။ အချုပ်အားဖြင့်ဆိုသော် သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အားကစားနယ်မြေကို ပိုင်ဆိုင်ထားသည့်မြို့နယ်ဖြစ်သလို တိုက်ခန်း၊ ကွန်ဒို နှင့် လုံးချင်းအိမ်များလည်း အများအပြားရှိသော မြို့နယ်တစ်ခုဖြစ်သည်။

သင်ျဃနျးကြှနျးရှိရောင်းရန်အိမ်ခြံမြေများ

သင်ျဃနျးကြှနျးရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)