အရှေ့တောင်အာရှနိုင်ငံများ COVID-19 ကာကွယ်ဆေးထိုးနိုင်ရန် သြစတေးလျကဒေါ်လာသန်း ၅၀၀ ထောက်ပံ့မည်
အရှေ့တောင်အာရှနိုင်ငံများ COVID-19 ကာကွယ်ဆေးထိုးနိုင်ရန် သြစတေးလျကဒေါ်လာသန်း ၅၀၀ ထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
3 Nov 2020 11:17 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လာမည့် ၃ နှစ်တာကာလအတွင်းပစိဖိတ်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပြည်သူအားလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးမည့် စီမံကိန်းများလုပ်ဆောင်နိုင်ရန် သြစတေးလျက ပြည်ပအကူအညီအဖြစ် ဒေါ်လာဘီလီယံဝက်ခန့် သုံးစွဲရန် ကတိပြုသွားမည် ဖြစ်သည်။
ဝန်ကြီးချုပ် မော်ရစ်ဆင်၏ အစိုးရအဖွဲ့သည် ပစိဖိတ်ကျွန်းနိုင်ငံငယ်ကလေးများမှ အများစုတွင် လက်ရှိအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသေးသော်လည်းကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်လာနိုင်မှု အလားအလာအပေါ် များစွာရတက်မအေးဖြစ်နေသည်။
တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခဲ့သည့် ကပ်ဘေးကြီးကြောင့် နိုင်ငံများစွာတွင် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးအထူးသဖြင့် Vanuatu နှင့် Fiji ကဲ့သို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုအခြေပြုသည့် ကျွန်းနိုင်ငံငယ်ကလေးများတွင် ဖြစ်သည်။
အဆိုပါကျွန်းနိုင်ငံငယ်ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းတို့၏ မဖွံ့ဖြိုးသေးသောကျန်းမာရေးစနစ် ပြိုလဲမည်ကိုစိုးရိမ်သောကြောင့် ယခုနှစ် ဧပြီလမှစတင်ပြီး ပြည်ဝင်ခွင့်များပိတ်ပင်ခဲ့ရသည်။
အကူအညီပေးသည့် အုပ်စုများကသတိပေးခဲ့ရာတွင် အကျိုးဆက်အားဖြင့် ဒေသတွင်းရှိ ပြည်သူ ၂ ဒသမ ၈ သန်းကျော်မှာတစ်ရက်လျှင် ကန်ဒေါ်လာ ၂ ဒေါ်လာအောက် နည်းပါးသောဝင်ငွေဖြင့် ရှင်သန်ကြရလိမ့်မည်ဖြစ်ကြောင်းသတိပေးသည်။
နိုင်ငံခြားရေးဝန်ကြီးMarisePayne ကပြောရာတွင်အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသစ်ကိုမောင်းနှင်ပေးသည့် အင်ဂျင်ဖြစ်ကြောင်း၊ အဆိုပါဒေသ၏ စီးပွားရေးကိုအဆောတလျင် နာလံထူနိုင်အောင် လုပ်ဆောင်ပေးခြင်းသည် သြစတေးလျနှင့် အခြားနိုင်ငံများ၏ စီးပွားရေးလှုပ်ရှားမှုများနှင့် အလုပ်အကိုင်များ ပြန်လည်ရှင်သန်လာစေရန် လှုံ့ဆော်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီးကဆက်လက်ပြောကြားရာတွင် ပစိဖိတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ဘေးကင်းကာထိရောက်သော COVID-19 ကာကွယ်ဆေးများရရှိစေရန် ပံ့ပိုးပေးခြင်းသည် ဒေသတွင်း ပြန်လည်ရုန်းထနိုင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့ ကူညီခြင်းသည် သြစတေးလျ၏ ကျန်းမာရေးနှင့် စီးပွားရေး ပြန်လည်နာလံထူစေရန်လည်းဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
မစ္စ ပိန်းက ဖြည့်စွက်ပြောကြားသည်မှာဒေသတွင်းတွင် ကာကွယ်ဆေးရရှိရေးနှင့် ကျန်းမာရေးလုံခြုံမှုခြေလှမ်းတွင် အလွန်ဝေးကွာသောနေရာများအထိကာကွယ်ဆေးထိုးခြင်းစီမံကိန်းရောက်ရှိနိုင်စေရေးအတွက် ဘေးကင်းကာထိရောက်သည့် ကာကွယ်ဆေးများပံ့ပိုးပေးခြင်းနှင့် နည်းပညာပိုင်းအကူအညီပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်းပြောကြားသည်။
တရုတ်ပြည်သည် ဒေသတွင်းတွင် သြဇာလွှမ်းနိုင်ရန် ကြိုးပမ်းလာနေပြီး ပြီးခဲ့သောလအတွင်းကာကွယ်ဆေးသံတမန်ခင်းမှုကိုအားသွန်ခွန်စိုက်လုံးပန်းလာနေခဲ့မှုများပေါ်ပေါက်ခဲ့သည်။
တရုတ်ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုအရှေ့တောင်အာရှ ၅ နိုင်ငံသို့ ဦးစားပေးရရှိစေမည်ဟုကတိပြုခဲ့ပြီးနောက်ပိုင်း သြစတေးလျ၏ ယခုခြေလှမ်းပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
သြစတေးလျသည် ပစိဖိတ်ဒေသတွင်းတွင် အကူအညီများပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီးတရုတ်ကလည်းဒေသတွင်းတွင် ငွေကြေးသုံးစွဲမှု ကတိကဝတ်များလျင်မြန်စွာ မြင့်တက်လာခဲ့သည်။ အထူးသဖြင့် နိုင်ငံပိုင်ကုမ္ပဏီများမှတဆင့် ချေးငွေများထုတ်ပေးခြင်းဖြစ်ပြီးအဆိုပါချေးငွေများသည် အတိုးဖြင့် ပြန်လည်ပေးဆပ်ရသောချေးငွေများလည်း ဖြစ်သည်။
သြစတေးလျသည် ပါပူအာနယူးဂီနီ၊ ဆော်လမွန်ကျွန်းစုများ၊ Vanuatu ၊ ဖီဂျီ၊ ဆာမိုအာ၊ တွန်ဂါ၊ ပစိဖိတ်ဒေသရှိတူဗာလူနှင့် ကီရီဘာတီ၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိထိခိုက်လွယ်သည့် အန္တရာယ်များသော ပြည်သူများကိုကာကွယ်ဆေးထိုးပေးရေးအတွက် Gavi နိုင်ငံတကာကာကွယ်ဆေးမိတ်ဖက်အဖွဲ့သို့ ဒေါ်လာသန်း ၈၀ လည်း လှူဒါန်းခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Australia commits $500m for COVID-19 vaccine for the Pacific and south-east Asia (Sydney Morning Herald) (smh)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service