တောင်ဥက္ကလာပမြို့နယ်

၁၉၅၉ ခုနှစ်တွင် အသစ်တိုးချဲ့ခဲ့သောမြို့သစ်များထဲကတစ်ခုဖြစ်သည့် တောင်ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ဘက်တွင်တည်ရှိပြီး ၇.၇၀ ကီလိုမီတာကျယ်ဝန်းသည်။ မြို့နယ်၏မြောက်ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့်သင်္ဃန်းကျွန်းမြို့နယ်တို့တည်ရှိသည်။ ရပ်ကွက်ပေါင်း ၁၃ ခုရှိပြီး မူလတန်းကျောင်း(၂၄) ကျောင်း၊ အလယ်တန်းကျောင်း(၁) ကျောင်းနှင့် အထက်တန်းကျောင်း(၃) ကျောင်းရှိသည်။ တောင်ဥက္ကလာပမြို့နယ်၏ အရေးပါသော တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံ ကြီးသည်လည်း မြို့နယ်၏ ကျန်မာရေးစောင့်ရှောက်မှုတွင် အရေးပါသော ဆေးရုံကြီးဖြစ်သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများထဲတွင် အပါအဝင်ဖြစ်သည့် ဝေဇယန္တာလမ်း နှင့် ပါရမီလမ်းမတို့ ဖြတ်သန်းသွားသော မြို့နယ်ဖြစ်သည်။ ရန်ကုန်မြို့တွင်း ပို့ဆောင်သွားလာရေးအတွက် အရေးပါသည့် ပါရမီ ကားကြီးဝန်း တည်ရှိသည့်မြို့နယ်လည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် တောင်ဥက္ကလာပမြို့နယ် သည် ရန်ကုန်မြို့၏ လူနေထူထပ်မှုမရှိသေးသော မြို့နယ်များထဲက တစ်ခုဖြစ်ပြီး မြေကွက်များ၊ လုံးချင်းအိမ်များ အများအပြား ကျန်ရှိနေသေးသည့် မြို့နယ်ဖြစ်သည်။

တောင်ဥက္ကလာပရှိရောင်းရန်အိမ်ခြံမြေများ

တောင်ဥက္ကလာပရှိငှားရန်အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine