ဒလမြို့နယ်

ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင်တည်ရှိပြီးသင်္ဘောဖြင့် ၁၀ မိနစ်ခန့်သွားလျင် ရောက်ရှိနိုင်သော မြို့နယ်ဖြစ်သည် ။ ရှေးသမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ တောင်ဖက်စွန်းခံတပ် ဖြစ်ခဲ့သည့် နေရာဖြစ်သည် ။ ယခင်ကကျေးရွာအဖြစ်သာရှိခဲ့သောဒလမြို့နယ်သည် ၁၉၇၄ ခုနှစ်ကရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်ကော်မတီအတွင်း ထည့်သွင်းခဲ့တာကြောင့် မြို့နယ်အဖြစ်သို့ ရောက်ရှိခဲ့သည် ။ ဒလမြို့နယ်၏ အနောက်ဘက်တွင် တွံ့တေးတူးမြောင်းနှင့် မြောက်ဘက်တွင် ရန်ကုန်မြစ်တို့ ဆက်သွယ်စီးဆင်းသည် ။ ဒလမြို့နယ်သည် ၂၈.၃ ကီလိုမီတာကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုနှင့် ရွာပေါင်း ၄၅ ရွာတို့ဖြင့်ဖွဲ့စည်းထားသည် ။ ထိုမြို့နယ်မှတဆင့် တွံ့တေး ၊ ကော့မှူး ၊ ကွမ်းခြံကုန်း ၊ ဒေးဒရဲ့ ၊ ဖျာပုံ နှင့် ကျိုတ်လတ်မြို့များသို့ ဒလမှ တဆင့် အဓိကချိတ်ဆက် သွားလာနိုင်သည် ။ အချုပ်အားဖြင့်ဆိုသော် ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင် ရှိသော မြို့နယ်တစ်ခုဖြစ်သော်လည်း သဘောင်္ဖြင့်အလွယ်တကူသွားလာနိုင်ပြီးမြေကွက်လွတ်များစွာကျန်ရှိနေသေးသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပေသည် ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)