လာ့စ်ဗီးဂပ်ရှိ မင်္ဂလာအခမ်းအနားများကျင်းပရာ ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

လာ့စ်ဗီးဂပ်ရှိ မင်္ဂလာအခမ်းအနားများကျင်းပရာ ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Apr 2019 12:07 pm တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်စ်မြို့တွင် မင်္ဂလာအခမ်းအနားများကျင်းပရာ ဘုရားကျောင်းကြီး ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါဘုရားကျောင်းသည် ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထည့်သွင်းရိုက်ကူးခြင်းခံခဲ့ ရသည့်နေရာတစ်ခု ဖြစ်သည်။

ထို့အပြင် ဖရန့်ခ် စီနာထရာ၊ ဂျူဒီ ဂါလန်နှင့် ဘရစ်တ်နေစပီးယားတို့၏ မင်္ဂလာအခမ်းအနားများ ကျင်းပခဲ့သည့်နေရာလည်း ဖြစ်၏။

ယခုအခါ ကန်ဒေါ်လာ ၁၂ သန်းဈေးခေါ်ကာ ရောင်းချလာသည်။

Little White Chapel ဟု အမည်ပေးထားသော အဆိုပါဘုရားကျောင်းကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် “Tunnel of Love” ဟူသော လက်ထပ်မင်္ဂလာဘုရားကျောင်း တိုးချဲ့ဆောက်လုပ်ခဲ့သည်။

ပိုင်ရှင်မှာ ချားလော့ထ် ရစ်ချတ်ဆိုသူဖြစ်ပြီး ဘုရားကျောင်းကို ၆၈ နှစ်ခန့် ပိုင်ဆိုင်လည်ပတ်ခဲ့သည်။

ရစ်ချတ်က ကန်ဒေါ်လာ ၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က အခန်းတစ်ခန်းသာ ပါဝင်ခဲ့သည်။

နောက်ပိုင်းတွင်မူ မွမ်းမံဖြည့်စွက်ဆောက်လုပ်မှုများစွာပြုလုပ်ခဲ့သည်။

မင်္ဂလာအခမ်းအနားတွင် ချက်ချင်းဝတ်ဆင်နိုင်မည့် ဝတ်စုံများ၊ ညစာစားပွဲဝတ်စုံများ ငှားရမ်းပေးခြင်း၊ ပန်းပြင်ဆင်ခြင်း ဝန်ဆောင်မှုပေးခြင်း၊ အဲလ်ဗစ်ပရက်စလေဟန် ဝတ်ဆင်ထားသူတို့၏ သီဆိုဖျော်ဖြေမှုများ၊ မင်္ဂလာအခမ်းအနား လက်ခံကျင်းပပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဘုရားကျောင်း အဆောက်အအုံ ၅ ခုပါဝင်ပြီး အချို့ကို နာမည်ကျော်တို့အတွက်နှင့် အချို့ကို သာမာန်ပုဂ္ဂိုလ်တို့ မင်္ဂလာဆောင်ကျင်းပရန် အသုံးပြုသည်။

Little White Chapel တွင် Patty Duke, James Caan, Rita Hayworth, Mickey Rooney (twice), Michael Jordan, Mary Tyler Moore, and even Paul Newman and Joanne Woodward တို့အပြင် အခြားနာမည်ကျော်များစွာလည်း ထိမ်းမြားမင်္ဂလာဆောင်နှင်း ခဲ့ကြဖူးသည်။

ပိုင်ရှင်က ပြောကြားရာတွင် သူမ၏ ဘုရားကျောင်းမှ ဝန်ထမ်းများသည် ပျော်ရွှင်နေကြသော စုံတွဲပေါင်း ၁ သန်းကျော်၏ ထိမ်းမြားမင်္ဂလာပွဲများကို တွေ့ကြုံခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ယခုဘုရားကျောင်းတွင် စစ်သည်တို့ ထိမ်းမြားမင်္ဂလာဆောင်နှင်းပါက အခကြေးငွေ တောင်းခံခဲ့ခြင်းမရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

“ကျွန်မအနေနဲ့ အနားယူဖို့ လိုနေပါပြီး။ တခြားတစ်ဦးကို လွှဲပြောင်းလုပ်ကိုင်စေမှာပါ”ဟု ရစ်ချတ်က ပြောကြားသည်။

ဘုရားကျောင်းခြံဝန်းအကျယ်မှာ ၁ ဧကခန့်ရှိပြီး Savi Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ စတိဗ် ခါလီဇာဒီဂန်က ဈေးကွက်တင်ပေးထားသည်။

မကြာသေးမီက အဆိုပါဒေသအနီးဝန်းကျင်ရှိ မြေကွက်တစ်ခုကို တစ်ဧကလျှင် ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ရောက်ရှိခဲ့ဖူးသည်။

“လည်ပတ်နေပြီးသား လုပ်ငန်းတစ်ခုရှိတဲ့အပြင် ကမ္ဘာကသိတဲ့နာမည်တစ်ခုရှိနေလျက်ရှိ ဒီဈေးနဲ့ အရောင်းတင်လာတဲ့အပေါ် ကျွန်တော်တော့ တော်တော်အံ့အားသင့်မိပါတယ်”အကျိုးဆောင် ခါလီဇာဒီဂန်က ပြောကြားသည်။

“လာ့စ်ဗီးဂပ်စ်ရဲ့ ဒီလိုအထင်ကရတစ်ခု အရောင်းဈေးကွက်ဝင်လာဖို့ဆိုတာ သိပ်ကို ရှားပါးပါတယ်”ဟု ခါလီဇာဒီဂန်က ဆက်လက်ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service