လှိုင်မြို့နယ်

လှိုင်မြို့နယ်သည် အကျယ် ၁၃.၇ ကီလိုမီတာရှိပြီး ရပ်ကွက်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။ မြို့နယ်၏ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ အရှေ့ဘက်တွင် အင်းယားကန်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် အရှေ့ဘက်တွင် လှိုင်သာယာမြို့နယ်တို့ဖြင့် ဝန်းရံတည်ရှိသော မြို့နယ် ဖြစ်သည်။ မူလတန်းကျောင်း ၃၂ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်းနှင့် အထက်တန်း ကျောင်း ၄ တို့ရှိသည်။ ရန်ကုန်မြို့၏ အဓိက လမ်းမကြီး သုံးခုတွင် အဓိကပါဝင်သည့် အင်းစိန်လမ်းမ၊ ပြည်လမ်းမ၊ ဗဟိုလမ်းမတို့ ဖြတ်သန်းသွားသောမြို့နယ်လည်း ဖြစ်သည်။ အများပြည်သူ အပန်းဖြေအနားယူရန်အတွက် အင်းယားကန်ဘောင်နှင့်လည်း အနီးစပ်ဆုံးတည်ရှိသောမြို့နယ် လည်းဖြစ်သည်။ မြန်မာနိုင်ငံ အင်ဂျင်နီရာများအသင်းရုံးနှင့် MICT Park တို့ တည်ရှိပြီး မြန်မာ့ဆက်သွယ်ရေးများထဲက တစ်ခုဖြစ်သည့် အော်ရီဒူး ရုံးချုပ်တို့သည် လှိုင်မြို့နယ်တွင် တည်ရှိသည်။ အဓိကလမ်းမကြီးပေါ်တွင်တည်ရှိသော လှိုင်မြို့နယ်သည် သွားလာရလွယ်ကူအဆင်ပြေသောမြို့နယ် ဖြစ်သလို သင်တန်းအများအပြားတက်ရောက်ရန် လွယ်ကူ အဆင်ပြေသည့် လှည်းတန်းလမ်းဆုံနှင့်လည်း အနီးကပ်ဆုံးတည်ရှိသောမြို့နယ်ဖြစ်သည်။ လူနေတိုက်ခန်းများ အများအပြားရှိပြီး လူနေထူထပ်ပြီး ယာဉ်လမ်းကြော ရုံးဆင်းရုံးတက်ချိန်တို့တွင် လမ်းကြောကြပ်သော မြို့နယ်များထဲတွင် လှိုင်မြို့နယ်သည် တစ်ခုအပါအဝင် ဖြစ်ပေသည်။

လှိုင်ရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)